မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဟယ်လိုဝီးန်ပွဲကို ကျွန်ုပ် အဘယ်ကြောင့်မကျင်းပ

ဟယ်လိုဝီးန်ပွဲကို ကျွန်ုပ် အဘယ်ကြောင့်မကျင်းပ

ဟယ်လိုဝီးန်ပွဲကို ကျွန်ုပ် အဘယ်ကြောင့်မကျင်းပ

လွန်ခဲ့သည့်နှစ်က နိုင်ငံအချို့ရှိလူတို့၏ အိမ်နီးချင်းများသည် နတ်ဝိဇ္ဇာအတတ်နှင့်အလွန်ငြိစွန်းသည့် နှစ်စဉ်ကျင်းပသော အများကြိုက်ပွဲနေ့—ဟယ်လိုဝီန်းပွဲ—အတွက်ပြင်ဆင်ရာ၌ အလုပ်များနေကြစဉ် ကနေဒါနိုင်ငံရှိ အသက် ၁၄ နှစ်အရွယ်မိုက်ကယ်သည် အခြားအရာများကို စဉ်းစားနေသည်။ ကျောင်းအတွက်ရေးသားသည့် စာစီစာကုံးတစ်ပုဒ်တွင် မိုက်ကယ် ဤသို့ဖော်ပြခဲ့သည်–

‘ဒီညဟာ ဟယ်လိုဝီန်းပွဲအကြိုညဖြစ်တယ်။ ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်တဲ့အခါ အိမ်နီးချင်းတွေရဲ့ မြက်ခင်းပေါ်မှာ သင်္ချိုင်းကမ္ဗည်းကျောက်တိုင်တွေ၊ အရိုးစုတွေနဲ့ အလှဆင်ထားတာ၊ ရွှေဖရုံသီးနဲ့လုပ်ထားတဲ့မီးပုံးတွေကို ပြတင်းပေါက်ဘောင်တွေပေါ် တင်ထားတာတွေ့ရတယ်။ * မိဘတွေဟာ သူတို့ကလေးတွေရဲ့ဝတ်စုံတွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ပေးနေကြတယ်။ ကလေးတွေကလည်း မနက်ဖြန်မှာ သကြားလုံး ဘယ်လောက်ရမယ်ဆိုတာ စိတ်ကူးယဉ်နေကြတယ်။

‘ကျွန်တော့်မိသားစုကတော့ သူတို့နဲ့မတူဘူး။ ကျွန်တော်တို့ရဲ့မြက်ခင်းကို ဘာနဲ့မှအလှမဆင်ထားဘူး။ ပြတင်းပေါက်တွေမှာလည်း မီးပုံးတွေမရှိဘူး။ ကျွန်တော်တို့ ဘာကြောင့် ဟယ်လိုဝီန်းပွဲမကျင်းပတာလဲလို့ လူတွေကမေးကြတယ်။ အမှန်တော့ ယေဟောဝါသက်သေတွေ အဲဒီပွဲကိုမကျင်းပတာက ပွဲရဲ့ဇာစ်မြစ်ကြောင့်ဖြစ်တယ်။’ *

‘အံ့ဩစရာက ဟယ်လိုဝီန်းပွဲကျင်းပတဲ့အချိန်အခါကို ကျွန်တော်သဘောကျတယ်။ “ဘာကြောင့်လဲ” လို့ သင် မေးကောင်းမေးမယ်။ အကြောင်းကတော့ အဲဒီအချိန်မှာ အကြောင်းအရာတွေကို ဆင်ခြင်သုံးသပ်ခွင့်ရလို့ပဲ။ တချို့အရာတွေကို ကျွန်တော် ဘာကြောင့်မလုပ်တာလဲဆိုတာ အဲဒီအချိန်မှာ ဆင်ခြင်သုံးသပ်ခွင့်ရတယ်။ လူတစ်ဦးစီဟာ ဓလေ့ထုံးစံတစ်ခုရဲ့ ဇာစ်မြစ်က အရေးပါ၊ မပါဆိုတာ ကိုယ်တိုင်အဖြေပေးရမယ်။ ဇာစ်မြစ်က အရေးပါတယ်လို့ ကျွန်တော်ယူဆတယ်။ ဥပမာ၊ မိမိတို့ရဲ့အိမ်နီးချင်းတွေ နာဇီတွေလိုဝတ်ဆင်မယ်ဆိုရင် လူအများစုက စိတ်အနှောင့်အယှက်ဖြစ်ကြမှာပဲ။ ဘာကြောင့်လဲ။ နာဇီယူနီဖောင်းတွေရဲ့ ဇာစ်မြစ်နဲ့ အဲဒီအရာတွေကိုယ်စားပြုတဲ့ လူအများစုမနှစ်မြို့စရာ အခြေခံသဘောတရားတွေကြောင့်ဖြစ်တယ်။ နတ်ဆိုး၊ ဆိုးညစ်တဲ့ဝိညာဉ်တွေနဲ့ စုန်းမတွေ ကိုယ်စားပြုတဲ့ အခြေခံသဘောတရားတွေဟာ ကျွန်တော့်အတွက် မနှစ်မြို့စရာဖြစ်တယ်။ အဲဒါတွေနဲ့ ကျွန်တော်မပတ်သက်ချင်ဘူး။ ကျွန်တော်တို့ရဲ့ရွေးချယ်မှုတွေနဲ့ အဲဒီလိုရွေးချယ်ရတဲ့ အကြောင်းရင်းတွေကို ဆင်ခြင်သုံးသပ်တာ၊ အများကြိုက်ရာအပေါ်မဟုတ်ဘဲ အခြေခံသဘောတရားအပေါ်အခြေပြုပြီး ရွေးချယ်တာဟာ အကျိုးရှိတယ်။ ဒီအတွက်ကြောင့် နှစ်ရဲ့ဒီအချိန်အခါကို ကျွန်တော်သဘောကျတယ်။ သူများတွေနဲ့မတူတဲ့အတွက်၊ ကျွန်တော့်ယုံကြည်ချက်ကို စွဲကိုင်ထားရတဲ့အတွက် ဂုဏ်ယူပါတယ်။’

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ရွှေဖရုံသီးနှင့်လုပ်ထားသောမီးပုံးဆိုသည်မှာ နှာခေါင်း၊ ပါးစပ်နှင့် မျက်လုံးများပါသည့် မျက်နှာနှင့်တူအောင် ပုံဖော်ထားပြီး အခေါင်းပေါက်ထွင်းထားသောရွှေဖရုံသီးဖြစ်သည်။ အထဲတွင် ဖယောင်းတိုင် သို့မဟုတ် အခြားမီးတိုင်တစ်မျိုးမျိုးကို ထွန်းထားသည်။

^ အပိုဒ်၊ 4 ထပ်ဆင့်သိလိုလျှင် ၂၀၀၁၊ အောက်တိုဘာ ၈ ရက် နိုးလော့! စာမျက်နှာ ၅-၁၀ [အင်္ဂလိပ်] ကိုရှု။