ယေရှု၏အသက် တန်ဖိုးထားလေးမြတ်ဖွယ် လက်ဆောင်တစ်ရပ်
ယေရှု၏အသက် တန်ဖိုးထားလေးမြတ်ဖွယ် လက်ဆောင်တစ်ရပ်
လွန်ခဲ့သောအနှစ် ၂,၀၀၀ ခန့်က ဘုရားသခင်သည် လူအပေါင်းအား ပေးခဲ့ သမျှလက်ဆောင်တို့တွင် တန်ဖိုးအရှိဆုံးလက်ဆောင်တစ်ခုမှာ သားတော်ယေရှုခရစ်၏အသက်ဖြစ်ပါသည်၊ ယင်းကြောင့် ကျွန်ုပ်တို့သည် ထာဝရအသက်ရရှိနိုင်ကြ၏။ (ယောဟန် ၃:၁၆) ဤလက်ဆောင်ကို ကျေးဇူးတင်လေးမြတ်စိတ်ဖြင့် လူများစွာသည် ခရစ်ဝင်ကျမ်းလေးကျမ်းတွင် ဖော်ပြထားသည့် ယေရှု၏ဘဝ အသက်တာကို တင်ဆက်ဖော်ပြထားသော အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသားစာအုပ်ကို ဆွေမျိုးမိတ်သင်္ဂဟများအား လက်ဆောင်အဖြစ် ပေးခဲ့ကြသည်။
မကြာသေးမီက လူတစ်ဦးပြောပြသည်မှာ သူ့ကို ခရစ္စမတ်ကတ်များ ပို့ပေးသူတို့ထံ ဤစာအုပ်ကိုပြန်ပို့ပေးခဲ့ကြောင်း၊ မိမိသည် ခရစ္စမတ်ပွဲကို အဘယ်ကြောင့်မကျင်းပတော့ကြောင်း အကျဉ်းချုပ်ရှင်းပြရာတွင် စွယ်စုံကျမ်းမှအညွှန်းများ၊ အဘိဓာန်စာအုပ်နှင့် သမ္မာကျမ်းစာကို အသုံးပြုပြီး သူတို့ထံ စာရေးလိုက်ကြောင်း ထို့နောက် အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသားစာအုပ်ကို ထည့်ပေးလိုက်သည်ဟုဆို၏။
ထိုသူသည် တက္ကသိုလ်ပါမောက္ခများထံမှ အလွန်အားရှိစရာ ပြန်စာနှစ်စောင်ကို ရရှိခဲ့ကြောင်း ပြောပြသည်။ စာတစ်စောင်က ဤသို့ဆို၏– “အရင်တစ်ရက်က အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသားဆိုတဲ့ သင့်ရဲ့ တကယ်ကောင်းတဲ့လက်ဆောင် ရောက်လာတယ်။ ဒီလက်ဆောင်ကိုရလို့ ကျွန်တော်တို့ သိပ်ဝမ်းသာတယ်။ ဒီစာအုပ်ဟာ အဘက်ဘက်က ပြောစရာမရှိအောင် ကောင်းတဲ့စာအုပ်ပဲ။ အခုတောင် အဲ့ဒါကို အတော်လေး အသုံးပြုနေကြပြီ။”
ဤစာအုပ်တွင် ယေရှု၏မိန့်မြွက်ခဲ့သော ဟောပြောချက်များအပြင် ကိုယ်တော်၏ပုံဥပမာများနှင့် အံ့ဖွယ်အမှုများကို ဖော်ပြထားသည်။ ဖြစ်နိုင်သ၍ အဖြစ်အပျက်အားလုံးကို ဖြစ်စဉ်အတိုင်း ပြန်လည်ဖော်ပြထားသည်။ ယေရှုနှင့် ကိုယ်တော်၏တစ်ခေတ်တည်းသားများ၏ ခံစားချက်များကို သိရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် လှပ၍ အသေအချာသုတေသနပြု ရေးဆွဲထားသည့် ရောင်စုံရုပ်ပုံများ ပါရှိသည်။
သင်သည် စာမျက်နှာ ၄၄၈ မျက်နှာရှိ ဤစာအုပ်ကို ရယူလိုပါက ကျေးဇူး ပြု၍ ပူးတွဲပါကူပွန်ကိုဖြည့်စွက်ပြီး ဖော်ပြထားသောလိပ်စာ သို့မဟုတ် ဤမဂ္ဂဇင်း၏စာမျက်နှာ ၅ ပါသင့်လျော်ရာလိပ်စာတစ်ခုခုသို့ စာတိုက်မှတစ်ဆင့် ပေးပို့ပါ။
□ အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား စာအုပ်ကို အခမဲ့ပေးပို့မည်ဆိုလျှင် ကျွန်ုပ်ရလိုပါသည်။
□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုနှင့်ပတ်သက်ပြီး ကျေးဇူးပြု၍ ကျွန်ုပ်နှင့် ဆက်သွယ်ပါ။