မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အမြော်အမြင်ရှိသည့် မိခင်

အမြော်အမြင်ရှိသည့် မိခင်

အမြော်အမြင်​ရှိသည့် မိခင်

မိမိ​ကလေး​များ​၏​လိုအပ်ရာ​တို့ကို ပိုင်းခြား​သိမြင်ပြီး ဂရုစိုက်​တတ်သော​မိခင်​သည် ကလေး​များ​အား အာဟာရ​ရှိသော​အစားအစာကို ချက်ပြုတ်​ကျွေးမွေး​နိုင်​ရန် ဇွဲ​ဖြင့်​ကြိုးစား​တတ်​သည်။ ဝိညာဉ်​ရေး​အစာ​ကျွေး​ရာ​တွင်​လည်း ထပ်တူ​ဇွဲ​မျိုး သူ​တင်ပြ​သည်။

မကြာသေးမီ​က ဘရာဇီး​နိုင်ငံ​မှ အမျိုးသမီး​တစ်ဦး​သည် ကျွန်ုပ်​တို့​ထံ​မှ ဘုရားသခင် အဘယ်အရာ တောင်းဆို​တော်​မူ​သနည်း စာပေ​အတွက် ကျေးဇူး​တင်​ကြောင်း ထို​နိုင်ငံ​ရှိ ယေဟောဝါသက်သေ​များ​၏​ဌာနခွဲရုံး​သို့ စာရေး​ခဲ့​သည်။ “ဒီ​စာအုပ်​ကို ကျွန်မ​သိပ်​ကြိုက်​သွားတယ်၊ ဘုရားသခင်​ရွံမုန်း​သော အကျင့်အကြံ​များ​ဆို​တဲ့ အခန်း​ကို​ကြည့်​လိုက်တာနဲ့ ဒီ​အရေးကြီးတဲ့​အကြောင်းကို ကျွန်မ​ရဲ့​ကလေး​တွေ​နဲ့ ဆွေးနွေး​သင့်တယ်လို့ ချက်ချင်း​သိလိုက်တယ်။ ကျွန်မ​မှာ ၁၀ နှစ်၊ ၁၁ နှစ်အရွယ်​စီ​ရှိတဲ့ သမီး​နှစ်ယောက်​နဲ့ ၅ နှစ်အရွယ် သားတစ်ယောက်​ရှိတယ်” ဟု​သူ​ရေးသား​ထား​သည်။ “ကျွန်မ​မိသားစုကို ဘုရားသခင်ရဲ့​လမ်းစဉ်​တွေ​သင်ကြား​ပေးဖို့ ဒီလို​စာပေ​တွေ တကယ်​အရေးပါ​တယ်!” ဟု​သူ​ထပ်​ပြော​ခဲ့​သည်။

သူသည် အခြား​ကျမ်းစာ​အခြေပြု​စာပေ​များ​ကိုလည်း တောင်းဆို​ခဲ့​သည်။ သင်လည်း သင်​ကိုယ်တိုင်​နှင့် မိသားစု​အတွက် ဝိညာဉ်​အစာ​ဆာမွတ်​နေလျှင် ကျွန်ုပ်​တို့​ထံ​မှ ဘုရားသခင် အဘယ်အရာ​တောင်းဆို​တော်​မူ​သနည်း ဘရိုရှာ​တစ်စောင် ရယူ​နိုင်​ပါ​သည်။ အောက်ပါ​ပုံစံ​ဖြတ်ပိုင်း​ကို​ဖြည့်စွက်​၍ ဖြတ်ပိုင်း​တွင်​ပါရှိ​သည့် လိပ်စာ​သို့​ဖြစ်စေ၊ ဤ​မဂ္ဂဇင်း​စာမျက်နှာ ၅ တွင် ဖော်ပြ​ထား​သည့် သင့်လျော်ရာ​လိပ်စာ​တစ်ခုခု​သို့ ဖြစ်စေ စာတိုက်​မှ​ပေး​ပို့​ပါ။

ကျွန်ုပ်​တို့​ထံ​မှ ဘုရားသခင် အဘယ် အရာ​တောင်းဆို​တော်​မူ​သနည်း ဘရိုရှာ တစ်စောင် မေတ္တာ​လက်ဆောင်​ရ​လို​ပါ​သည်။

□ အခမဲ့​အိမ်တွင်း​ကျမ်းစာ​သင်အံ​လို​၍ ကျေးဇူးပြု​ပြီး ကျွန်ုပ်​နှင့်​ဆက်သွယ်​ပါ။