မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့၏ စာရှုသူများထံမှ

ကျွန်ုပ်တို့၏ စာရှုသူများထံမှ

ကျွန်ုပ်​တို့၏ စာရှုသူ​များ​ထံ​မှ

ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်​ခြင်း “ဆယ်ကျော်သက်​ကိုယ်ဝန်​ဆောင်​မှု—ကမ္ဘာချီ ကြေကွဲဖွယ်​ဖြစ်ရပ်ဆိုး” အခန်းဆက်​ဆောင်းပါး​တွေ​က ကျွန်မ​ရဲ့​နှလုံးကို​ထိမိ​ခဲ့တယ်။ (၂၀၀၅၊ မေ ၈) ကျွန်မ ၁၆ နှစ်အရွယ်မှာ ကိုယ်ဝန်​ရှိခဲ့တယ်။ မိခင်​ဖြစ်သူ ကို အထောက်အကူ​ပေးခြင်း​ရဲ့ အရေးကြီးမှုနဲ့ ဘာ​အပြစ်​မှ​မရှိတဲ့​ကလေး​ကို ယေဟောဝါ ဂရုစိုက်​တယ်​ဆို​တဲ့​အကြောင်း သင်တို့​အလေးပေး​ဖော်ပြ​ခဲ့​တာ​ကို ကျွန်မ​တန်ဖိုး​ထား​တယ်။ ဒီလိုမျိုး နှစ်သက်စရာ​ကောင်း​တဲ့ ဆောင်းပါး​အတွက် ကျေးဇူး​တင်​ပါ​တယ်။

အမ်. အာရ်.၊ အမေရိကန်​နိုင်ငံ

အဲ့ဒီ​နိုးလော့!ကို အနီးအနား​က​ဆေးခန်း​ရဲ့ သားဖွား​ဆရာမ​ကြီး​ကို ကျွန်မ​ဝေငှ​ခဲ့တယ်။ ဆေးခန်း​မှာ အရင်က​မဖြစ်​ဖူး​တဲ့ ၁၄၊ ၁၅ နှစ်အရွယ် မိန်းကလေးတွေ ကလေး​မွေး​နေကြ​တဲ့​အကြောင်း သူ​ပြောပြ​တယ်။ အဲ့ဒီ​မဂ္ဂဇင်း​အ​စောင် ၂၀ ကို မြီး​ကောင်​ပေါက်​အရွယ်​တွေ​နဲ့ သူတို့ရဲ့​မိဘတွေကို သူ​ပေး​ချင်​လို့ ချက်ချင်း​ရနိုင်​မလားလို့ တောင်းဆို​ခဲ့တယ်။

အိုင်.အာရ်.၊ ဘီနင်​နိုင်ငံ

ကျွန်မ​အသက် ၁၇ နှစ်​ပြည့်​ဖို့ တစ်လ​အလိုမှာ ကိုယ်ဝန်​ရှိနေမှန်း သိလိုက်​ရတယ်။ မိဘတွေကို ဖွင့်ပြော​ရတာ တကယ့်ကို​ခက်​ပြီး ဝမ်းနည်း​ကြေကွဲစရာ​အဖြစ်​ဆုံး​ပါ​ပဲ။ လူငယ်တွေ ဒီ​ဆောင်းပါး​ကို​ဖတ်​ပြီး ဒီ​ကိစ္စ​ကို​အလေးအနက်​ထား​ကြ​မယ်​လို့ ကျွန်မ​မျှော်လင့်​ပါ​တယ်။ ကျွန်မ ဒီလို​အဖြစ်မျိုး​ကြုံ​ရလိမ့်မယ်လို့ တစ်ခါ​မှ​မထင်​မိ​ခဲ့​ဘူး။

