မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူငယ်များ အဖြေရှာနေကြ

လူငယ်များ အဖြေရှာနေကြ

လူငယ်များ အဖြေရှာ​နေကြ

ဆ​ယ့်​ခု​နစ်​ကြိမ်​မြောက် ကက်သလစ်​ကမ္ဘာ့​လူငယ်များ​နေ့ကို ၂၀၀၂ ခုနှစ်​တွင် ကနေဒါ​နိုင်ငံ၊ တိုရွန်တို​မြို့၌ ကျင်းပ​ခဲ့​ရာ ကမ္ဘာ​တစ်ဝန်း​မှ လူထောင်ပေါင်း​များစွာ ရောက်လာ​ခဲ့​ကြသည်။ ယေဟောဝါသက်သေ​များသည် ထို​အခမ်းအနား​တွင် မပါဝင်​ကြသော်လည်း လူငယ်​အမြောက်အမြား စုဝေး​ရောက်ရှိ​လာ​ကြ​မည်​ကို စောင့်မျှော်​ခဲ့​ကြသည်။ ယင်း​အတွက် သူတို့​မည်သို့​ပြင်ဆင်​ခဲ့​ကြ​သနည်း။ ပထမ​ရာစု ခရစ်ယာန်​များ​၏​စိတ်ဓာတ်​မျိုး​ဖြင့် သူတို့သည် ထို​လူငယ်များ​အား ကျမ်းစာ​အကြောင်း ဟောပြောရန် အစပြု​လုပ်ဆောင်ခဲ့​ကြသည်။—တမန်​တော် ၁၆: ၁၂၊ ၁၃

ယေဟောဝါသက်သေ​များ​က ယင်း​လူငယ်များ​ဝိညာဉ်ရေးတွင် စိတ်ဝင်စားမှု​အတွက် ချီးမွမ်း​စကားပြော​ဆို​ခဲ့​ကြသည်။ ၎င်း​က ရင်းရင်းနှီးနှီး ဝိညာဉ်​ရေး​အကြောင်း​စကားစမြည်​ပြောဆို​ခွင့် များစွာ​ရခဲ့​သည်။ ကမ္ဘာ့​လူငယ်များ​နေ့​သည် မျှော်လင့်​ထား​သလို​ဟုတ်မဟုတ် မေးမြန်း​ကြည့်​သောအခါ လုံမငယ်​တစ်ဦး​က ဤသို့​တုံ့ပြန်​သည်– “အခု​ချိန်​ထိ​တော့ တီးမှုတ်​ကခုန်​တာ​ပဲ မြင်တွေ့​ရတယ်၊ ဒါပေမဲ့ ကျွန်မ​ရဲ့​ယုံကြည်ခြင်းကို သန်စွမ်း​စေ​တဲ့​အရာ​ဆို​လို့ ဘာမှ​မရှိဘူး။”

ထို​အခါ သက်သေခံ​က ထို​အမျိုးသမီး​အား လူ​ခပ်သိမ်း​အတွက်​စာအုပ်​တစ်အုပ် ဟူ​သည့်​ဘရိုရှာ​ကို ပေး​ကာ “ယင်းသည် အမှန်ပင် ဘုရားသခင့်​နှုတ်မြွက်တော်​လော” နှင့် “ယင်း​၏​မူလ​အရေးအသား​မှာ မပြောင်းလဲ​ကြောင်း ကျွန်ုပ်​တို့ မည်သို့​သိရှိ​နိုင်​သနည်း” စ​သည့်​ကျမ်းစာ​နှင့်​ပတ်သက်​၍ လူ​တို့​မေးတတ်သည့်​မေးခွန်း​များစွာ​ကို ယင်း​စာအုပ်​က အဖြေပေး​ထား​ကြောင်း ရှင်းပြ​ခဲ့​သည်။

ထို​မိန်းကလေး​က “အဲဒါတွေကြောင့်​ပဲ ကျွန်မ​လည်း စိတ်ရှုပ်​နေတာ။ ကျွန်မ​အဖြေ​သိချင်တဲ့ မေးခွန်းတွေ​ရှိနေတယ်။ ကျွန်မ ဒါကို အခုပဲ​ဖတ်ချင်​တယ်။ ဒါဟာ ဒီ​ခရီးစဉ်​ကနေ​ရတဲ့ အရေးကြီးဆုံး​အရာ ဖြစ်ပါ​လိမ့်မယ်။”

ယင်းသည် ကမ္ဘာ့​လူငယ်များ​နေ့ ကွန်​ဖ​ရ​င့်​အစည်းအဝေး​သို့ ရောက်လာ​ကြသော ကိုယ်စားလှယ်​များနှင့် သက်သေခံ​များ ပြောဆို​ဆွေးနွေး​ခဲ့​သည့်​အရာများ​စွာ​ထဲ​မှ တစ်ခုမျှသာ​ဖြစ်ပါ​သည်။ အသင်​လည်း ၃၂ မျက်နှာ​ရှိ လူ​ခပ်သိမ်း​အတွက်​စာအုပ်​တစ်အုပ် ဘရိုရှာ​ကို ရရှိ​လို​ပါ​က ပူးတွဲ​ပါ​ကူပွန်​ကို ဖြည့်စွက်​ပြီး ကူပွန်​တွင်​ဖော်ပြ​ထားသော​လိပ်စာ သို့​မဟုတ် ဤ​မဂ္ဂဇင်း​၏​စာမျက်နှာ ၅ ရှိ​သင့်တော်​ရာ​လိပ်စာ​သို့ စာရေး​ပေး​ပို့​နိုင်​ပါ​သည်။

လူ​ခပ်သိမ်း​အတွက်​စာအုပ်​တစ်အုပ် ဘရိုရှာ​ကို မေတ္တာ​လက်ဆောင် ရ​လို​ပါ​သည်။

□ အခမဲ့​အိမ်တွင်း​ကျမ်းစာ​သင်အံမှု အတွက် ကျေးဇူးပြု​၍ ကျွန်ုပ်​နှင့် ဆက်သွယ်​ပါ။