မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘အဲဒါကကျွန်မနှလုံးကို ထိမိစေခဲ့တယ်’

‘အဲဒါကကျွန်မနှလုံးကို ထိမိစေခဲ့တယ်’

‘အဲဒါကကျွန်မနှလုံးကို ထိမိစေခဲ့တယ်’

ဘုရားသခင်နှင့်ရင်းနှီးသောဆက်ဆံရေးကို သင်မည်သို့ရယူနိုင်မည်နည်း။ ယေဟောဝါထံချဉ်းကပ်လော့ စာအုပ်အားဖြင့် လူအများ အကူအညီရရှိနေကြသည်။ ဥပမာအားဖြင့် ၂၅ နှစ်တိုင် ယေဟောဝါသက်သေတစ်ဦးဖြစ်ခဲ့သော အမျိုးသမီးတစ်ဦး ဤသို့ဆိုသည်– “အဲဒီစာအုပ်ဟာ လက်ရာမြောက်တဲ့ စာပေတစ်ခုဖြစ်တယ်။” သူဤသို့ဆက်ပြောပြသည်– “အဲဒါက ကျွန်မရဲ့နှလုံးသား ကြိုကြိုကြားကြား အတွင်းထဲအထိ ထိမိစေခဲ့ပြီး တစ်ခါမှ မခံစားမိခဲ့ဖူးတဲ့ ယေဟောဝါအတွက် စိတ်အားထက်သန်မှုမျိုး ဖြစ်ပေါ်လာစေခဲ့တယ်။ အဲဒါက ကျွန်မကို ယေဟောဝါနဲ့၊ ကျွန်မခင်ပွန်းနဲ့ရော အသင်းတော်နဲ့ပါ ပိုပြီးနီးကပ်လာစေခဲ့ပါတယ်။

ယေဟောဝါထံချဉ်းကပ်လော့ စာအုပ်သည် သင့်ကိုလည်း ကူညီပေးနိုင်သည်။ ထိုစာအုပ်၏ပဏာမနိဒါန်းက ဤသို့ ဖော်ပြသည်– “သမ္မာကျမ်းစာတွင် ဖော်ပြထားသည့် ဘုရားသခင့်အရည်အသွေးများနှင့် နည်းလမ်းတော်များသည် အလွန်အရေးပါသော လေ့လာမှုနယ်ပယ်တစ်ရပ်ဖြစ်သည်။ ယေဟောဝါ၏နည်းလမ်းတော်များကို စဉ်းစားဆင်ခြင်ခြင်းက ကိုယ်တော်၏အရည်အချင်းတစ်ခုစီကို ပေါ်လွင်ထင်ရှားလာစေသည်၊ ထိုအရည်အချင်းများကို ယေရှုခရစ် မည်သို့အပြည့်အဝရောင်ပြန်ဟပ်ခဲ့ကြောင်း တွေ့မြင်နိုင်ပြီး ဘုရားသခင်ထံပိုနီးကပ်ရန် ထိုအရည်အချင်းများကို ကျွန်ုပ်တို့လည်း မည်သို့ ပြုစုပျိုးထောင်နိုင်ကြောင်းကို နားလည်စေသည်။

ယေဟောဝါထံချဉ်းကပ်လော့ စာအုပ်ကို သင်ရရှိလိုပါက၊ ကျေးဇူးပြု၍ အောက်ပါကူပွန်ကို ဖြည့်စွက်ပြီး ဖော်ပြထားသောလိပ်စာ သို့မဟုတ် ဤမဂ္ဂဇင်း၏ စာမျက်နှာ ၅ ပါသင့်လျော်ရာလိပ်စာ တစ်ခုခုသို့ စာတိုက်မှတစ်ဆင့်ပေးပို့ပါ။

□ ယေဟောဝါထံချဉ်းကပ်လော့ စာအုပ်တစ်အုပ်ရလိုပါသည်။

□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုအတွက် ကျေးဇူးပြု၍ ကျွန်ုပ်နှင့် ဆက်သွယ်ပါ။