ဒီ.စီ.၊ အမေရိကန်​နိုင်ငံ

အသက် ၁၇ နှစ်အရွယ်မှာ ကျွန်မ​မိခင်​တစ်ယောက် ဖြစ်​ခဲ့​ရတယ်။ ဒါနဲ့ အိမ်ထောင်ပြု​လိုက်ရတယ်၊ မကြာခင်​မှာ​ဘဲ ပြန်​ကွဲ​သွား​ကြတယ်။ အကျိုးဆက်​တွေ​ကို​မသိဘဲ မဆင်မခြင် လိင်ဆက်ဆံ​မိ​ခဲ့​တဲ့​အတွက် အဲဒီ​နှစ်တွေ​မှာ ကျွန်မ​ပြီးမြောက်​အောင်မြင်​နိုင်​မယ့် အခွင့်အရေးတွေ​အများကြီး လက်လွတ်​ဆုံးရှုံး​လိုက်ရ​တာ​ကို စဉ်းစားမိ​ရင် စိတ်နာ​စ​ရာ​ပဲ။ လူငယ်တွေ ဒီလို​အမှား​မျိုး မ​လုပ်မိ​ကြဖို့ ကျွန်မ​အမြဲ​အကြံ​ပေးတယ်။ အဲ့ဒီ​ဆောင်းပါး​အတွက် တကယ်​ကျေးဇူး​တင်​ပါ​တယ်။

အန်.စီ.၊ ဟွန်ဒူးရပ်စ်​နိုင်ငံ

“ယေဟောဝါ၊ ကိုယ်တော် ကျွန်မ​ကို​တွေ့​တော်​မူ​ပြီ!” ကျွန်မ​အသက် ၁၅ နှစ်​ပါ၊ “ယေဟောဝါ၊ ကိုယ်တော် ကျွန်မ​ကို​တွေ့​တော်​မူ​ပြီ” (အောက်တိုဘာ ၈၊ ၂၀၀၄၊ [လိပ်]) ဆို​တဲ့​ဆောင်းပါး​ကို ကျွန်မ​အရမ်း​နှစ်သက်တယ်။ နယ်​လီ​ရဲ့​တွေ့ကြုံမှု​က ယာကုပ် ၄:၈ မှာပါတဲ့ “ဘုရားသခင်​၌​ချဉ်းကပ်​ကြလော့။ သို့ပြုလျှင်၊ သင်တို့၌​ချဉ်းကပ်​တော်​မူ​လိမ့်​မည်” ဆို​တဲ့​စကား​တွေ​ကို ပို​ပြီး​အပြည့်အဝ​သဘောပေါက်​စေဖို့ ကျွန်မ​ကို အကူအညီ​ပေး​ခဲ့တယ်။ ယုံကြည်ခြင်း​ခိုင်ခံ့​စေ​တဲ့ ဆောင်းပါး​အတွက် ကျေးဇူး​တင်​ပါ​တယ်!

ကေ.ပီ.၊ အမေရိကန်​နိုင်ငံ

နယ်​လီ​လဲ​န်ဇ်​ရဲ့​တွေ့ကြုံမှု​က ယေဟောဝါ​ဟာ မေတ္တာရှင်​ဘုရားသခင်​ဖြစ်​ပြီး ကျွန်မ​တို့​သာ ကိုယ်တော်​ကို​ဆက်​ရှာမယ်ဆိုရင် ကိုယ်တော်​အတွေ့ခံမယ်​ဆိုတာ​ကို ယုံကြည်​စိတ်ချ​စေတယ်။

အမ်.ကေ.၊ ဂျပန်​နိုင်ငံ

ယေဟောဝါ​ရဲ့​သိုး​တွေ​အားလုံး ဘယ်​နေရာမှာပဲ​ရှိပါစေ သူတို့ဟာ ကိုယ်တော့်​အတွက် အရမ်း​တန်ဖိုး​ရှိတဲ့​အပြင် သူတို့ကို ကိုယ်တော်​သတိ​ရပြီး သူတို့​တစ်ယောက်စီ​ကို ထောက်မ​ပေး​လိမ့်မယ်​ဆိုတာ ဒီလို​ဆောင်းပါး​တွေ​က​တစ်ဆင့် ယုံကြည်​စိတ်ချ​စေ​တဲ့​အတွက် နှစ်သိမ့်မှု​ခံစား​ရတယ်။

