မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့၏ စာရှုသူများထံမှ

ကျွန်ုပ်တို့၏ စာရှုသူများထံမှ

ကျွန်ုပ်တို့၏ စာရှုသူများထံမှ

တောင်တန်းများ—⁠ကမ္ဘာမြေပေါ်ရှိ သက်ရှိများအတွက်အရေးပါ (မတ် ၂၂၊ ၂၀၀၅ [လိပ်]) ဂရန်းတီးတန်အမျိုးသားဥယျာဉ်ကို သွားလည်ခြင်းက ကျွန်မဘဝရဲ့ အံ့သြမှင်တက်ဖွယ်အကောင်းဆုံး အဖြစ်အပျက်တစ်ခုပါပဲ။ ဒါပေမဲ့ တောင်တန်းတွေ ဘယ်လောက်အရေးပါတယ်ဆိုတဲ့အကြောင်း ဖတ်လိုက်ရတဲ့အခါ ကျွန်မ အံ့အားသင့်ခဲ့ရတယ်။ အခုဆို ကမ္ဘာမြေကြီးပေါ်က တောင်တန်းတွေရဲ့အရေးပါမှုကို ပိုနားလည်လာပြီး အဲဒါတွေကို ဒီဇိုင်းပြုလုပ်ဖန်ဆင်းခဲ့တဲ့ ကောင်းမြတ်တော်မူလှတဲ့ ဖန်ဆင်းရှင်ကိုလည်း အရမ်းကျေးဇူးတင်လေးမြတ်လာတယ်။

ဂျေ. ဂျီ.၊ ယူနိုက်တက်စတိတ်

ယေဟောဝါရဲ့ဖန်ဆင်းခြင်းလက်ရာ လှပမှုတွေကို မြင်တဲ့အခါ ကျွန်တော် ဘယ်လိုခံစားရတယ်ဆိုတာ ပြောပြဖို့ စကားလုံးရှာမရအောင်ပါပဲ။ လူတွေကျူးကျော်ဝင်ရောက်ပြီး ကမ္ဘာ့ပတ်ဝန်းကျင်ကို ညစ်ညမ်းအောင်လုပ်နေပေမဲ့ တောင်တန်းတွေရဲ့ အလှအပကိုခံစားနိုင်ဆဲဖြစ်ပြီး အဲဒီအတွက် ကျေးဇူးတင်နိုင်ဆဲဖြစ်ပါတယ်။ ဆာလံ ၇၂:၁၆ မှာပါတဲ့ကတိတော်အတိုင်း မကြာခင်အနာဂတ်မှာ ဖြစ်လာမယ်ဆိုပြီး တခြားသူတွေကို ပြောပြရလို့ ကျွန်တော် ပျော်တယ်။

အာရ်. စီ.၊ ယူနိုက်တက်စတိတ်

လူငယ်များအမေး . . . ငါ ဘာကြောင့် ကာယအလုပ်ကို လုပ်သင့်သလဲ (မတ် ၂၂၊ ၂၀၀၅ [လိပ်]) ကျွန်မအဖေဦးစီးတဲ့ ဆေးသုတ်တဲ့ကုမ္ပဏီတစ်ခုမှာ ဆေးသုတ်သမားတစ်ဦးအဖြစ် ကျွန်မလုပ်တယ်။ ဒီအလုပ်မျိုးက ဦးနှောက်သုံးရတဲ့အလုပ်မဟုတ်ဘူးလို့ လူတစ်ယောက်က ပြောခဲ့တယ်။ ဒါပေမဲ့ ဒီဆောင်းပါးက ယေရှုနဲ့ပေါလုတောင် သူတို့လက်နဲ့အလုပ်လုပ်ခဲ့ကြတယ်ဆိုပြီး ဖော်ပြထားတယ်။ အခုဆို အလုပ်ကို ပိုပြီးဇွဲနဲ့လုပ်ဖို့ တွန်းအားဖြစ်စေတယ်။ စည်းဝေးပွဲခန်းမနဲ့ နိုင်ငံတော်ခန်းမဆောက်လုပ်ရေးတွေမှာ ဒီအရည်အချင်းကို အသုံးပြုနိုင်တဲ့အထိ ကျွမ်းကျင်လာအောင် ကျွန်မကြိုးစားချင်တယ်။

အမ်. ဝိုင်.၊ ဂျပန်

ဒီဆောင်းပါးက ကျွန်မကို တကယ်အားရှိစေတယ်။ ကျွန်မတို့ အသက်တာမှာ ယေဟောဝါအမှုဆောင်ဖို့က အဓိကဖြစ်ပြီး ကျွန်မရွေးချယ်တဲ့ အသက်မွေးဝမ်းကျောင်းအလုပ်က အဲဒီရည်ရွယ်ချက်နဲ့အညီဖြစ်ရမယ်ဆိုတဲ့ အချက်ကို ထပ်သတိပေးခဲ့တယ်။ ကောင်းမွန်လှတဲ့ ဒီဆောင်းပါးက အိမ်မှာလိုအပ်တဲ့အရာတွေကို အစပြုလုပ်ဆောင်စေတယ်။ ပိုအရေးကြီးတာက ဒီဆောင်းပါးကြောင့် ကာယအလုပ်နဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့အမြင်မျိုး ရရှိခဲ့တယ်။

