မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အမှတ်ရဖွယ်ည—ကြာသပတေးနေ့၊ မတ် ၂၄၊ ၂၀၀၅

အမှတ်ရဖွယ်ည—ကြာသပတေးနေ့၊ မတ် ၂၄၊ ၂၀၀၅

အမှတ်ရဖွယ်​ည—ကြာသပတေး​နေ့၊ မတ် ၂၄၊ ၂၀၀၅

မိမိ​မသေဆုံးမီ​ည​တွင် ယေရှု​ခရစ်​သည် မိမိ၏​သေခြင်း အောက်မေ့ရာပွဲကို အစပြု​ကျင်းပ​ခဲ့​သည်။ တမန်​တော်​များနှင့်​အတူ ကျင်းပ​ခဲ့​သော ရိုး​စင်း​သည့် စားသောက်ပွဲ​တွင် အထိမ်းအမှတ်​အဖြစ် စပျစ်​ရည်​နှင့်​တဆေးမဲ့​မုန့်ကို ကိုယ်တော်​အသုံးပြု​ခဲ့​ပြီး ယေရှု​က “ငါ့ကို​အောက်မေ့​ဖို့​ရာ ဤသို့​ပြု​ကြလော့” ဟု မိန့်မှာ​ခဲ့​သည်။—လုကာ ၂၂:၁၉

ယေဟောဝါသက်သေ​များသည် ဤ​နှစ်စဉ်​အောက်မေ့ရာပွဲကို အမှတ်ရ​ကျင်းပ​ရာ​တွင် သူတို့နှင့်​အတူပါ​ဝင်ရန် သင့်​အား လှိုက်လှဲ​စွာ​ဖိတ်ခေါ်ပါ​သည်။ ဤ​နှစ်​တွင် သမ္မာ​ကျမ်းစာပါ လ​ပြက္ခဒိန်​အရ နိသန်လ ၁၄ ရက်​နှင့်​ကိုက်ညီ​သော​နေ့စွဲ​ဖြစ်သည့် မတ်​လ ၂၄ ရက်၊ ကြာသပတေး​နေ့ နေဝင်ပြီး​နောက် ယင်းကို ကျင်းပ​မည်​ဖြစ်ပါ​သည်။ ကျင်းပ​မည့်​နေရာ​နှင့်​အချိန်​အတိအကျ​ကို ဒေသခံ​ယေဟောဝါသက်သေ​များ​ထံ​တွင် ကျေးဇူးပြု​၍​စုံစမ်း​ပါ။