မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သန်းပေါင်းများစွာသောသူတို့ သွားကြလိမ့်မည်—အသင်ကော

သန်းပေါင်းများစွာသောသူတို့ သွားကြလိမ့်မည်—အသင်ကော

သန်းပေါင်းများစွာသောသူတို့ သွားကြလိမ့်မည်—အသင်ကော

▪ မည်သည့်နေရာသို့ သွားကြမည်နည်း။ ယေဟောဝါသက်သေများ၏ “ကယ်နုတ်ချိန် နီးပြီ!” ခရိုင်စည်းဝေးကြီးသို့ သွားကြမည်ဖြစ်သည်။ လွန်ခဲ့သော မေလ ရက်သတ္တပတ်အဆုံးပိုင်းမှစတင်၍ အမေရိကန်ပြည်ထောင်စု၌ ကျင်းပခဲ့သော ရာနှင့်ချီသည့် ဤသုံးရက်ကြာစည်းဝေးကြီးများကို ကမ္ဘာတစ်ဝန်းရှိ မြို့ကြီးများတွင် လပေါင်းများစွာကျင်းပသွားရန် စီစဉ်ခဲ့သည်။ မကြာသေးမီနှစ်တစ်နှစ်က စည်းဝေးကြီး ၂၉၈၁ ခုကျင်းပခဲ့ရာ လူပေါင်း ၁၁ သန်းနီးပါး တက်ရောက်ခဲ့ကြသည်!

နေရာအများစုတွင် အစီအစဉ်များကို နံနက် ၉:၃၀ ၌ တေးသံသာဖြင့် စတင်သည်။ သောကြာနေ့တွင် “ယေဟောဝါ၏ကယ်နုတ်ခြင်းဆိုင်ရာ ကတိတော်များကို အာရုံစိုက်လော့” နှင့် “ဆင်းရဲဒုက္ခ ရောက်သူအော်ဟစ်သောအခါ ယေဟောဝါကယ်နုတ်တော်မူပုံ” စသည့် အကြောင်းအရာများကို တင်ဆက်ပါလိမ့်မည်။ နံနက်ပိုင်းအစီအစဉ်ကို အဓိကဟောပြောချက်ဖြစ်သော “ကျွန်ုပ်တို့ ‘ထာဝရကယ်နုတ်’ ခံရရန် ယေဟောဝါ၏ပြင်ဆင်ပေးချက်များ” ဖြင့် နိဂုံးချုပ်မည်ဖြစ်သည်။

သောကြာနေ့ မွန်းလွဲပိုင်းအစီအစဉ်တွင် “ယေဟောဝါသည် သက်ကြီးရွယ်အိုများကို ကြင်နာစွာဂရုစိုက်”၊ “နာကြည်းဖွယ်စိတ်ဆင်းရဲမှုများမှ ကယ်နုတ်ခံရခြင်း” နှင့် “‘ဘုရားသခင့်အစေကိုခံသော’ ကောင်းကင်တမန်များ၏အခန်းကဏ္ဍ” စသော ဟောပြောချက်များ ပါဝင်သည်။ “ယေဟောဝါ– ‘ကယ်နုတ်သောအရှင်’” ဟူသည့် အပိုင်းလေးပိုင်းပါသော အခန်းဆက်ဟောပြောချက်ကို ဦးဆုံးတင်ဆက်ပြီးနောက် အစီအစဉ်၏နောက်ဆုံးဟောပြောချက် “ဆန့်ကျင်သည့်လက်နက်နှင့် ဆန့်ကျင်သည့်စကားတစ်စုံတစ်ခုမျှ အထမမြောက်ရ” ကို တင်ဆက်မည်ဖြစ်သည်။

