မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“စားသောက်ချိန်က ကျွန်တော်တို့ကို ပိုရင်းနှီးစေတယ်”

“စားသောက်ချိန်က ကျွန်တော်တို့ကို ပိုရင်းနှီးစေတယ်”

“စားသောက်ချိန်က ကျွန်တော်တို့ကို ပိုရင်းနှီးစေတယ်”

သင့်မိသားစုသည် တစ်နေ့လျှင် အနည်းဆုံးတစ်ကြိမ် အတူတကွ စားသောက်ပါသလော။ ဝမ်းနည်းစရာမှာ ယနေ့ အလွန်ဗျာများသောလောကတွင် အိမ်ထောင်အများစုသည် အစားအသောက်ကို ကြုံသလိုသာ စားသောက်နေကြသည်။ မည်သို့ပင်ဆိုစေ မိသားစုများ အတူတကွစားသောက်ကြခြင်းသည် ဗိုက်ပြည့်ဖို့သာမဟုတ်ဘဲ သာ၍အရေးကြီးသောအရာများဖြစ်သည့် ရင်းနှီးခင်မင်သောဆက်ဆံရေးရှိစေပြီး မိသားစုနှောင်ကြိုးကို ခိုင်မြဲစေသည်။

အယ်ဂီးဒတ်စ်သည် ဇနီးဖြစ်သူရီမာနှင့် သမီးသုံးယောက်တို့နှင့်အတူ ဥရောပမြောက်ပိုင်းရှိ လစ်သူယေးနီးယားနိုင်ငံတွင် နေထိုင်သည်။ အယ်ဂီးဒတ်စ်က ဤသို့ပြောပြသည်– “ကျွန်တော်ကအလုပ်လုပ်ပြီး သမီးတွေက ကျောင်းတက်ကြပေမဲ့ သေချာစီစဉ်ပြီး ဇယားဆွဲထားလို့ ညစာကို အတူတကွစားသောက်နိုင်ကြတယ်။ စားသောက်ချိန်အတွင်းမှာ တစ်နေ့တာအဖြစ်အပျက်တွေကို လွတ်လွတ်လပ်လပ်ပြောဆိုကြပြီး ကျွန်တော်တို့ရဲ့ ပြဿနာတွေ၊ စိတ်ကူးတွေ၊ အစီအစဉ်တွေ၊ နှစ်သက်ရာနဲ့ မနှစ်သက်ရာတွေကို ဝေမျှကြတယ်။ ဒီအချိန်မှာ ဝိညာဉ်ရေးရာအကြောင်းတွေကိုလည်း ပြောဆိုဆွေးနွေးကြတယ်။ စားသောက်ချိန်က ကျွန်တော်တို့ကို ပိုရင်းနှီးစေတယ်ဆိုတာ အသေအချာပဲ။”

ရီမာက ဤသို့ဆိုသည်– “သမီးတွေနဲ့အတူ အစားအသောက်ပြင်ဆင်တာက ရင်းရင်းနှီးနှီးပြောဆိုဖို့ အခွင့်အရေးရစေတယ်။ သမီးတွေကလည်း မီးဖိုချောင်မှာ အတူအလုပ်လုပ်ရတာကို သဘောကျကြပြီး တစ်ချိန်တည်းမှာပဲ အဖိုးတန်အတတ်ပညာတွေကိုလည်း သူတို့သင်ယူနိုင်တယ်။ ဒါကြောင့် ကျွန်မတို့ဟာ ပျော်ပျော်ပါးပါး အတူတကွအလုပ်လုပ်နိုင်ကြတယ်။”

အယ်ဂီးဒတ်စ်၊ ရီမာနှင့် သမီးသုံးယောက်တို့သည် အတူတကွစားသောက်ရန်အချိန်ယူခဲ့ခြင်းကြောင့် အကျိုးများစွာရရှိနေကြသည်။ သင်ထိုသို့မလုပ်ရသေးပါက တစ်နေ့လျှင် အနည်းဆုံးတစ်ကြိမ် မိသားစုနှင့်အတူတကွ စားသောက်ရန်စီစဉ်ပါလေ။ ကြင်ဖော်မဲ့မိဘဖြစ်လျှင်ပင် ထိုသို့စီစဉ်နိုင်ပါသည်။ သင်အနစ်နာခံ စွန့်လွှတ်ခဲ့သည့်အရာထက် ပို၍သာသောအကျိုးကို ခံစားရပေလိမ့်မည်။