မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အချိန်ကိုက် နှစ်သိမ့်မှု

အချိန်ကိုက် နှစ်သိမ့်မှု

အချိန်ကိုက် နှစ်သိမ့်မှု

ဤခဲယဉ်းသောကာလတွင် လူများစွာသည် နှစ်သိမ့်မှုလိုအပ်နေကြသည်၊ အထူးသဖြင့် ချစ်မြတ်နိုးရသူတစ်ဦး ဆုံးပါးသွားသည့်အချိန်တွင် ဖြစ်၏။ အမျိုးသမီးတစ်ဦးသည် မိခင်သေဆုံးသွားပြီး ရှေ့ဆင့်နောက်ဆင့်ဆိုသလို သူကိုယ်တိုင် ကိုယ်ဝန်ပျက်ကျသွားခဲ့သည်။ သူသည် မက္ကဆီကိုနိုင်ငံရှိ ယေဟောဝါသက်သေများ၏ ဌာနခွဲရုံးသို့ ဤသို့စာရေးခဲ့သည်– “ကျွန်မ တကယ့်နှစ်သိမ့်မှူရရှိခဲ့တာကတော့ သင်ချစ်ရသူတစ်ဦး ကွယ်လွန်သည့်အခါ ဆိုတဲ့ဘရိုရှာထဲကဖြစ်ပါတယ်။ ဒါဟာ အချိန်ကိုက်ရောက်လာတဲ့ တကယ်တန်ဖိုးရှိတဲ့အကြောင်းအရာတွေ ဖြစ်တယ်။ ဒီလို ကျမ်းစာ,စာပေတွေကို ပြင်ဆင်ပေးရာမှာ သင်တို့ရဲ့ခရစ်ယာန်မေတ္တာနဲ့ လုံ့လဝီရိယရှိမှုအတွက် ကျေးဇူးတင်ပါတယ်။”

ဘရိုရှာတွင် ကိုးကားထားသည့်ကျမ်းချက်များက သူ့အား အထူးသဖြင့် နှစ်သိမ့်မှုဖြစ်စေခဲ့သည်။ သာဓကအနေဖြင့် ၁ ကောရိန္တု ၁၅:၂၆ တွင် ဤသို့ ဖော်ပြထား၏– “နောက်ဆုံးသောရန်သူတည်းဟူသော သေမင်းသည် ဆုံးရှုံးခြင်းသို့ရောက်ရလတ္တံ့။” သင် သို့မဟုတ် သင့်အသိမိတ်ဆွေတစ်ဦးတစ်ယောက်လည်း ၃၂-မျက်နှာရှိ ဤဘရိုရှာကိုဖတ်ခြင်းမှ နှစ်သိမ့်မှုရရှိနိုင်ပါလိမ့်သည်။ “ပူဆွေးသောကနှင့် ကျွန်ုပ်မည်သို့ စခန်းသွားရမည်နည်း၊” “အခြားသူများ မည်သို့အကူအညီပေးနိုင်သနည်း” နှင့် “သေလွန်သူများအတွက် သေချာသောမျှော်လင့်ချက်” စသည့်အကြောင်းအရာများကို သင်ချစ်ရသူတစ်ဦး ကွယ်လွန်သည့်အခါ ဘရိုရှာတွင် သုံးသပ်ထားပါသည်။

ကူပွန်တွင် ဖော်ပြထားသောလိပ်စာ သို့မဟုတ် ဤမဂ္ဂဇင်း၏ စာမျက်နှာ ၅ ပါသင့်လျော်သော လိပ်စာတစ်ခုခုသို့ ပူးတွဲပါကူပွန်ကိုဖြည့်စွက်ပြီး စာတိုက်မှတစ်ဆင့် ပေးပို့ခြင်းဖြင့် ဘရိုရှာတစ်စောင်ကို မှာယူနိုင်ပါသည်။

သင်ချစ်ရသူတစ်ဦး ကွယ်လွန်သည့် အခါ ဘရိုရှာတစ်စောင် ရလိုပါသည်။

□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုအတွက် ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။