မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့ သားသမီးများကို ကာကွယ်ရန် အကူအညီ

ကျွန်ုပ်တို့ သားသမီးများကို ကာကွယ်ရန် အကူအညီ

ကျွန်ုပ်တို့ သားသမီးများကို ကာကွယ်ရန် အကူအညီ

လွန်ခဲ့သည့်နှစ်က အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ်မှ အမျိုးသမီးတစ်ဦးသည် ကြီးမြတ်သောဆရာထံမှ သင်ယူပါ စာအုပ်အတွက် ကျေးဇူးတင်လေးမြတ်ကြောင်း ဤသို့စာရေးပြောဆိုခဲ့သည်– “ကျွန်မမြေးလေးတွေ အိပ်ရာမဝင်ခင်မှာ ‘အဖွား၊ ယေရှုစာအုပ်ထဲက ပုံပြင်တစ်ပုဒ် ဖတ်ပြပါ’ လို့ပြောကြတယ်။ သူတို့က အသက် ၄ နှစ်၊ ၆ နှစ်နဲ့ ၇ နှစ် ရှိကြပြီး ပုံပြင်တွေကို အရမ်းနှစ်သက်ကြတယ်။”

အဖွားဖြစ်သူ ဤသို့ ရှင်းပြ၏– “‘ယေရှုကာကွယ်ခံရပုံအကြောင်း’ ဆိုတဲ့ အခန်း ၃၂ ကိုဖတ်ခဲ့တယ်။ ဒီသင်ခန်းစာမှာ ယေရှုကို ယေဟောဝါကာကွယ်ပေးခဲ့ပုံကို ဖော်ပြပြီးတဲ့နောက် လူငယ်တွေ ကိုယ့်ကိုယ်ကိုကာကွယ်တတ်အောင် လက်တွေ့ကျအကြံဉာဏ်ပေးထားတဲ့အတွက် ကျွန်မတကယ် စိတ်စွဲမှတ်သွားတယ်။ အဲဒီသင်ခန်းစာမှာ ဒီလိုပြောထားတယ်– ‘တကယ်လို့ တစ်ယောက်ယောက်က ဒီလိုမျိုးလုပ်ဖို့ ကြိုးစားလာရင် “ဒီလိုမျိုး မလုပ်နဲ့။ တိုင်ပြောလိုက်မယ်” လို့ အသံကျယ်ကျယ်နဲ့ ပြတ်ပြတ်သားသားပြောပါ။’”

မက္ကဆီကိုမှ ငါးနှစ်အရွယ်သမီးလေး ဗက်ဆဲဒါ၏ မိခင်ဖြစ်သူက သူသည် သမီးနှင့်အတူ ဆရာ စာအုပ်ကို ဒုတိယအကြိမ်ဖတ်နေကြောင်း ပြောခဲ့သည်။ သူဤသို့ မှတ်ချက်ချ၏– “ခေတ်ကာလကြီးက ပိုပြီးပျက်စီးဆုတ်ယုတ်လာတဲ့အတွက် ကျွန်မတို့ကလေးတွေက တစ်ခါနဲ့မှမတူအောင် ဖိအားပေးခံနေရတယ်။ အခန်း ၃၂ မှာဖော်ပြထားသလိုမျိုး မကောင်းတဲ့သြဇာတွေကနေ ကိုယ့်ကိုယ်ကိုကာကွယ်နိုင်ဖို့ လမ်းညွှန်ချက်ပေးထားတဲ့အတွက် ကျွန်မသမီးက ကျေးဇူးတင်ကြောင်းပြောတယ်။”

လှပစွာပုံဖော်ရေးသားထားသော ၂၅၆-မျက်နှာရှိ ဤစာအုပ်သည် ဤမဂ္ဂဇင်းနှင့် စာမျက်နှာအရွယ်အစားတူ၍ ကျမ်းစာလမ်းညွှန်ချက်အတိုင်း မိမိတို့သားသမီးများကို လေ့ကျင့်ပေးရာတွင် မိဘများအတွက် အမှန်တကယ်အကူအညီဖြစ်စေပါသည်။ (သု. ၂၂:⁠၆) သင်ခန်းစာများကို ယေရှုခရစ်၏ သွန်သင်ချက်များအပေါ် အခြေပြုထားကာ ရိုးရိုးရှင်းရှင်းရေးသားထားသော်လည်း အကြောင်းအရာများသည် အသက်အရွယ်အားလုံးအတွက် ဖြစ်သည်။ ပူးတွဲပါကူပွန်ကိုဖြည့်ကာ ဖော်ပြထားသည့်လိပ်စာ သို့မဟုတ် ဤမဂ္ဂဇင်း၏စာမျက်နှာ ၅ တွင်ပါသော သင့်လျော်ရာလိပ်စာသို့ စာတိုက်မှပေးပို့ခြင်းဖြင့် စာအုပ်ကိုမှာယူနိုင်ပါသည်။

ကြီးမြတ်သောဆရာထံမှ သင်ယူပါ စာအုပ်တစ်အုပ်ကို မေတ္တာလက်ဆောင် ရယူလိုပါသည်။

□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုအတွက် ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။