မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရှေ့နေတစ်ဦး အကူအညီတောင်းခံ

ရှေ့နေတစ်ဦး အကူအညီတောင်းခံ

ရှေ့နေ​တစ်ဦး အကူအညီ​တောင်းခံ

ကွာရှင်း​ပြတ်စဲ​သွားသော အိမ်ထောင်​အရေအတွက်​ကြောင့် စိတ်မချ​မ်းမြေ့ဖြစ်ရ​သူ ရှေ့နေ​တစ်ဦး​သည် ဘရာဇီး​နိုင်ငံ​ရှိ ယေဟောဝါသက်သေ​များ​၏​ဌာနခွဲရုံး​သို့ ဤသို့​စာရေး​ခဲ့​သည်– “ကျွန်တော့်​ရုံးခန်း​ကိုလာ​တဲ့ အမှုသည်​အများ​က ခွဲနေ​ဖို့​စီစဉ်​ထားပြီး​သား​သူတွေ​ဖြစ်တယ်။ ဆက်သွယ်မှု​နည်း​တာ၊ မေတ္တာ​စစ်​မရှိတာ​စတဲ့ သူတို့ရဲ့ အိမ်ထောင်​ပြတ်စဲ​ဖို့​အကြောင်းရင်း​တွေ​ကို​ကြား​ရတာ တကယ်​စိတ်မချ​မ်း​သာ​ဘူး။ သူတို့ဟာ သင်တို့ရဲ့​စာပေ​တွေ​မှာပါတဲ့​အကြံပေး​ချက်​ကို လုံးလုံး​မသိတဲ့​သူတွေပါ။”

ယေဟောဝါသက်သေ​များနှင့်​ရင်းနှီး​သူ​ဖြစ်၍ ရှေ့နေ​က ဤသို့​ရေးသားခဲ့​သည်– “အိမ်ထောင်​ရဲ့​အရေးပါမှု​ကို အလေးအနက်​ပြန်​စဉ်းစား​ဖို့၊ သူတို့ရဲ့​ဆုံးဖြတ်ချက်​ကို ပြန်​သုံးသပ်​ဖို့နဲ့ သင့်မြတ်​ပျော်ရွှင်​တဲ့​ဘဝကို တစ်ခါ​ပြန်​ရစေဖို့ ကျွန်တော့်​ရဲ့​အမှုသည်​တွေ​ကို လက်ဆင့်ကမ်း​ပေး​နိုင်​မယ့်​ဆောင်းပါး​မျိုး သင်တို့​ပို့ပေး​နိုင်​မယ်​ဆိုရင် ကျွန်တော် ကျေးဇူး​တင်​မဆုံး​ဖြစ်​မိ​မှာ​ပါ။”

အောင်မြင်​သော​အိမ်ထောင်ရေး​ကို မည်သို့​မွေ့လျော်​ခံစား​နိုင်​ကြောင်း သမ္မာကျမ်းစာ​၏ အဖိုးတန်​သွန်သင်ချက်​ကို သုံးသပ်​လိုလျှင် မိသားစု​ပျော်ရွှင်မှု​၏​လျှို့ဝှက်ချက်​အမည်​ရှိ​စာအုပ်​ကို သင့်ထံ​ပို့ပေး​လို​ပါ​သည်။ မောင်နှံစုံ အတူတကွ​ပျော်ရွှင်စွာ ပေါင်းသင်း​နေ​ထိုင်၍ ကောင်းချီး​များ​ရရှိစေ​မည့် အရေးကြီးသော​အချက်​နှစ်ချက်​ကို ထို​စာအုပ်​က သုံးသပ်​ပြ​ထား​သည်။ ပူးတွဲ​ပါ​ကူပွန်​ကို​ဖြည့်​ကာ ကူပွန်​တွင်​ဖော်ပြ​ထားသော​လိပ်စာ သို့​မဟုတ် ဤ​မဂ္ဂဇင်း​၏ စာမျက်နှာ ၅ တွင်​ဖော်ပြ​ထားသော သင့်လျော်ရာ​လိပ်စာ​တစ်ခု​သို့ စာတိုက်​မှ​ပို့​ခြင်း​ဖြင့် ဤ​စာအုပ်​တစ်အုပ်​ကို သင်​တောင်းခံ​နိုင်​ပါ​သည်။

မိသားစု​ပျော်ရွှင်မှု​၏​လျှို့ဝှက်ချက်​အမည်​ရှိ​စာအုပ်​ကို မေတ္တာ​လက်ဆောင် ရယူလို​ပါ​သည်။

□ အခမဲ့​အိမ်တွင်း​ကျမ်းစာ​သင်အံမှု​အတွက် ကျေးဇူးပြု​၍ ကျွန်ုပ်​နှင့် ဆက်သွယ်​ပါ။