မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပျက်ယွင်းနေသည့် ကျွန်ုပ်တို့၏ ကမ္ဘာမြေ

ပျက်ယွင်းနေသည့် ကျွန်ုပ်တို့၏ ကမ္ဘာမြေ

ပျက်ယွင်း​နေသည့် ကျွန်ုပ်​တို့၏ ကမ္ဘာ​မြေ

စူးစမ်း​ရှာဖွေသူ မာ​ရီ​ဝဲ​သား လူး​ဝ​စ္စ​နှင့် ဝီလျံ က​လာ့ခ်​တို့သည် ယခု အမေရိကန်​ပြည်ထောင်စု၊ ဝါ​ရှင်​တန်​ပြည်နယ်​တွင်​ရှိသည့် ကိုလံဘီယာ​မြစ်​သို့ ၁၈၀၅ ခုနှစ်​က ရောက်လာ​ခဲ့​ကြ​၏။ * ထို​မြစ်​ထက် သူတို့၏​အာရုံ​ကို ဖမ်းစား​ထား​သည့်​အရာ​မှာ မြစ်​ထဲ​မှ ဖွေးဖွေးလှုပ်​နေသော​ဆာမန်ငါး​များ ဖြစ်သည်။ “ငါး​တွေ​ပေါ​ချက်​က​တော့ မယုံနိုင်​စ​ရာ​ပဲ၊ အဲဒီ​ငါး​တွေ​ဟာ ရေစီးကြောင်း​နဲ့​အတူ မျောပါ​နေပြီး ကမ်း​ပေါ်​တင်​သွားတယ်၊ အင်​ဒီး​ယန်း​လူမျိုး​တွေ​က ငါး​တွေ​ကို​ကောက်၊ ဗိုက်​ခွဲ​ပြီး ကျပ်​ခိုး​စင်ပေါ်​တင်၊ အခြောက်ခံ​ကြတယ်” ဟု သူတို့၏​နေ့စဉ်​မှတ်တမ်း​တွင် ရေးသားခဲ့​သည်။ ဆာမန်ငါး​များ ပေါများ​လွန်း​ရ​ကား အင်​ဒီး​ယန်း​လူမျိုး​တို့သည် ထို​ငါး​များ​ကို ထင်း​အဖြစ်​အသုံးပြုရန် အခြောက်ခံ​ခဲ့​ကြသည်!

ယနေ့ အခြေအနေ​မှာ အတော်​ကွာခြား​နေသည်။ “ငါး​များ မျိုးပွား​နိုင်​သည့်​နှုန်း​ထက် သမုဒ္ဒရာ​မှ​ဖယ်ရှားခံ​နေရ​သည့်​နှုန်း​က ပို​မြန်​နေကြောင်း သိပ္ပံ​ပညာရှင်​များ​သိထားကြသည်​မှာ ဆယ်နှစ်​ကျော်​ခဲ့ပြီ” ဟု န​ယူးစ်ဝိခ်​တွင် ရေးသား​ထား​၏။ ဥပမာ၊ မြောက်​အတ္တလန္တိတ်​တွင် ဆာမန်ငါး​ကောင်ရေ ၉၀ ရာခိုင်နှုန်း မျိုး​ပြု​န်း​သွားပြီ​ဟု ခန့်မှန်း​ကြသည်။

သို့သော် ငါး​များ​သာ နည်းပါး​သွားခြင်း​မဟုတ်ပါ။ လောင်စာဆီ၊ သတ္တု၊ သစ်တော​ထွက်​ပစ္စည်း​စ​သည့် သဘာဝ​သယံဇာတ​များ​ကိုလည်း အံ့ဖွယ်​နှုန်း​ဖြင့် သုံးစွဲ​နေကြ​သည်။ ၁၉၇၀ ပြည့်နှစ်​မှ ၁၉၉၅ ခုနှစ်​အတွင်း​တွင် မြေကြီး​သယံဇာတ​၏ ၃၀ ရာခိုင်နှုန်း ဆုံးရှုံး​သွားခဲ့​ကြောင်း သဘာဝ​ထိန်းသိမ်းရေး​ကမ္ဘာ့​ရန်ပုံငွေ​အဖွဲ့က ဖော်ပြ​သည်။ မြေကြီး​သယံဇာတ​များ​ကို သိမ်း​ကျုံး​ယူ​နေခြင်း​က အများအားဖြင့် ကောင်းကျိုး​ရော၊ ဆိုးကျိုး​ကို​ပါ​ဖြစ်စေ​သည်၊ အကြောင်း​မှာ အသုံးပြု​နေသော​နည်း​နာ​များသည် သဘာဝ​ဇာတိမြေ​တို့ကို ဖျက်ဆီး​နိုင်သော​ကြောင့်​ဖြစ်၏။

ဤ​ပြဿနာ​များ​ကို လူသား​တို့​ဖန်တီး​သောကြောင့် ယင်းကို​ဖြေရှင်း​နိုင်​သည်​ဟု လူ​အချို့ ယူဆကြ​သည်။ ဥပမာတစ်ခု​ကိုးကား​ရ​လျှင် မကြာသေးမီ​နှစ်များ​က စက်​မှု​မြို့ကြီး​များစွာ​တွင် လေထု​ညစ်ညမ်းမှု လျော့နည်း​သွားခဲ့ပြီ။ အဆိုပါ​အချက်လေး​ကြောင့် အခြေအနေ​ကို လူသား​တို့​ထိန်းချုပ်​နိုင်ပြီ​ဟု ဆိုလို​ပါသလော။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 လူး​ဝ​စ္စ​နှင့် က​လာ့ခ်​တို့သည် မ​စ်​စ​စ္စပီ​မြစ်​၏​အနောက်ပိုင်း​နယ်မြေ​ကို စူးစမ်း​ရှာဖွေပြီး မြေပုံ​ဆွဲ​ရန် စေလွှတ်​ခံရ​ခြင်း​ဖြစ်၏။

[Picture Credit Line on page 13]

© Kevin Schafer/CORBIS