ဝိုင်. ကေ.၊ ရုရှား

အသက်—⁠အံ့ဖွယ်ကွင်းဆက်အစုအဝေးကြီး(ဇန်နဝါရီ ၂၂၊ ၂၀၀၅ [လိပ်]) ကျွန်မအသက် ၁၅ နှစ်ပါ။ ကျောင်းမှာသင်ရတဲ့ ဇီဝဗေဒဘာသာရပ်မှာ စွမ်းအင်ဆိုင်ရာ ဇီဝတွင်းဖြစ်ပျက်မှုအကြောင်း ကျွန်မတို့ လေ့လာနေတယ်။ ကျောင်းကို ဒီမဂ္ဂဇင်းယူသွားတဲ့အခါ ဇီဝဗေဒဆရာက သင်ကြားတဲ့နေရာမှာ ဒီထဲကပုံတွေကိုပြပြီး အဲဒီဆောင်းပါးကိုသုံးခဲ့တယ်။ အတန်းပြီးသွားတဲ့အခါ လူတိုင်းက ဒီမဂ္ဂဇင်းလိုချင်တဲ့အကြောင်း လာပြောကြတယ်။ ဒီဆောင်းပါးကနေ ယေဟောဝါဘုရားသခင်ဟာ ဘယ်လောက် ဉာဏ်ပညာရှိသလဲဆိုတာ အထင်အရှားတွေ့နိုင်တယ်။ ကိုယ်တော်ဟာ ချီးမွမ်းဂုဏ်တင်ခံထိုက်တယ်ဆိုတာ သေချာပါတယ်။ သက်ရှိအားလုံး ယေဟောဝါကို ချီးမွမ်းဂုဏ်တင်လာမယ့်အချိန်အထိ ကျွန်မ မစောင့်နိုင်တော့ဘူး။

ဝိုင်. ဘီ.၊ ရုရှား

“အကယ်၍ လူတွေသာ သိခဲ့ရင်” (ဇန်နဝါရီ ၈၊ ၂၀၀၅ [လိပ်]) ကျွန်မအသက်က ၁၇ နှစ်ဖြစ်ပြီး ဘုရားသခင့်နိုင်ငံတော်ကြေညာသူတွေ ပိုလိုအပ်တဲ့နေရာကို ပြောင်းရွှေ့ဖို့ မကြာခဏ စဉ်းစားခဲ့ဖူးတယ်။ ဒေးဗစ်ရဲ့ပုံသက်သေက ဘွဲ့ရပြီးတာနဲ့ချက်ချင်း အဲဒီလိုနေရာမျိုးကို ပြောင်းရွှေ့ဖို့ ကျွန်မရဲ့ဆုံးဖြတ်ချက်ကို ပိုခိုင်မာစေခဲ့တယ်။ ဒီလိုအားတက်စေတဲ့ ပုံသက်သေတွေကို ကျေးဇူးပြုပြီး ဆက်ထုတ်ဝေပေးစေချင်ပါတယ်။ ကျွန်မလိုလူငယ်တွေက ဟောပြောခြင်းလုပ်ငန်းမှာ ရှေ့ဆက်တိုးနိုင်ဖို့ အဆက်မပြတ်အားပေးမှု လိုအပ်တယ်။

ကေ. အို.၊ ပိုလန်

ကျွန်မ အသက် ၂၀ ရှိပါပြီ။ ဒီဆောင်းပါးကိုဖတ်ပြီး ငိုမိတယ်။ ‘တကယ်လို့ ကျွန်မ ငယ်ငယ်ရွယ်ရွယ်နဲ့သေသွားခဲ့ရင် ယေဟောဝါရဲ့အမှုတော်ကို အတတ်နိုင်ဆုံး မထမ်းဆောင်ခဲ့ဘူးဆိုတဲ့ နောင်တမျိုးမရချင်ဘူး’ လို့တွေးမိတယ်။ ကျွန်မရဲ့ပန်းတိုင်က မကြာခင် အချိန်ပြည့် အမှုဆောင်တစ်ယောက်ဖြစ်ဖို့ပဲ။ ဒီဆောင်းပါးကို ဘောင်သွင်းပြီး နံရံမှာချိတ်ထားမယ်၊ ဒါမှ ဒီဆောင်းပါးကိုဖတ်တုန်းက ရှိခဲ့တဲ့ခံစားချက်ကို မေ့မသွားမှာ။ ဒီလို ကောင်းမွန်လှတဲ့တွေ့ကြုံမှုတွေကို ထုတ်ဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

အဲန်. အဲန်.၊ ဂျပန်