မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူငယ်များ တကယ်လိုအပ်သည့်အရာ

လူငယ်များ တကယ်လိုအပ်သည့်အရာ

လူငယ်များ တကယ်​လိုအပ်​သည့်​အရာ

လူငယ်များ​အမေး—တာသွား​သည့်​အဖြေ​စာအုပ်​သည် လူငယ်များ​တကယ်​သိဖို့​လိုအပ်​သည့်​အရာ​ကို ဖော်ပြ​ပေး​ကြောင်း နှစ်ပေါင်း​များစွာ​အတွင်း စာရှုသူ​ကြီးငယ်မဟူ​တို့ ပြောဆို​နေခဲ့​ကြ​ပေ​ပြီ။ မက္ကဆီကို​နိုင်ငံ၊ စီ​နာ​လို​အာ​ပြည်နယ်​မှ အသက်​ဆယ့်ငါး​နှစ်အရွယ်​ရှိ မိန်းကလေး​တစ်ဦး​က သူငယ်ချင်း​တချို့​အတွက် စာအုပ်​ဆယ်အုပ် တောင်းခံ​ခဲ့​၏။ သူသည် ယေဟောဝါသက်သေ​တစ်ဦး​မဟုတ်သော်လည်း ယင်း​စာအုပ်​ကို သူ​တကယ်​သဘောကျ​ကြောင်း၊ “သင်တို့ကို အလွန်​လေးစားပါ” ကြောင်း ပြောဆို​ခဲ့​သည်။

သူက ဤသို့​ဖော်ပြ​ခဲ့​၏– “ယနေ့ ဘဝ​အသက်တာ​နှင့်​ပတ်သက်​၍ မေးခွန်း​များစွာ​ရှိကြ​သည့် သူငယ်ချင်းများ​စွာ ကျွန်မ​မှာ​ရှိပါ​သည်။ သူတို့ကို ယင်း​စာအုပ်​ပြ​ကြည့်​ခဲ့​ရာ သူတို့​အလွန်​သဘောကျ​သွား​ကြ​၏။ ယင်း​စာအုပ်​သည် အလွန်​ကောင်းသော​စာအုပ်​ဖြစ်​ပြီး လူငယ်​တစ်ဦး သိ​လို​သည့်​အရာ​မှန်သမျှ အကုန်​ပါရှိ​သည်။” အဆိုပါ​စာအုပ်​များ​ကို နွေ​ရာသီ​ကျောင်း​ပိတ်ရက်​မတိုင်မီ ပေး​ပို့​၍​ရ​မရ သူ​မေးမြန်းခဲ့​လေ​သည်။

လူငယ်များ​အမေး​စာအုပ်​တွင် အခန်း ၃၉ ခန်း​ပါရှိ​သည်။ ယင်း​တို့​တွင် “မိဘတွေ ငါ့ကို လွတ်လပ်မှု​ပိုပေး​နိုင်အောင် ဘယ်လို​လုပ်ရမလဲ” “မိတ်​စစ်​ဆွေ​စစ် ဘယ်လို​ဖွဲ့​နိုင်​မလဲ” “လက်မထပ်ခင် သံဝါသပြု​တာ​ကို ဘယ်လို​ပြော​မလဲ” နှင့် “အချစ်စစ် အချစ်​မှန်​ဖြစ်​မှန်း ငါ​ဘယ်လို​လုပ်​သိနိုင်​မလဲ” ဟူ​သည့်​အခန်း​များ ပါဝင်​လေ​သည်။ ပူးတွဲ​ပါ​ကူပွန်​ဖြတ်ပိုင်း​ကို ဖြည့်စွက်​၍ ဖြတ်ပိုင်း​တွင်​ပါရှိ​သည့် လိပ်စာ​သို့​ဖြစ်စေ၊ ဤ​မဂ္ဂဇင်း စာမျက်နှာ ၅ တွင် ဖော်ပြ​ထား​သည့် သင့်လျော်ရာ​လိပ်စာ​တစ်ခုခု​သို့​ဖြစ်စေ စာတိုက်​မှ​ပေး​ပို့​ကာ စာမျက်နှာ ၃၂၀-မျက်နှာ​ရှိ ဤ​စာအုပ်​တစ်အုပ်​ကို သင်​တောင်းဆို​နိုင်​ပါ​သည်။

လူငယ်များ​အမေး—တာသွား​သည့်​အဖြေ စာအုပ်​တစ်အုပ်​ကို မေတ္တာ လက်ဆောင် ရ​လို​ပါ​သည်။

□ အခမဲ့​အိမ်တွင်း​ကျမ်းစာ​သင်အံမှု​အတွက် ကျေးဇူးပြု​၍ ကျွန်ုပ်​နှင့်​ဆက်သွယ်​ပါ။