မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘တိုတိုတုတ်တုတ်ဖြစ်ပေမဲ့ အချက်အလက် စုံပါတယ်’

‘တိုတိုတုတ်တုတ်ဖြစ်ပေမဲ့ အချက်အလက် စုံပါတယ်’

‘တိုတိုတုတ်တုတ်ဖြစ်ပေမဲ့ အချက်အလက် စုံပါတယ်’

ယင်းသည် ကျွန်ုပ်တို့ထံမှ ဘုရားသခင်အဘယ်အရာတောင်းဆိုတော်မူသနည်း ဘရိုရှာနှင့်ပတ်သက်၍ အမျိုးသမီးတစ်ဦး၏ ဖော်ပြချက်ဖြစ်သည်။ ထိုသို့မှတ်ချက်ချစေဖို့ အဘယ်အရာကလှုံ့ဆော်ပေးသည်ကို သူဆက်၍ရှင်းပြ၏။ “ဒီဘရိုရှာရဲ့အကူအညီကြောင့် ဂလိုရီယာလို့ခေါ်တဲ့ သက်ကြီးအမျိုးသမီးတစ်ယောက်ဟာ ကျမ်းစာဖတ်ချင်တဲ့စိတ်ဆန္ဒ ပြန်ပေါ်လာတယ်။ အကြောင်းအရာတစ်ခုကို ငြိမ်ငြိမ်လေးထိုင်ပြီး အာရုံစိုက်လို့မရနိုင်တဲ့အခြေအနေကနေ နှစ်နာရီကြာလေ့လာမှုပြုနိုင်တဲ့အထိ တိုးတက်လာတယ်။ သင်ခန်းစာအားလုံးကို သူကြိုပြင်ထားတဲ့အပြင် ကျမ်းချက်အားလုံးကိုလည်း သေသေချာချာလေ့လာတယ်။”

ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း ဘရိုရှာသည် ဤမဂ္ဂဇင်းနှင့် အရွယ်တူပြီး စာမျက်နှာ ၃၂ မျက်နှာရှိသည်။ ၎င်းက လူသားများအတွက် ဘုရားသခင့်ရည်ရွယ်ချက် အဘယ်အရာဖြစ်သည်ကို ရှင်းရှင်းလင်းလင်းဖော်ပြပြီး ကိုယ်တော့် မျက်နှာသာရဖို့ အဘယ်အရာလုပ်ဆောင်ရမည်ကို ဖော်ပြပေးသည်။ ယင်းတွင် “ဘုရားသခင်ကား မည်သူနည်း၊” “ယေရှုခရစ်ကား မည်သူနည်း၊” “ကမ္ဘာမြေအတွက် ဘုရားသခင့်ရည်ရွယ်ချက်ကား အဘယ်နည်း” နှင့် “ဘုရားသခင့်နိုင်ငံတော်ကား အဘယ်နည်း” ဟူသည့် စိတ်ဝင်စားဖွယ်ကောင်းသောသင်ခန်းစာများ ပါဝင်သည်။

သင်လည်း ဘရိုရှာတစ်စောင် တောင်းခံလိုပါက ဖော်ပြထားသည့်လိပ်စာအတိုင်း သို့မဟုတ် ဤမဂ္ဂဇင်း၏စာမျက်နှာ ၅ တွင်ဖော်ပြထားသည့် သက်ဆိုင်ရာလိပ်စာအတိုင်း ပူးတွဲပါကူပွန်ကိုဖြည့်စွက်ပြီး စာတိုက်ဖြင့်ပေးပို့ပါ။

□ ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာ တောင်းဆိုတော်မူသနည်း ဘရိုရှာတစ်စောင် မေတ္တာလက်ဆောင် ရရှိလိုပါသည်။

□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုအတွက် ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။