မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စိတ်သောကရောက်နေသည့် လူငယ်တစ်ဦးအတွက် အကူအညီ

စိတ်သောကရောက်နေသည့် လူငယ်တစ်ဦးအတွက် အကူအညီ

စိတ်သောကရောက်နေသည့် လူငယ်တစ်ဦးအတွက် အကူအညီ

မက္ကစီကိုနိုင်ငံတွင် အသက် ၁၃ နှစ်အရွယ် ကျောင်းသူလေး စီဘီအာသည် ကျောင်းသို့ အတန်းဖော်တစ်ဦး မကြာခဏ ငိုငိုပြီးလာတတ်သည်ကို သတိပြုမိခဲ့သည်။ ထိုကျောင်းသူလေးအား နှစ်သိမ့်ရန် သူကြိုးစားခဲ့၏။ တစ်နေ့တွင် စီဘီအာ၏အတန်းဖော်က မိမိ၏ဖခင်သည် အရက်သမားတစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူကိုရိုက်နှက်ကြောင်း ရင်ဖွင့်ခဲ့သည်။

စီဘီအာက ဤသို့ပြောပြသည်– “ကျွန်မအတန်းဖော်က သူအသက်မရှင်ချင်တော့ဘူး၊ ကိုယ့်ကိုယ်ကိုသတ်သေဖို့တောင် ကြိုးစားခဲ့တယ်လို့ ကျွန်မကိုပြောပြတယ်။ သူ့ကို ဘယ်သူမှမချစ်ကြဘူး၊ အထီးကျန်ဖြစ်နေတယ်လို့ ပြောပြတယ်။ သူ့ကို အရမ်းချစ်တဲ့ပုဂ္ဂိုလ်တစ်ပါးရှိတယ်၊ အဲဒီပုဂ္ဂိုလ်ဟာ စကြဝဠာမှာ အရေးအပါဆုံးပုဂ္ဂိုလ်ဖြစ်တယ်လို့ ကျွန်မပြောပြတယ်။ အဲဒီနောက် လူသားတွေအတွက် ယေဟောဝါရဲ့ရည်ရွယ်ချက်ကို ကျွန်မရှင်းပြလိုက်တယ်။”

နောက်ပိုင်းတွင် စီဘီအာသည် သူ၏အတန်းဖော်ကို လူငယ်များအမေး—တာသွားသည့်အဖြေ စာအုပ်ပေးကာ နေ့တိုင်း ကျောင်းခေတ္တရပ်နားချိန်တွင် အတူလေ့လာကြသည်။ ထိုမိန်းကလေးသည် တစ်သီးပုဂ္ဂလနေရာမှ တဖြည်းဖြည်းပြောင်းလဲလာကာ အခြားသူများနှင့် ရယ်ရယ်မောမော စကားပြောဆိုလှာသည်။ ထိုမိန်းကလေးက စီဘီအာ ထံ ဤသို့စာရေးခဲ့သည်– “သင့်ရဲ့ခင်မင်မှုနဲ့ နားလည်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ သင်ဟာ ကျွန်မအမြဲလိုချင်ခဲ့တဲ့ အစ်မနဲ့တူတယ်။ အခုတော့ ယေဟောဝါဆိုတဲ့ ပုဂ္ဂိုလ်တစ်ပါးဟာ ကျွန်မကို ဂရုစိုက်နေတယ်ဆိုတာ သိရပြီ။”

လူငယ်များအမေး စာအုပ်မှ အကျိုးရရှိမည့် လူငယ်တစ်ဦးကို သင် သိကောင်းသိပေမည်။ ယင်းစာအုပ်ရှိ အခန်း ၃၉ ခန်းတွင် အောက်ပါအကြောင်းအရာများပါဝင်သည်– “မိတ်စစ်ဆွေစစ် ဘယ်လိုဖွဲ့နိုင်မလဲ၊” “လက်မထပ်ခင် သံဝါသပြုတာကို ဘယ်လိုပြောမလဲ” နှင့် “အချစ်စစ် အချစ်မှန်ဖြစ်မှန်း ငါဘယ်လိုလုပ် သိနိုင်မလဲ။” ပူးတွဲပါကူပွန်ကို ဖြည့်စွက်ကာ ကူပွန်ပေါ်တွင်ဖော်ပြထားသည့်လိပ်စာ သို့မဟုတ် ဤမဂ္ဂဇင်း၏စာမျက်နှာ ၅ တွင်ပါသော သင့်လျော်ရာလိပ်စာသို့ စာတိုက်မှပေးပို့၍ ဤစာအုပ်ကို မှာယူနိုင်ပါသည်။

□ ဤတွင်ဖော်ပြထားသောစာအုပ်ကို မေတ္တာလက်ဆောင်ရလိုပါသည်။

□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှု ပြုလိုပါသဖြင့် ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။