မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့၏ စာရှုသူများထံမှ

ကျွန်ုပ်တို့၏ စာရှုသူများထံမှ

ကျွန်ုပ်​တို့၏ စာရှုသူ​များ​ထံ​မှ

အလုပ်​တွင် လုံခြုံမှု “အလုပ်​တွင် မည်မျှ လုံခြုံမှု​ရှိ​သနည်း” (ဖေဖော်ဝါရီ ၂၂၊ ၂၀၀၂ [လိပ်]) မျက်နှာဖုံး​အခန်းဆက် ဆောင်းပါး​တွေ​အတွက် ကျေးဇူး​တင်​ပါ​တယ်။ ဒီ​ဆောင်းပါး​တွေ​ကို မဖတ်​ခင်​တစ်ရက်​က အလုပ်မှာ တော်တော်လေး​ကို အခြေအနေ​တင်းမာ​ခဲ့တယ်။ သင်တို့ရဲ့ မဂ္ဂဇင်း​မှာ ဖော်ပြ​ထား​တဲ့​အတိုင်း နူးညံ့​သိမ်မွေ့စွာ တုံ့ပြန်​ခြင်း​ဟာ အကောင်းဆုံး အကြံပြုချက်​ဖြစ်တယ်​ဆိုတာ ကျွန်မ​စဉ်းစား​မိတယ်။ နံနက်​စောစော​နဲ့ ညဘက်​အရမ်း​နောက်ကျ​တဲ့​အထိ အလုပ်​လုပ်ခြင်း​ဟာ အန္တရာယ်​ရှိတဲ့​အကြောင်း ဖော်ပြ​ထား​တဲ့​အချက်​က​လည်း တကယ်​မှန်တယ်။ တစ်နေ့​က အဲ့ဒီ​လို​အလုပ်လုပ်ဖို့ ကျွန်မ​ကို ဖိအားပေး​ခဲ့တယ်၊ ဒါပေမဲ့ ကျွန်မ ငြင်း​ခဲ့တယ်။ မဂ္ဂဇင်း​ဖတ်​ကြည့်​တဲ့​အခါ ကျွန်မ အဲ့ဒီ​လို​ငြင်း​ခဲ့​တဲ့​အတွက် အတော်​ဝမ်းသာ​မိ​ခဲ့တယ်!

အမ်. အိပ်ခ်ျ.၊ ဂျပန်

လူငယ်များ​အမေး “လူငယ်များ​အမေး . . . ကျောင်းနေ​ဖက်​တစ်ဦးဦး​နှင့်​တွေ့လျှင် မည်သို့​ပြု​မည်​နည်း” (ဖေဖော်ဝါရီ ၂၂၊ ၂၀၀၂ [လိပ်]) ဆောင်းပါး​ကို ကျွန်တော် ဖတ်​ပြီး​ရုံ​ပဲ​ရှိသေးတယ်။ အထက်တန်း​ကျောင်းသား​တစ်ဦး​ဖြစ်​ပြီး အချိန်ပြည့် ဧဝံဂေလိ​ဟော​သူ​တစ်ဦး​လည်း​ဖြစ်​တဲ့ ကျွန်တော်​ဟာ ဆောင်းပါး​မှာ ကိုးကား​ထား​တဲ့ ဆိုင်​မွန်​လို​ပဲ ကျွန်တော်​လည်း မကြာခဏ​ခံစား​ခဲ့​ရတယ်။ အမှုဆောင်ထွက်​တဲ့​အခါ ကျောင်း​ကလူ​တွေ​နဲ့ မ​တွေ့​ပါစေ​နဲ့​လို့ ကျွန်တော်​လည်း တမ်းတ​ခဲ့​ဖူး​တယ်။ တကယ်​ကောင်း​တဲ့ ဒီ​ဆောင်းပါး​ဟာ ယေဟောဝါ​ဆီက သတိပေး​ချက်​တစ်ခု​ဖြစ် ခဲ့တယ်။ အဲ့ဒီ​အတွက် ကိုယ်တော်​ကို ကျေးဇူး​တင်​ပါ​တယ်။

