ကျွန်ုပ်တို့အတွက် ဘုရားသခင့်ရည်ရွယ်ချက်ကား အဘယ်နည်း
ကျွန်ုပ်တို့အတွက် ဘုရားသခင့်ရည်ရွယ်ချက်ကား အဘယ်နည်း
▪ ကမ္ဘာပေါ်တွင် တစ်ခဏမျှဖြစ်သောအနှစ် ၇၀ သို့မဟုတ် ၈၀ သာအသက်ရှင်ပြီး သေဆုံးသွားရန် ဘုရားသခင်ရည်ရွယ်သလော။ လူကောင်းများကို ကောင်းကင်တွင်နေထိုင်ဖို့ ခေါ်ဆောင်သွားရန် ဘုရားသခင်ရည်ရွယ်သလော။ အဘယ်ကြောင့် ဘုရားသခင် ကမ္ဘာမြေကို ဖန်ဆင်းတော်မူသနည်း။ လူသားများ ခေတ္တယာယီနေထိုင်စရာနေရာအဖြစ် ရည်ရွယ်ခဲ့သလော။
စာမျက်နှာ ၃၂ မျက်နှာရှိ ကမ္ဘာသားဘဝ ထာဝရစံစားကြ! ဘရိုရှာက ဘုရားသခင်သည် လူသားများအတွက် ထာဝရနေအိမ်အဖြစ် ကမ္ဘာမြေကိုဖန်ဆင်းခဲ့ကြောင်း ဖော်ပြသည်။ ကျွန်ုပ်တို့၏ကမ္ဘာမြေကို ဂရုစိုက်ပြုစုမည်ဆိုလျှင် လှပသောပရဒိသုဖြစ်လာစေရန် ပြုလုပ်ထားသည်။ ဤဘရိုရှာတွင်ပါသော “လူအဘယ်ကြောင့်သေသနည်း” နှင့် “သေခြင်းကားအဘယ်နည်း” ဟူသော အပိုင်းများက ထိုသို့အဘယ်ကြောင့်မဖြစ်ခဲ့ကြောင်းဖော်ပြပြီး၊ “ကယ်တင်ရှင်တစ်ပါး ယေဟောဝါပေးသနား” နှင့် “အပြစ်နှင့်သေခြင်းမှ ကျွန်ုပ်တို့ကယ်တင်ခံရပုံ” ဟူသော အပိုင်းများက လူသားများအတွက် ကမ္ဘာမြေသည် လှပသောပရဒိသုစံအိမ်တစ်ခု မည်သို့ဖြစ်လာမည်ကို ရှင်းပြသည်။
ဤဘရိုရှာတွင် ရုပ်ပုံ ၇၅ ပုံကျော်ပါပြီး ရုပ်ပုံတစ်ခုစီနှင့်တွဲ၍ ကျမ်းချက်တစ်ချက် သို့မဟုတ် ထို့ထက်မက ဖော်ပြထားသည်။ ထိုကျမ်းချက် များသည် ရုပ်ပုံများကို ဆွေးနွေးရန် အခြေခံအကြောင်းဖြစ်သည်။ သင့်တွင် သားသမီးများရှိပါက ဘုရားသခင့်ရည်ရွယ်ချက်များအကြောင်း သူတို့သိရှိလာစေရန် ထိုရုပ်ပုံများကို အသုံးပြုနိုင်သည်။
ဘရိုရှာတစ်စောင် တောင်းခံလိုပါက ပူးတွဲပါကူပွန်ကို ဖြည့်စွက်ပြီး ဖော်ပြပါလိပ်စာ သို့မဟုတ် ဤမဂ္ဂဇင်း၏ စာမျက်နှာ ၅ ပါသင့်လျော်ရာလိပ်စာ တစ်ခုခုသို့ စာတိုက်မှတစ်ဆင့် ပို့ပေးပါ။
□ ကမ္ဘာသားဘဝထာဝရစံစားကြ! ဘရိုရှာတစ်စောင် မေတ္တာလက်ဆောင် ရရှိလိုပါသည်။
□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုအတွက် ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။