မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ကျွန်တော့်ပါမောက္ခတွေ အရမ်းသဘောကျ သွားတယ်”

“ကျွန်တော့်ပါမောက္ခတွေ အရမ်းသဘောကျ သွားတယ်”

“ကျွန်တော့်​ပါမောက္ခ​တွေ အရမ်း​သဘောကျ သွားတယ်”

၎င်းမှာ ဂျော်ဂျီယာ​နိုင်ငံ တ​ဘီ​လ​စီ ပြည်နယ်​ဆေး​တက္ကသိုလ်​မှ ပထမ​နှစ်​ဆေး​ကျောင်းသား​တစ်ဦး​က နိုးလော့! ထုတ်ဝေ​သူများ​ထံ ရေး​သော​စာ​တွင် ဖော်ပြ​ထား​ချက်​ဖြစ်သည်။ ထို​ကျောင်းသား​သည် နိုးလော့!ထံ အဘယ်ကြောင့် စာရေး​ခဲ့​သနည်း။

“ခင်ဗျား​တို့​ရဲ့ ဂျာနယ်​တွေ​ကို ၁၉၉၈ ခုနှစ်​ကတည်းက ဖတ်​ခဲ့​တာ​ပါ။ . . . အဲ့ဒီ​စာစောင်​တွေ​ဟာ ကျွန်တော်​ယူ​တဲ့​ဘာသာရပ်​တွေ​အတွက် တကယ်​ကို အထောက်အကူ​ပြု​တယ်။ ဆောင်းပါး​တွေ​ဟာ အမြဲတမ်း​လို​လို အခန့်သင့်​ဖြစ်​ပြီး အပြည့်အဝ​ယုံကြည်​စိတ်ချ​ရတဲ့ အချက်အလက်​တွေ​ပါ​တယ်။ မကြာသေး​ခင်​တုန်း​က ၂၀၀၂၊ နိုဝင်ဘာ ၂၂ ရက်ထုတ် [လိပ်] နိုးလော့! မဂ္ဂဇင်း​မှာပါတဲ့ ဆဲလ်​ပွား​များ—သိပ္ပံ​ပညာ​သည် အတော်​လွန်သွား​ခဲ့ပြီ​လော အခန်းဆက်​ဆောင်းပါး​ထဲ​က အချက်အလက်​တွေ​ကို​သုံးပြီး ‘ပုံတူ​ပွား​ခြင်း​နှင့် ဆဲလ်​ပွား​အမျိုးအစား​များ’ အကြောင်း စာစီစာကုံး​ရေးခဲ့တယ်။ ကျွန်တော့်​ပါမောက္ခ​တွေ အရမ်း​သဘောကျ​သွားတယ်၊ ကျွန်တော် အမှတ်​အများဆုံး​ရခဲ့တယ်။

“ဒီလို​စိတ်ဝင်စားစရာ​ကောင်း​တဲ့ အကြောင်းအရာတွေ၊ အထူးသဖြင့် ဆေးပညာ​နဲ့​ပတ်သက်​တဲ့ ဆောင်းပါး​တွေ​ကို ထုတ်ဝေ​ပေး​တဲ့​အတွက် ကျွန်တော်​အရမ်း​ဝမ်းသာတယ်။ ကျွန်တော်​ရော၊ ကျွန်တော့်​မိဘတွေ​ပါ ယေဟောဝါသက်သေ​တွေ မဟုတ်​ကြ​ပေမဲ့ ခင်ဗျား​တို့​ရဲ့ ဂျာနယ်​တွေ​ဟာ ကမ္ဘာ​လောက​နဲ့​ပတ်သက်​တဲ့ အသိပညာ​တိုး​စေ​တဲ့​အတွက် ကျွန်တော်​တို့ သိပ်​ကို​သဘောကျကြတယ်။”

သမ္မာကျမ်းစာ​တွင် ကာယရေး​ရော စိတ်ပိုင်း​ဆိုင်ရာ​ပါ ကျန်းမာ​စေရန်​အထောက်အကူ​ပြု​သည့် လက်တွေ့ကျ​လမ်းညွှန်ချက်​ပါရှိကြောင်း သင်​သိရှိ​ရ​၍ အံ့အားသင့်​ပေမည်။ ယင်း​အကြောင်းကို စိတ်ဝင်စားဖွယ်​ကောင်းသော ၃၂ မျက်နှာ​ရှိ လူ​ခပ်သိမ်း​အတွက် စာအုပ်​တစ်အုပ် ဘရိုရှာ​ထဲ​တွင် အသားပေး​ဖော်ပြ​ထား​သည်။ ပူးတွဲ​ပါ​ကူပွန်​ကို​ဖြည့်​ကာ ကူပွန်​တွင်​ဖော်ပြ​ထားသော​လိပ်စာ သို့​မဟုတ် ဤ​မဂ္ဂဇင်း​၏ စာမျက်နှာ ၅ တွင်​ဖော်ပြ​ထားသော သင့်လျော်ရာ​လိပ်စာ​တစ်ခု​သို့ စာတိုက်​မှ​ပို့​ခြင်း​ဖြင့် ဘရိုရှာ​တစ်စောင်​ကို သင်​တောင်းခံ​နိုင်​ပါ​သည်။။

□ လူ​ခပ်သိမ်း​အတွက် စာအုပ်​တစ်အုပ် ဘရိုရှာ​တစ်စောင်​ကို မေတ္တာ​လက်ဆောင် ရရှိ​လို​ပါ​သည်။

□ အခမဲ့​အိမ်တွင်း ကျမ်းစာ​သင်အံမှု ပြု​လို​ပါ​သဖြင့် ကျေးဇူးပြု​၍ ကျွန်ုပ်​နှင့်​ဆက်သွယ်​ပါ။