ဂျေ.ဂျီ.၊ ကနေဒါ​နိုင်ငံ

ဒီ​ဆောင်းပါး​ကို​ဖတ်​ပြီး ကျွန်မ​မျက်ရည်ကျခဲ့​တယ်။ ကျွန်မ​မိဘတွေက ယေဟောဝါသက်သေ​တွေ မဟုတ်​ကြဘူး၊ ကျွန်မ​ကို​အတိုက်အခံလုပ်​ခဲ့​ကြတယ်။ နယ်​လီ​ဟာ ယေဟောဝါ​အမှုတော်​ဆောင်​ဖို့ သူ့ရဲ့​ဆုံးဖြတ်ချက်​အတိုင်း စွဲစွဲမြဲမြဲ​ရပ်တည်ခဲ့​တဲ့​အတွက် ကျွန်မ​ဝမ်းသာတယ်။

ကေ.ဂျေ.၊ ဂျမေကာ​နိုင်ငံ

ကျွန်မ​အသက် ၁၂ နှစ်​ပါ။ အိမ်မှာ​ပြဿနာ​တွေ ဘယ်လောက်​ပဲ​များနေ​ပါစေ အဲဒါတွေကို ယေဟောဝါ​အမြဲ​ကူညီ​ပေး​မယ်​ဆိုတာ သိရလို့​အရမ်း​အားရှိစေတယ်။

ဂျေ.ဒဗလျူ.၊ အမေရိကန်​နိုင်ငံ

နယ်​လီ​က​သူရဲ့​တွေ့ကြုံမှု​ကို ကျွန်မတို့ကို​ဝေမျှပေး​ခဲ့​တာ သိပ်​ကောင်း​ပါ​တယ်။ အဲဒါက အလားတူ​အခြေအနေ​တွေ​မှာ ကလေး​တွေ​ကို ကူညီ​ပေးတယ်။ လူကြီးတွေ​အနေ​နဲ့​လည်း ကလေး​တွေ​ကို သတိတရ​ရှိဖို့ သိပ်​အရေးကြီးပါတယ်။ အသင်းတော်မှာ သူတို့ အထူး​လိုအပ်ချက်​တွေ​ရှိကြတယ်​ဆိုတာ မေ့သွား​ဖို့ သိပ်​လွယ်ကူတယ်။

အမ်.ကေ.၊ ဒိန်းမတ်​နိုင်ငံ

တွေ့ကြုံမှု​တစ်ခု​ကြောင့် ကျွန်မ​စိတ်​ကို​ဒီလောက်​ထိမိ​စေ​ခဲ့​တာ တစ်ခါ​မှ​မရှိခဲ့ဖူးဘူး။ လူငယ်​တစ်ယောက်​အနေ​နဲ့ ကိုယ်​ကိုယ်တိုင် သမ္မာတရား​ဘက်မှာ ရပ်တည်​နိုင်​ခြင်း​က ဘာကို​ဆိုလို​သလဲ​ဆိုတာ​ကိုလည်း ကျွန်မ​သိလာတယ်။ ကျွန်မ​အိမ်မှာ ယေဟောဝါ​အမှုဆောင်​သူ​ဆို​လို့ ကျွန်မ​တစ်ယောက်တည်း ရှိခဲ့တာ​လေးနှစ်​ရှိပြီ။ နယ်​လီ​အပေါ် ယေဟောဝါ​ကိုယ်တော်တိုင်​ရဲ့ ဂရုစိုက်​စောင့်ရှောက်မှု​အကြောင်း​ဖတ်​ရတာ ကျွန်မ​ကို​နှလုံး​ထိမိ​စေ​ခဲ့တယ်။ တည်ဆောက်မှု​ဖြစ်စေ​တဲ့ တွေ့ကြုံမှု​အတွက် ကျေးဇူး​တင်​ပါ​တယ်။ ကျေးဇူး​တင်​ပါ​တယ်၊ နယ်​လီ!

ဂျီ.ဒဗလျူ.၊ ဂျာမနီ​နိုင်ငံ