မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ကောင်းမွန်သောပြည်ကို ကြည့်လော့”

“ကောင်းမွန်သောပြည်ကို ကြည့်လော့”

ကောင်းမွန်သောပြည်ကို ကြည့်လော့

မကြာသေးမီက ထုတ်ဝေခဲ့သည့် “ကောင်းမွန်သောပြည်ကို ကြည့်လော့” ကျမ်းစာမြေပုံပြ ဘရိုရှာကို ဖတ်ရှုဆန်းစစ်ပြီးနောက် အမျိုးသမီးတစ်ဦး ဤသို့ရေးသားခဲ့၏– “သိပ်ကောင်းတဲ့ ဒီလိုစာအုပ်မျိုးကို ကျွန်မ လိုအပ်နေတာ၊ ကျမ်းစာထဲမှာပါတဲ့ နေရာဒေသတွေ၊ လူတွေ၊ တည်ရှိရာနေရာတွေဟာ အခု ကျွန်မအတွက် တကယ်ဖြစ်လာတယ်။”

ဤ ၃၆-မျက်နှာပါသည့် ရောင်စုံအပြည့်ဘရိုရှာသည် ဘုရားသခင်၏သမ္မာကျမ်းစာကို လေ့လာသူများအား ကျမ်းစာမှတ်တမ်းများကို မြင်ယောင်လာစေသည်။ “ဝတ်ပြုရာအိမ်တော်တည်ရှိရာကုန်းမြင့်နဲ့ ပတ်ဝန်းကျင်ဒေသရဲ့ ကွဲပြားခြားနားမှုကို မြင်တွေ့ရတော့ ယေဟောဝါရဲ့ဝတ်ပြုရေး ‘မြှင့်တင်ခံရ’ တယ်လို့ ကျမ်းစာမှာပြောထားတာကို ပိုနားလည် စေတယ်၊ ခိုလှုံရာမြို့တွေကိုရော ဟေဗြဲနဲ့ ဂရိကျမ်းစာနှစ်ခုစလုံးမှာပါတဲ့ တခြားနေရာဒေသတွေကိုပါ ဘယ်လိုနေရာချထားတယ်ဆိုတာ ရှင်းရှင်းလင်းလင်း တွေ့မြင်ရလို့ တကယ့်ကို အထောက်အကူဖြစ်တယ်။ တမန်တော်ကျမ်းကို ကျွန်မ လေ့လာတဲ့အခါ ဒီရှုချင်စဖွယ် ဘရိုရှာလေးကို စပြီးအသုံးပြုခဲ့တယ်” ဟုသူဆက်ပြောခဲ့သည်။

“ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ဖတ်တဲ့အခါ ဒီလိုသိပ်ကောင်းတဲ့လက်ဆောင်ကို ကျွန်မအမြဲတမ်း အသုံးပြုတော့မယ်” ဟုထိုအမျိုးသမီးက သူ၏စာကို နိဂုံးချုပ်ခဲ့သည်။

သင်သည် ပူးတွဲပါ ပုံစံဖြတ်ပိုင်းကို ဖြည့်စွက်၍ ဖြတ်ပိုင်းတွင်ပါရှိသည့် လိပ်စာသို့ဖြစ်စေ၊ ဤမဂ္ဂဇင်း စာမျက်နှာ ၅ တွင် ဖော်ပြထားသည့် သင့်လျော်ရာ လိပ်စာတစ်ခုခုသို့ဖြစ်စေ စာတိုက်မှ ပေးပို့ခြင်းဖြင့် “ကောင်းမွန်သောပြည်ကို ကြည့်လော့” ခေါင်းစဉ်ရှိ ဤဘရိုရှာတစ်စောင်ကို တောင်းခံနိုင်ပါသည်။

□ “ကောင်းမွန်သောပြည်ကို ကြည့်လော့” ဘရိုရှာတစ်စောင်ကို မေတ္တာလက်ဆောင် ရလိုပါသည်။

□ အခမဲ့ အိမ်တွင်းကျမ်းစာသင်အံမှုပြုလိုပါသဖြင့် ကျေးဇူးပြု၍ ကျွန်ုပ်နှင့် ဆက်သွယ်ပါ။

[Picture Credit Line on page 24]

Pictorial Archive (Near Eastern History) Est.