အက်စ်. အက်စ်.၊ အမေရိကန်​ပြည်ထောင်စု

ကျွန်တော် အသက် ၁၄ နှစ်​ရှိပါ​ပြီ၊ ကျွန်တော်​သက်သေခံတဲ့ ရပ်ကွက်မှာ ကျောင်းနေ​ဖက်​တွေ​နဲ့​တွေ့​မှာ​ကို စိုးရိမ်​ခဲ့တယ်။ တံခါး​ခေါင်းလောင်း​ကို နှိပ်​လိုက်တဲ့အခါ ယေဟောဝါ ကျွန်တော့်​ကို​ကူညီ​ပေး​မယ်​ဆိုတာ သိ​ရတဲ့​အတွက် နှစ်သိမ့်မှု​ရတယ်။ ဒီ​ဆောင်းပါး​က ကျွန်တော့်​ကို ခွန်အား​ဖြစ်စေ​ခဲ့တယ်။

အမ်. အယ်​လ်.၊ အီတလီ

ပီကေ​ဝါး​ခြင်း “ပီကေ​ဝါး​ခြင်း—ခေတ်ပေါ်၊ သို့သော် ရှေးကျ” (ဖေဖော်ဝါရီ ၂၂၊ ၂၀၀၂ [လိပ်]) ဆောင်းပါး​အတွက် ကျေးဇူး​တင်​ပါ​တယ်။ ပီကေ​ဝါး​တာ​ကို ကျွန်မ​ကြိုက်တယ်၊ ဒါပေမဲ့ ပီကေ​ဝါး​တိုင်း​လို​လို အမှတ်တမဲ့ မျိုချ​မိတယ်။ ဒီ​ဆောင်းပါး​က ပီကေ​ကို မ​မျိုချ​ဖို့ သတိပေး​ခဲ့တယ်။ သင်တို့ရဲ့ အကြံပေး​ချက်​ကို ကျွန်မ​လိုက်နာမယ်!

ကေ. ဘီ.၊ ထိုင်း

မာ​ဆိုင်း ထူးခြား​ပြီး စိတ်ဝင်စားဖွယ်​ကောင်းသော လူမျိုး” (ဖေဖော်ဝါရီ ၂၂၊ ၂၀၀၂ [လိပ်]) ဆောင်းပါး​အတွက် အထူး​ကျေးဇူး​တင်​ပါ​တယ်။ ကျွန်မ ငယ်ငယ်​လေး​ကတည်းက ကင်​ညာ​နိုင်ငံ​ကို သွားလည်​ချင်​ခဲ့​တာ၊ အခုလည်း သွား​ချင်​တုန်း​ပဲ။ မာ​ဆိုင်း​လူမျိုး​တွေ​ရဲ့ ယဉ်ကျေးမှု​နဲ့ ဓလေ့​ထုံးစံတွေ​ကို တော်​တော်​များများ​လေ့လာ​ခဲ့​ပေမဲ့ သူတို့​ထဲမှာ ယေဟောဝါသက်သေ​တွေ​ရှိတယ်ဆိုတာ​ကို မသိခဲ့ဘူး။ ကျွန်မ​က အခု အချိန်ပြည့် ဧဝံဂေလိတရား​ဟောတဲ့​သူပါ၊ တစ်နေ့​နေ့မှာ ကင်​ညာ​မှာ​ကျင်းပ​တဲ့ စည်းဝေးကြီး​တစ်ခု​ကို တက်ရောက်​ဖို့ ရည်ရွယ်​ထား​ပါ​တယ်။ ကျေးဇူးပြု​ပြီး အာဖရိက​တိုက် အကြောင်း​တွေ​ကို ထပ်​ပြီး ထုတ်ဝေ​ပေး​ပါ။

