မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမိုင်းတွင် အရေးကြီးဆုံးသော နေ့ရက်

သမိုင်းတွင် အရေးကြီးဆုံးသော နေ့ရက်

သမိုင်းတွင် အရေးကြီးဆုံးသော နေ့ရက်

ယင်းသည် ယေရှုခရစ်သေဆုံးသော နေ့ရက်ဖြစ်သည်။ ယေရှု၏သေခြင်းသည် အဘယ်ကြောင့် ဤမျှအရေးကြီးရသနည်း။ အကြောင်းရင်းများစွာကြောင့်ဖြစ်သည်။

သေသည့်တိုင်အောင် ယေရှုတည်ကြည်ခဲ့ခြင်းက လူတစ်ဦးသည် ဘုရားသခင်အား သမာဓိစောင့်သိနိုင်ကြောင်း သက်သေထူသည်။

ခရစ်တော်၏သေခြင်းက ကောင်းကင်တွင် ကိုယ်တော်နှင့်အတူ တွဲဖက်အုပ်ချုပ်သူများဖြစ်လာရန် လူသားတို့ထဲမှ အချို့သောသူတို့အတွက် အခွင့်အလမ်းပွင့်ခဲ့သည်။ ထို့အပြင် ယင်းက မြေကြီးပရဒိသုတွင် ထာဝရအသက်ပျော်မွေ့နိုင်ရန် များစွာသောသူတို့အတွက် လမ်းဖွင့်ပေးခဲ့သည်။

ကိုယ်တော်မသေဆုံးမီညတွင် ယေရှုသည် မိမိ၏မေတ္တာပြည့်ဝသော လူသားပူဇော်ရာယဇ်၏အထိမ်းအမှတ်အဖြစ် တဆေးမဲ့မုန့်နှင့် စပျစ်ရည်ကို အသုံးပြုခဲ့သည်။ ထို့နောက် တပည့်များအား ကိုယ်တော်ဤသို့မိန့်မှာခဲ့သည်– “ငါ့ကို အောက်မေ့ဖို့ရာ ဤသို့ပြုကြလော့။” (လုကာ ၂၂:၂၉) ဤအရေးကြီးသောဖြစ်ရပ်ကို သင်သတိရအောက်မေ့မည်လော။

ယေရှု၏သေခြင်းကို သတိရအောက်မေ့ဖို့ ပွဲတော်ကျင်းပချိန်တွင် သူတို့နှင့်အတူပါဝင်ကြရန် ယေဟောဝါသက်သေများက သင့်အားလှိုက်လှဲစွာ ဖိတ်ခေါ်ပါသည်။ ဤနှစ်တွင် ၎င်းအထိမ်းအမှတ်ပွဲတော်ကျင်းပမည့်နေ့စွဲမှာ ဗုဒ္ဓဟူးနေ့၊ ဧပြီ ၁၂ ရက် နေဝင်ပြီးနောက်ဖြစ်သည်။ သင့်အိမ်နှင့်အနီးဆုံး ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် သင်တက်ရောက်နိုင်ပါသည်။ အချိန်နှင့်နေရာ အတိအကျကို ကျေးဇူးပြု၍ ဒေသခံယေဟောဝါသက်သေများထံ မေးမြန်းစုံစမ်းပါ။