မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျိုးသုဉ်းမည့်အန္တရာယ်ကြုံနေသည့် မျိုးစိတ်များ

မျိုးသုဉ်းမည့်အန္တရာယ်ကြုံနေသည့် မျိုးစိတ်များ

မျိုးသုဉ်း​မည့်​အန္တရာယ်​ကြုံနေ​သည့် မျိုးစိတ်များ

အီတလီ​မှ နိုးလော့! စာရေးသူ ပေး​ပို့​သည်

ဆွစ်ဇာလန်​နိုင်ငံ၊ ဂ​လဲ​န်တ်​မြို့ရှိ ကမ္ဘာ့​ထိန်းသိမ်း​စောင့်ရှောက်ရေး​သမဂ္ဂ (အိုင်​ယူ​စီ​အဲ​န်) သည် ယင်း​၏ ၂၀၀၄ ခုနှစ် အန္တရာယ်​ကြုံ​နေသော​မျိုးစိတ်​စာရင်း​ကို ထုတ်ပြန်ခဲ့​သည်။ ဤ​စာရင်း​သည် ကမ္ဘာ​ပေါ်​ရှိ​အပင်များ​နှင့် တိရစ္ဆာန်​များ​၏ ကျန်းမာ​ရေး​အခြေအနေ​ကို ညွှန်ပြ​သည်။ အန္တရာယ်​စာရင်း​တွင် မျိုးစိတ်ပေါင်း ၁၅,၅၀၀ ကျော်​ပါဝင်​သည်။

မျိုးစိတ်များ​ကို ဘေးအန္တရာယ်​ရှိစေ​သည့် အဓိက​ခြိမ်းခြောက်​မှု​တစ်ခု​မှာ လူသားများ​၏​လုပ်ဆောင်မှု ဖြစ်သည်။ လူသားများ​သည် မိမိတို့ အသက်ရှင်​သန်​ရေး​အတွက် မရှိမဖြစ်​လိုအပ်သော အတိမ်းအစောင်း​မခံ​သည့် သဘာဝ​ဝန်းကျင်​မျှတမှုကို ထိန်းသိမ်း​မည့်​အစား အခြား​မျိုးစိတ်များ​ကို လွန်​စွာ​အန္တရာယ်​ဖြစ်စေ​သည့် လုပ်ဆောင်မှုများ​ကို လုပ်​နေကြ​ခြင်း​ဖြင့် ဆက်၍​ဖျက်ဆီး​နေကြ​သည်။ ဝမ်းနည်းစရာမှာ၊ ထိုသို့​ပြုလုပ်ခြင်း​ကြောင့် မျိုးစိတ်​အများအပြား​နှင့်အတူ အလွန်​အဖိုးတန်​သော သယံဇာတ​များ ပျက်စီး​ဆုံးရှုံး​ခြင်း​ဖြစ်သည်။

လွန်ခဲ့သော​နှစ်​၏ အန္တရာယ်​စာရင်း​တွင် ဖော်ပြ​ထားသော တိရစ္ဆာန်​များ​ထဲ​မှ​တစ်မျိုး​မှာ ဤ​တွင်​ဖော်ပြ​ထားသော နှုတ်သီး​တို လင်းပိုင်​ဖြစ်သည်။ မြေထဲပင်လယ်​ရှိ ၎င်းတို့၏​အရေအတွက်​သည် လွန်ခဲ့သော​နှစ် ၃၀ မှ ၄၅ နှစ်​အတွင်း ၅၀ ရာခိုင်နှုန်း​ကျော် လျော့ကျ​သွားခဲ့​ရာ ယခု​အခါ မျိုးသုဉ်း​မည့်​အန္တရာယ်​ကြုံနေ​ကြ​ရသည်​ဟု ယူဆကြ​သည်။ အိုင်​ယူ​စီ​အဲ​န်​၏​အဆို​အရ “နေရင်း​ဒေသ​ယိုယွင်း​ပျက်စီးမှု၊ ငါး​အလွန်အကျွံ​ဖမ်းဆီးမှု​နှင့်​သဘာဝ​ဝန်းကျင် ပြောင်းလဲမှု​တို့ စုပေါင်း​ဖြစ်ပေါ်မှု​သည် မြေထဲပင်လယ်​ရှိ​လင်းပိုင်​များ အရေအတွက်​လျော့နည်း​သွားခြင်း” ၏​အကြောင်းရင်း​များ ဖြစ်သည်။ လူသားများ​ပြုလုပ်​သော အဆိပ်​ဖြစ်စေ​သည့် ဓာတု​ပစ္စည်း​များ အလွန်​များပြား​လာ​ခြင်း​က မြေထဲပင်လယ်​ရှိ လင်းပိုင်​များ​ကို “ကိုယ်ခံအား​နည်းစေ​ပြီး မျိုးပွား​နိုင်စွမ်း​ကို​ပျက်စီး​စေ” ကြောင်း​တွေ့ရ​သည်။

အဆင်​အ​ခြင်​မဲ့​စွာ၊ တစ်ကိုယ်ကောင်း​ဆန်​စွာ ဖျက်ဆီး​နေသူတို့​ကို ဖန်ဆင်း​ရှင်​သည် အကန့်အသတ်မဲ့ သည်းခံ​တော်​မူ​လိမ့်​မည်​မဟုတ်​ချေ။ ယင်းအစား ကိုယ်တော်​သည် “မြေကြီးကို​ဖျက်ဆီး​သော​သူတို့ကို ဖျက်ဆီး” မည့် “အချိန်” နီးကပ်​လာ​နေကြောင်း ကျမ်းစာ​ပရောဖက်ပြုချက်​များ​က ညွှန်ပြ​သည်။ လူသားများ​သည် “အသက်ရှင်​၍​မြေပေါ်မှာ​တွား​တတ်သော တိရစ္ဆာန်​အပေါင်း” နှင့် ‘မြေတစ်ပြင်လုံး​တွင် အပင်အမျိုးမျိုး’ တို့ကို ထိန်းသိမ်း​စောင့်ရှောက်​နိုင်စွမ်း​ရှိသော​အခြေအနေ​ကို ယေဟောဝါ​ပြန်လည်​တည်ထောင်​တော်​မူ​လိမ့်​မည်။—ဗျာ. ၁၁:၁၈; ကမ္ဘာဦး ၁:၂၈-၃၀သ​မ။

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

နှုတ်သီး​တို လင်းပိုင်​များ

[Credit Line]

© Goran Ehlme/SeaPics.com

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

မျက်​ခုံး​မည်း ပင်လယ်​စင်ရော်ငှက်​ကြီး​များလည်း မျိုးသုဉ်း​မည့် အန္တရာယ်​ကြုံနေ​သည့် စာရင်း​တွင် ပါဝင်