မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နိုးလော့! ဖတ်ရှုခြင်းဖြင့် သတိပေးခံရ

နိုးလော့! ဖတ်ရှုခြင်းဖြင့် သတိပေးခံရ

နိုးလော့! ဖတ်ရှုခြင်း​ဖြင့် သတိပေး​ခံရ

နိုးလော့! ကို​မှန်မှန်​ဖတ်ရှု​သူများ​သည် ယင်း​ဆောင်းပါး​များ​၏ တန်ဖိုး​ကို​သဘောပေါက်​ကြသည်။ လွန်ခဲ့သော​ဒီဇင်ဘာ​လ​က ထိုင်း​နိုင်ငံ၊ က​ဦ​လ​ပ်ခ်​ကမ်းခြေ​တွင် အပန်းဖြေ​ခရီး​ထွက်​နေ​သူ ဂျာမန်​လူမျိုး​မောင်နှံစုံ​တစ်စုံ​အတွက်​မူ ၂၀၀၁၊ ဖေဖော်ဝါရီ ၈ ရက်ထုတ် နိုးလော့! ပါ “ဖျက်ဆီး​တတ်သော​လှိုင်းလုံး​များ—ဒဏ္ဍာရီ​များနှင့် ဖြစ်ရပ်မှန်​များ” ခေါင်းစဉ်​ရှိ ဆောင်းပါး​သည် ထူးကဲ​တန်ဖိုး​ရှိကြောင်း တွေ့ရှိ​ခဲ့​သည်။

ဂျာမန်​သတင်းစာ ဖ​ရန်​ကန်​ပို​စ် (ဇဲလ်​ဘာ​တာ့ဂ်​ဘ​လ​ပ်) က​ထို​မောင်နှံစုံ​၏ အတွေ့အကြုံကို ဤသို့​ဖော်ပြ​သည်–“‘ကျွန်မ​တို့​ရေကူး​နေခဲ့​ကြ​တာ’ ဟု ရို​စ​ဝီ​သာ ဂေ​ဇ​ယ်လ် က​ပြန်​ပြောပြ​သည်။ ပင်လယ်​တွင် ရေကူး​ပြီး​နောက် အဝတ်အစား​လဲ​ရန် ဟိုတယ်​သို့​သူတို့​ပြန်သွား​ကြသည်။ ထို့နောက် သူတို့​ကမ်းခြေ​သို့ ပြန်လာ​သည့်​အခါ တွေ့​လိုက်ရ​သော ထူးခြား​ထိတ်လန့်ဖွယ်​မြင်ကွင်း​ကို ရေ​နာ ဂေ​ဇ​ယ်လ်​က ဤသို့​ပြောပြ​သည်– ‘ဆယ်မိနစ်​လောက်​အကြာမှာ ကျွန်တော်​တို့ ကမ်းခြေ​ကို​ပြန်လာ​ကြ​တဲ့​အခါ ပင်လယ်​မရှိတော့ဘူး​ဗျ။’ ကမ်းခြေ​မှ ခု​နစ်ကီ​လို​မီတာ (လေး​မိုင်) ခန့်အကွာ​ရှိ ကျောက်ဆောင်​တန်း​အထိ တွေ့မြင်​ရသည်မှာ ပင်လယ်​ကြမ်းပြင်​သာ​ဖြစ်သည်။ ‘ရေကူး​နေတဲ့​သူအား​လုံး ပင်လယ်ထဲ​မြော​ပါသွား​ခဲ့တယ်။’

“ဂေ​ဇ​ယ်လ်​မောင်နှံစုံ​သည် နိုးလော့! မဂ္ဂဇင်း​တွင်​ပါ​သော ဆောင်းပါး​ကြောင့် အသက်ချမ်းသာ​ရခဲ့​သည်။” ထို​ဆောင်းပါး​က ဆူနာမီ​ရေလှိုင်း​များ​အရင် ထူးခြား​စွာ​ဒီရေ​ကျ​တတ်​ကြောင်း ရှင်းပြ​ထား​သည်။ “အဝေး​မှ ဧရာမ​လှိုင်းလုံး​ကြီး​ကို သူတို့​တွေ့​လိုက်​သည်​နှင့် လှည့်ထွက်​ပြေး​ခဲ့​ကြသည်။

“ရေ​နံရံ​ကြီး​သည် ၁၂ မှ ၁၅ မီတာ [ပေ ၄၀ မှ ၅၀] ခန့်​အမြင့်​ရှိ​နိုင်​သည်​ဟု ရေ​နာ ဂေ​ဇ​ယ်လ်​က ပြန်​ပြောပြ​သည်။ သူ​မှတ်မိ​သော အဆိုးဝါးဆုံး​မြင်ကွင်း​တစ်ခု​မှာ ကမ်းခြေ​ရှိ အခြား​ကမ္ဘာ​လှည့်​ခရီးသည်​များ ပင်လယ်​ကို​အံ့သြတကြီး ရပ်၍​ငေး​ကြည့်​နေကြ​ခြင်း​ဖြစ်သည်။ ‘သူတို့ တုတ်​တုတ်​တောင်​မ​လှုပ်​ကြဘူး။ လုံခြုံတဲ့​နေရာကို​ပြေးကြ​ပါ​လို့ ကျွန်တော်​အော်ပြော​လိုက်​ပေမဲ့ ဘယ်သူမှ​နားမထောင်ဘူး။’ သူတို့​ထဲ​မှ တစ်ဦးမျှ မလွတ်​မြောက်​ခဲ့။”

ဂေ​ဇ​ယ်လ်​မောင်နှံစုံ​နှင့် ပတ်သက်​၍​လည်း သတင်းစာ​ဆောင်းပါး​က ဤသို့​ဆို​သေး​သည်– “ယေဟောဝါသက်သေ​များ​အနေ​နှင့် သူတို့​အပန်းဖြေ​ခရီး​ထွက်ချိန်​အတွင်း က​ဦ​လ​ပ်ခ်​ကမ်းခြေ​မှ ၁၄၀ ကီလိုမီတာ [၈၅ မိုင်] ဝေး​သော အနီးဆုံး​အသင်းတော်​နှင့် ပေါင်းသင်း​ခဲ့​ကြသည်။ သူတို့၏​ယုံကြည်သူချင်း​များသည် ရုတ်တရက်​ဖြစ်​ခဲ့​သည့် ထို​ဘေး​အကြောင်း ကြား​သောအခါ အသင်းတော်​တစ်ခုလုံး က​ဦ​လ​ပ်ခ်​ကမ်းခြေ​မှာ သူတို့ကို​လာ​ရှာကြသည်။”

ယခု ဂျာမနီ​နိုင်ငံ​သို့ ချောချောမောမော ပြန်ရောက်​နေကြ​သော ဤ​မောင်နှံစုံ​သည် နိုးလော့! ပါ အဖိုးတန်​အကြောင်းအရာ​အတွက် မည်မျှ​တန်ဖိုး​ထား​လေးမြတ်​ကြ​ပါ​သည်​တကား! ထို့​ပြင် သူတို့ကို ကူညီ​ပေး​ခဲ့​ကြသော ထိုင်း​လူမျိုး၊ အထူးသဖြင့် စစ်မှန်သော​ခရစ်ယာန်​မေတ္တာပြ​ခဲ့​ကြသော သူတို့၏ ဝိညာဉ်​ရေး​ညီအစ်ကို​များ​ကို ကျေးဇူး​တင်​လိုက်​ကြ​မည်​ဖြစ်​ခြင်း!