မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုပျော်ရွှင်မှု—ယင်းသည် ဖြစ်နိုင်မည်လော

မိသားစုပျော်ရွှင်မှု—ယင်းသည် ဖြစ်နိုင်မည်လော

မိသားစုပျော်ရွှင်မှု—ယင်းသည် ဖြစ်နိုင်မည်လော

ငယ်ရွယ်သောမိခင်တစ်ဦးသည် လွန်ခဲ့သောနှစ်တွင် မက္ကဆီကိုနိုင်ငံရှိ ယေဟောဝါသက်သေများ၏ဌာနခွဲရုံးသို့ စာရေးခဲ့ပြီး ပျော်ရွှင်သောမိသားစုဘဝရရှိရန် အကူအညီတောင်းခဲ့သည်။ နိုးလော့!မဂ္ဂဇင်းဖတ်ရှုခြင်းကို သူနှစ်သက်ကြောင်း ရှင်းပြပြီး ဤသို့ပြောခဲ့သည်–

“ကျွန်မ အိမ်ထောင်ကျတာ သုံးနှစ်ရှိပြီ၊ ပျော်ရွှင်တဲ့မိသားစုပိုင်ဆိုင်နိုင်ဖို့ အကြံဉာဏ်၊ အကြံပြုချက်တွေကို ရချင်တယ်။ လွန်ခဲ့တဲ့နှစ်နှစ်တုန်းက ကျွန်မတို့မှာ ချစ်စရာကောင်းတဲ့သားတစ်ယောက် ထွန်းကားခဲ့ပြီး ဒီသားလေးကို ကောင်းကောင်းပြုစုပျိုးထောင်ချင်တယ်။”

ဤမိခင်သည် မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက် စာအုပ်အကြောင်းကို ကြားသိခဲ့ပြီး တစ်အုပ်ရလိုကြောင်း စာရေးခဲ့သည်။ ထောင်နှင့်ချီသောသူတို့လည်း အလားတူ မှာယူခဲ့ကြသည်။ ယင်းကိုဖတ်ရှုပြီးနောက် အလွန်အသုံးဝင်သောစာအုပ်ဖြစ်ကြောင်း သူတို့ပြောဆိုခဲ့ကြသည်။ ယင်းစာအုပ်၏ မှတ်သားဖွယ်ရာအခန်းများထဲတွင် “သင့်ကလေးကို နို့စို့အရွယ်မှစ၍ လေ့ကျင့်ပါ၊” “သင့်မိသားစုကို အပျက်သြဇာများမှ ကာကွယ်စောင့်ရှောက်ပါ၊” “အိမ်ထောင်စုအေးချမ်းငြိမ်သက်မှုကို ထိန်းသိမ်းပါ” တို့ပါဝင်သည်။

ပူးတွဲပါကူပွန်ကို ဖြည့်စွက်ကာ ဖော်ပြထားသည့်လိပ်စာ သို့မဟုတ် ဤမဂ္ဂဇင်း၏စာမျက်နှာ ၅ တွင်ပါသော သင့်လျော်ရာလိပ်စာသို့ စာတိုက်မှပေးပို့၍ မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက် စာအုပ်တစ်အုပ်ကို မှာယူနိုင်ပါသည်။

မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက် စာအုပ်တစ်အုပ်ကို မေတ္တာလက်ဆောင်ရလိုပါသည်။

□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုအတွက် ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။