“ပြည့်ဝကောင်းမွန်သော အလင်း”
“ပြည့်ဝကောင်းမွန်သော အလင်း”
အတန်ကြာထွန်းထားသော လျှပ်စစ်မီးသီးကို သင်ထိတွေ့ဖူးပါက၊ ၎င်းသည် အလွန်ပူနိုင်ကြောင်း သင်သိရှိသည်။ မီးသီးမှထုတ်လွှတ်သောအပူသည် ကုန်ခန်းစွမ်းအင်မှ ဖြစ်ပေါ်လာသည်။ သာမန်မီးသီးတစ်လုံးသည် သူ့စွမ်းအင်၏ ၁၀ ရာခိုင်နှုန်းကိုသာ အလင်းအဖြစ်ထုတ်လွှတ်ကာ ၉၀ ရာခိုင်နှုန်းသည် အပူရှိန်အဖြစ်ကုန်ခန်းသွားသည်။ နှိုင်းယှဉ်ကြည့်လျှင်၊ ပိုးစုန်းကြူးဟုခေါ်သော အလင်းထုတ်လွှတ်သည့် ပိုးကောင်ငယ်ကလေးသည် (ပုံကြီးချဲ့ထားသော အပေါ်ပုံကိုရှု) ၁၀၀ ရာခိုင်နှုန်းနီးပါးခန့်အလင်းကို ထုတ်လွှတ်ပေးနိုင်သည်။
သူတို့ထုတ်လွှတ်သောအလင်းကို “ပြည့်ဝကောင်းမွန်သောအလင်း” ဟု အမည်ပေးထားရာ ပိုးစုန်းကြူးကလေးများသည် အပူရှိန်အဖြစ် အလွန်နည်းသောစွမ်းအင်ကိုသာ ကုန်စေကြသည်။ မည်သို့အားဖြင့်နည်း။ ပိုးစုန်းကြူးလေးတစ်ကောင်၏ ဝမ်းဗိုက်ပိုင်းသည် လူဆီဖာရင် (luciferin) ဟုခေါ်သော ဇီဝအခြေခံဝတ္ထု ပါဝင်သည်။ အောက်စီဂျင်သည် ဝမ်းဗိုက်လေပြွန် (The abdominal trachea) ဟုခေါ်သော ပြွန်တစ်ခုကို ဖြတ်သန်းကာ ဝမ်းဗိုက်အတွင်းပိုင်းသို့ရောက်ရှိချိန်တွင် လူဆီဖာရင်ဖြင့် ပေါင်းစပ်သွားပြီး၊ ဓာတုတုံ့ပြန်မှုသည် အဝါရောင်ဖျော့မှ နီကျင်ကျင်အစိမ်းရောင်ရှိအလင်းမျိုး ထုတ်လွှတ်ပေးသည်။
ပိုးစုန်းကြူး၏အလင်းကိုထုတ်သောဆဲလ်များတွင် ယူရစ်အက်ဆစ် ဖန်သတ္တုများလည်းပါဝင်သည်၊ ယင်းက ပိုးကောင်၏ဝမ်းဗိုက်ပိုင်းမှ အခြားသို့ အလင်းရောင်ပြန်ဟပ်စေရန် ကူညီပေးသည်။ ပိုးစုန်းကြူးလေးများသည် သူတို့၏အလင်းကို မိတ်ဖက်များအားဆွဲဆောင်ရန် အသုံးပြုပြီး ထိုကွဲပြားသော ပိုးစုန်းကြူးမျိုးစိတ်များသည် ကွဲပြားသောပုံစံများနှင့် ပုံမှန်စည်းချက်များဖြင့် ထွန်းလင်းသည်ဟု သိပ္ပံပညာရှင်များကဆိုသည်။
ဤသေးငယ်သောသတ္တဝါလေးများကို ပြုလုပ်ထားပုံက သူတို့၏ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်အား ချီးမွမ်းနေကြောင်း သင်သဘောတူမည်မဟုတ်ပေလော။ မှန်ပါသည်၊ ဆာလံဆရာ ကြွေးကြော်ခဲ့သကဲ့သို့ “အသက်ရှိသောသူအပေါင်းတို့သည် ထာဝရဘုရားကိုချီးမွမ်းကြစေ။”—ဆာလံ ၁၅၀:၆။
[Picture Credit Line on page 23]
© Darwin Dale/Photo Researchers, Inc.