မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဖန်ဆင်းရှင်၏လက်ရာကို လူသားများ တုပ

ဖန်ဆင်းရှင်၏လက်ရာကို လူသားများ တုပ

ဖန်ဆင်းရှင်၏လက်ရာကို လူသားများ တုပ

စက္ကူတမျှပါးလွှာသော လျှပ်စစ်မီးသီးများကို ပလပ်ခေါင်း၌ ဖိသွင်း သို့မဟုတ် လှည့်သွင်းသောအခါ ဖိညှစ်ဒဏ်ကို ၎င်းခံရပ်နိုင်ခြင်းမှာ အဘယ်ကြောင့်နည်း။ ဘယ်လိုများပါလိမ့် ဟူသော စာအုပ်အရ အဖြေသည် “ကြက်ဥခွံသဘောတရား” အပေါ်အခြေခံသည့် မီးသီး၏ပုံစံနှင့် အဓိကဆက်စပ်နေ၏။ ဥခွံများသည် အလွန်ပါးလွှာသည့်တိုင် ကြက်မ ဥဝပ်သည့်အခါ ၎င်း၏အလေးချိန်ကြောင့် ဥများကွဲသွားခြင်းမရှိပေ။ အကြောင်းမှာ ဥပုံသဏ္ဌာန်သည် ဖိအားကိုခံရပ်နိုင်သည့် ပုံစံမျိုး ဖွဲ့စည်းထားသောကြောင့်ပင်။ (ဥခွံပို၍ထူပါက ကြက်ပေါက်များ အပြင်ထွက်ရန် နှုတ်သီးဖြင့် ထိုးဖောက်နိုင်မည် မဟုတ်ချေ။) ဖန်ဆင်းရှင်၏လက်ရာကို တုပထားခြင်းဖြင့် မီးသီးများသည် လုံးဝန်းသောပုံသဏ္ဌာန်ရှိကြသည်၊ ထို့ကြောင့် ဆုပ်ကိုင်သောအခါ သက်ရောက်အားကို “ဆုပ်ထားသည့်နေရာမှ အဘက်ဘက်သို့ ခုံးနေသောဖန်က ပေးပို့သည်။” ယင်းကြောင့် ကြက်ဥမှာကဲ့သို့ပင် ဖိအားများသည် တစ်နေရာတည်း၌ ကျရောက်မှုမရှိ၍ မီးသီးမကွဲခြင်းဖြစ်သည်။ လူသားများသည် ဖန်ဆင်းခြင်းလက်ရာကိုလေ့လာခြင်းမှ များစွာသင်ယူသိရှိခဲ့ကြပြီ!