စနေနေ့နံနက်ပိုင်း အစီအစဉ်တွင် ‘ငှက်ခတ်သမား၏ကျော့ကွင်းမှ ကယ်နုတ်ခံရ’ နှင့် “‘ဘုရားသခင်၏နက်နဲသောအရာ’ ထဲ စူးစမ်းရှာဖွေခြင်း” စသည့်ဟောပြောချက်များအပြင် “‘အားမလျှော့ဘဲ’ ဓမ္မအမှုတွင် ဆက်လက်ပါဝင်ပါ” ဟု ခေါင်းစဉ်ပေးထားသော အခန်းဆက်ဟောပြောချက်သုံးပိုင်းပါဝင်သည်။ နံနက်ပိုင်းအစီအစဉ်ကို အရည်အချင်းပြည့်မီသူများအား ရေနှစ်ခြင်းပေးခြင်းအစီအစဉ်ပါဝင်သည့် ဟောပြောချက်တစ်ခုဖြင့် နိဂုံးချုပ်မည်ဖြစ်သည်။

စနေနေ့ မွန်းလွဲပိုင်းတွင် “ကျန်းမာရေးကို ကျမ်းစာအမြင်ဖြင့် ဂရုစိုက်ခြင်း”၊ “သင့်ဘဝကို မည်သည့်ဝိညာဉ် လွှမ်းမိုးထားသနည်း”၊ “‘အိမ်ထောင်မင်္ဂလာတွင် သုံးလွန်းတင်သောကြိုး’ ကို ခိုင်မြဲစေလော့” နှင့် “လူငယ်တို့၊ ယခုပင် သင်တို့ကို ဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့လော့” စသည့် ဟောပြောချက်များပါဝင်သည်။ နိဂုံးချုပ်ဟောပြောချက်မှာ “သင်သည် ယေဟောဝါ၏နေ့ကို စိတ်စွဲလမ်းလျက် အသက်ရှင်နေထိုင်ပါသလော” ဖြစ်ပြီး ကျွန်ုပ်တို့ခေတ်အတွက် လက်တွေ့ကျအကြံပြုချက် ပေးထားသည်။

တနင်္ဂနွေနံနက်ပိုင်းအစီအစဉ်တွင် “ကောင်းကင်နိုင်ငံတော်သည် . . . နှင့်တူ၏” ဟု ခေါင်းစဉ်ပေးထားသော အခန်းဆက်ဟောပြောချက်တစ်ခု ပါဝင်လိမ့်မည်။ ဟောပြောချက်လေးခုက ယေရှု၏ပုံဥပမာအချို့ကို အကျဉ်းချုံးဆွေးနွေးပါလိမ့်မည်။

နံနက်ပိုင်းအစီအစဉ်တွင် စည်းဝေးကြီး၏ပေါ်လွင်သည့်အပိုင်းဖြစ်သော၊ ဓမ္မရာဇဝင်တတိယစောင် အခန်းကြီး ၁၃ ကိုအခြေခံသော ဝတ်စုံပြည့်ပြဇာတ်တစ်ခုကို မိတ်ဆက်သည့် ဟောပြောချက်တစ်ခုဖြင့် ဆက်ကျင်းပသွားပါလိမ့်မည်။ စည်းဝေးကြီး၏နောက်ဆုံးအစီအစဉ်ဖြစ်သော တနင်္ဂနွေနေ့မွန်းလွဲပိုင်းတွင် “ဘုရားသခင့်နိုင်ငံတော်အားဖြင့် ကယ်နုတ်ခံရချိန်နီးပြီ!” ဟူသော လူထုဟောပြောချက်ကို တင်ဆက်ပါလိမ့်မည်။

တက်ရောက်နိုင်ရန် ယခုကတည်းက အစီအစဉ်များပြုလုပ်ပါ။ သင်နှင့်အနီးဆုံးသောနေရာကို သိနိုင်ရန် ယေဟောဝါသက်သေများ၏ဒေသခံနိုင်ငံတော်ခန်းမသို့ ဆက်သွယ်ပါ သို့မဟုတ် ဤမဂ္ဂဇင်းထုတ်ဝေသူများထံ စာရေးဆက်သွယ်ပါ။ ကျွန်ုပ်တို့၏တွဲဖက်မဂ္ဂဇင်းဖြစ်သော မတ်လ ၁ ရက်ထုတ် ကင်းမျှော်စင်တွင် မြန်မာနိုင်ငံတစ်ဝန်း၌ ကျင်းပမည့် စည်းဝေးကြီးနေရာများကို ဖော်ပြထားသည်။