ဝိုင်. အိတ်ခ်ျ.၊ ဂျပန်

လင်းပိုင်​များ ကျွန်မ​အသက် ၁၄ နှစ်​ပါ၊ “န​ယူးဇီ​လ​န်​တွင် လင်းပိုင်​များ​ကို ရှာပုံတော်ဖွင့်​ခြင်း” (ဇန်နဝါရီ ၈၊ ၂၀၀၃) ဆောင်းပါး​အတွက် ကျေးဇူး​အများကြီး​တင်​ပါ​တယ်။ အဲ့ဒီ​ဆောင်းပါး​ကြောင့် ကျွန်မ အရမ်း​စိတ်​လှုပ်ရှား​ခဲ့တယ်။ အချက်အလက်​တွေ​က အရမ်း​ကောင်းတယ်၊ အံ့ဩစရာ​ကောင်းပြီး အသိဉာဏ်​ရှိတဲ့ အဲ့ဒီ​သတ္တဝါ​တွေ​ကို ဖန်ဆင်း​ခဲ့​တဲ့ ယေဟောဝါ​ရဲ့​တန်ခိုးတော် ဘယ်လောက် စိုးရွံ့ဖွယ်​ကောင်းတယ်​ဆိုတာ​ကို ဖော်ပြ​ထား​တယ်။ လင်းပိုင်​တွေ​ဟာ ကျွန်မ​အနှစ်သက်ဆုံး သတ္တဝါ​ဖြစ်​တဲ့​အတွက် သူတို့​အကြောင်း ပို​သိအောင်​လေ့လာ​နိုင်​မယ့် ဘုရားသခင့်​ကမ္ဘာသစ်​ကို ကျွန်မ မျှော်လင့်​နေပါတယ်။

အေ. ကေ.၊ ဩစတြေးလျ

ကျွန်မ အသက် ၁၅ နှစ်​ရှိပါ​ပြီ၊ တိရစ္ဆာန်​တွေ​ကို ကျွန်မ​ချစ်တယ်။ ကြော့​ကြော့​မော့​မော့​ရေကူး​ကြ​တဲ့ လင်းပိုင်​တွေ​ကို ကျွန်မ အထူး​စိတ်ဝင်စား​တယ်။ ဒီ​ဆောင်းပါး​ကို ဖတ်​ပြီး​တဲ့​နောက် ယေဟောဝါ​ဘုရားသခင်​ကို ကျေးဇူး​တင်​လာတယ်။ ကိုယ်တော်​ဖန်ဆင်း​ထား​တဲ့ သဘာဝတရား​နဲ့ တိရစ္ဆာန်​တွေ​ကို ထိန်းသိမ်း​စောင့်ရှောက်​ချင်​လာတယ်။

အေ. အန်.၊ ဂျပန်

အယ်ဒီတာ​၏ ပြန်လည်​ဖြေကြားချက် “ကျွန်ုပ်​တို့၏ စာရှုသူ​များ​ထံ​မှ” ကဏ္ဍ​မှာ အခါ​အား​လျော်​စွာ​ဖော်ပြ​တဲ့ စာ​တွေ​အပေါ် သင်တို့ရဲ့ တုံ့ပြန်မှု​အတွက် ချီးမွမ်း​ရမယ်။ ကျွန်မ​တို့​ရဲ့ ဒေသခံ​သတင်းစာ​အယ်ဒီတာ​ဟာ သူ​အမှား​ထုတ်ဝေ​မိရင်တောင် သူ့​ဆီ​စာရေး​တဲ့​သူတွေ​အပေါ် ကြမ်းတမ်း၊ ရိုင်းစိုင်း​ပြီး ထေ့ငေါ့​ပြောဆို​တတ်​သူ​လို့ နာမည်ကြီး​တယ်။ မဂ္ဂဇင်း​ရဲ့ ဂုဏ်​သိက္ခာ​နဲ့​လိုက်ဖက်​ပြီး စာဖတ်သူ​ကို ထောက်ထား​စာနာမှု​ရှိတဲ့ နိုးလော့!အယ်ဒီတာ​ရဲ့ တုံ့ပြန်​ပုံ​ကို​တွေ့ရ​တာ​ဟာ နှစ်သက်စရာ​ပါ။

ကေ. ဒဗလျူ.၊ အမေရိကန်​ပြည်ထောင်စု