မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူငယ်များအတွက် အားထားရသောအကြံပြုချက်

လူငယ်များအတွက် အားထားရသောအကြံပြုချက်

လူငယ်များအတွက် အားထားရသောအကြံပြုချက်

ဘီလ်အမည်ရှိ ယေဟောဝါသက်သေ တစ်ဦးသည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ တရားရုံးတစ်ခုအနီး၌ မဂ္ဂဇင်းများဝေငှနေစဉ် လူတစ်ဦး ချဉ်းကပ်လာပြီး ဘီလ်တွင်ပါသည့် နိုးလော့!မဂ္ဂဇင်းအားလုံးကို ကြည့်ခွင့်ပြုရန် တောင်းဆိုခဲ့သည်။ ဘီလ်ပြောပြသည်မှာ– “အစောပိုင်းကပဲ အသင်းတော်ကကြေညာသူတချို့ဟာ ကျွန်တော့်ကို မဂ္ဂဇင်းအဟောင်းတချို့ ပေးထားတာကြောင့် သူ့ကို မဂ္ဂဇင်းအမျိုးမျိုး ပြနိုင်ခဲ့တယ်။”

“အဲဒီအမျိုးသားဟာ မဂ္ဂဇင်းတွေကို မြန်မြန်ရွေးထုတ်ပြီး သူမဖတ်ရသေးတဲ့ စာအုပ်တွေကို စုပုံထားတယ်။ စုထားတဲ့မဂ္ဂဇင်းတွေကို သူယူလို့ရမရ ကျွန်တော့်ကိုမေးတယ်။ သူဟာ တိုင်းတရားရုံးကဝန်ထမ်းတစ်ဦးဖြစ်ပြီး အခက်အခဲကြုံနေတဲ့ လူငယ်တွေကို အကြံဉာဏ်ပေးရတဲ့တာဝန် ရထားသူဖြစ်ကြောင်း သူ့ကိုယ်သူမိတ်ဆက်တယ်။ ‘လူငယ်များအမေး’ ဆောင်းပါးတွေကို မိတ္တူကူးဖို့ နိုးလော့! စာစောင်တွေကို သူစုဆောင်းတဲ့အကြောင်း၊ အဲဒီနောက် သူဟာ ဆောင်းပါးတွေကို အကြောင်းအရာအလိုက် ဖိုင်တွဲထားပြီး သူ အကြံပေးရတဲ့ လူငယ်တွေကို ပေးဖတ်ဖို့ အသင့်ဆောင်ထားတဲ့အကြောင်း ရှင်းပြတယ်။ အဲဒီအမျိုးသားက ဒီလိုဆက်ပြောပြတယ်– ‘ဆွေးနွေးထားတဲ့အကြောင်းအရာတွေဟာ ဒီကနေ့ အခက်ကြုံနေရတဲ့လူငယ်တွေ ဖြစ်လေ့ရှိတဲ့ပြဿနာတွေပဲ။’ လူငယ်တွေကိုကူညီပေးဖို့ ဒီလိုမျိုး အသုံးဝင်တဲ့အချက်အလက်တွေ ထုတ်ဝေပေးတဲ့အတွက် ယေဟောဝါသက်သေတွေကို သူချီးမွမ်းခဲ့တယ်။ နိုးလော့! မဂ္ဂဇင်း အသစ်တွေ ထပ်ယူဖို့ ကျွန်တော့်ကို သူစောင့်မျှော်နေမယ်လို့လည်း ပြောသွားပါသေးတယ်။”

“လူငယ်များအမေး” အခန်းဆက်များ ၌ပါသည့် အကြောင်းအချက်များစွာကို လူငယ်များအမေး—တာသွားသည့်အဖြေ စာအုပ်၌ဖော်ပြထားသည်။ သင်လည်း ကူပွန်တွင်ဖော်ပြထားသည့်လိပ်စာအတိုင်း သို့မဟုတ် ဤမဂ္ဂဇင်း၏စာမျက်နှာ ၅ တွင်ဖော်ပြထား သည့် သက်ဆိုင်ရာလိပ်စာအတိုင်း ပူးတွဲပါ ကူပွန်ကိုဖြည့်စွက်ပြီး စာတိုက်ဖြင့်ပေးပို့ကာ ၃၂၀–မျက်နှာရှိသည့် ဤစာအုပ်ကို မှာယူနိုင်ပါသည်။

လူငယ်များအမေး—တာသွားသည့်အဖြေ စာအုပ် တစ်အုပ်ကို ရလိုပါသည်။

□ အခမဲ့ အိမ်တွင်းကျမ်းစာသင်အံမှုနှင့်ပတ်သက်ပြီး ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။