မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သတင်းစာနယ်ဇင်း၏ အခန်းကဏ္ဍ

သတင်းစာနယ်ဇင်း၏ အခန်းကဏ္ဍ

သတင်းစာ​နယ်​ဇင်း​၏ အခန်းကဏ္ဍ

“စ​ကွပ်​စ်​သတင်းစာ​လုပ်ငန်းကြီး​ကို​တည်ထောင်သူ အက်​ဒွက် ဝေ​လ်စ် စ​ကွပ်​စ်​က အမေရိက​၌ သတင်းစာ​နယ်​ဇင်း​၏​အခန်းကဏ္ဍ​သည် ဖိစီးမှု​ခံရ​သူတို့ကို နှစ်သိမ့်​ရန်​နှင့် ကိုယ့်​အယူအဆ​နှင့်​ကိုယ် ဇိမ်ကျ​နေသူတို့​ကို ဆွပေး​ရန်ဖြစ်​ကြောင်း တစ်ချိန်က ပြော​ခဲ့​ဖူး​သည်” ဟု အိမ်ဖြူတော်​၏​စာနယ်ဇင်း​အတွင်းရေးမှူး​ဟောင်း မိုက်က် မက်​က​ရီ​က​ဆို​သည်။ ထပ်ဆင့်၍ သူက “သင်သည် လူ​တို့ကို မသိဘဲ​နှင့် သူတို့အား မ​နှစ်သိမ့်​ပေး​နိုင်​သလို မ​ဆွပေး​နိုင်​ပါ” ဟု​ပြောဆို​ခဲ့​သည်။

“ကမ္ဘာ​တစ်ဝန်း​တွင် အဘယ်အရာ​ဖြစ်ပျက်​နေကြောင်း သိ​နားလည်​ဖို့​အတွက် ကျွန်ုပ်​တို့၏​လုပ်ထုံး​လုပ်​နည်း​သည် မပြည့်စုံ​ချေ၊ အကြောင်း​မှာ ကျွန်ုပ်​တို့၏ [ယူ.အက်စ်.] သတင်းစာ​နယ်​ဇင်း​သည် နိုင်ငံတကာ​သတင်းကို ဖော်ပြ​မပေး​သောကြောင့်​ဖြစ်သည်​ဟု [မက်​က​ရီ]က ဝေဖန်​ခဲ့​သည်။” ဝမ်းနည်းစရာမှာ ယူ.အက်စ်. သတင်းစာ​နယ်​ဇင်း​က “အမေရိကန်​နိုင်ငံသား​များသည် ကမ္ဘာ့​ရေးရာ​သတင်း​မျာ​နှင့်​ပတ်သက်​၍ မသိ​လို​ကြ ” ဟု ယူမှတ်​ထားခြင်း​ဖြစ်သည်။—လစဉ်​ထုတ်​ဂ​ရ့ပ်ဖ် အာတ်စ်။

နိုးလော့! တွင် ကမ္ဘာ​တစ်ဝန်း​မှ စာရေးသူ​များ​ရှိပြီး ရည်မှန်းချက်​မှာ ၎င်းကို ဖတ်ရှု​သူတို့အား လတ်တလော​ဖြစ်ရပ်​အကြောင်း​သာမက သိပ္ပံ​နှင့် လူမှုရေး​အကြောင်းအရာများ​ကဲ့သို့​သော အကြောင်း​များ​ကို​ပါ သိရှိ​စေရန်​ဖြစ်သည်။ ယင်းက မေတ္တာ​ရှိသော​ဖန်ဆင်း​ရှင်​၌ ယုံကြည်​စိတ်ချမှု​ကို တည်ဆောက်​ပေး​သည်။ ၈၇ ဘာသာ​ဖြင့်​ထုတ်ဝေ​လျက်​ရှိရာ ၆၁ ဘာသာ​ကို တစ်ပြိုင်တည်း​ထုတ်ဝေ​၍ လစဉ်​စောင်ရေ ၂၁ သန်း​ကျော် ဖြန့်ချိ​ပါ​သည်! နိုးလော့! ကို​ဖတ်ရှုခြင်း​ဖြင့် နိုးနိုးကြားကြား​ရှိပါ​လေ။

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ကျွန်​စနစ်​မှန်သမျှ အဆုံးသတ်​သွား​မည့် အချိန်

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

သိပ္ပံ​ပညာ​နှင့် ဘာသာ​တရား​တို့ကို ရင်ကြားစေ့​ပေး နိုင်​မည်​လော

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

လောင်းကစားခြင်း—အန္တရာယ်​မရှိသော ပျော်စရာ​လော

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ရိုက်နှက်​ခံ​နေရ​သည့် အမျိုးသမီးများ​အတွက် အကူအညီ

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ကမ္ဘာ့​ငြိမ်းချမ်းရေး​သည် အိပ်မက်မျှသာ​လော