မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“အရမ်းကောင်းတာပဲ”

“အရမ်းကောင်းတာပဲ”

“အရမ်းကောင်းတာပဲ”

ရောင်စုံသရုပ်ဖော်ပုံများပါသော ၂၂၄ မျက်နှာရှိ သမ္မာကျမ်းစာအမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ကို ၂၀၀၅ ခုနှစ်တွင် ထုတ်ဝေခဲ့ပြီး ထိုစာအုပ်နှင့်ပတ်သက်၍ အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာပြည်နယ်မှ မောင်နှံစုံက အထက်ပါအတိုင်း ရေးသားခဲ့သည်။ “အဲဒီစာအုပ်က ရိုးရိုးရှင်းရှင်းဖြစ်လို့ လူတိုင်းလိုလို နားလည်နိုင်တယ်။ သည့်အပြင် ပညာတတ်တွေရဲ့ ဝိညာဉ်ရေးလိုအပ်ရာတွေကို ကျေနပ်တဲ့အထိ ဖြည့်ဆည်းပေးနိုင်လောက်အောင်လည်း နက်နဲတယ်” ဟုရှင်းပြခဲ့သည်။

စာအုပ်နာမည်ကိုယ်နှိုက်က ဆွဲဆောင်မှုရှိကြောင်း အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်မှ မောင်နှံစုံ၏အဖြစ်အပျက်က ဖော်ပြသည်။ ထိုမောင်နှံစုံသည် ဖလော်ရီဒါပြည်နယ်တွင်ကျင်းပသော ယေဟောဝါသက်သေများ၏ ခရိုင်စည်းဝေးကြီးကိုတက်ရောက်ကာ စာအုပ်ရရှိပြီးနောက် ဗဟားမားစ်သို့ အားလပ်ရက်ခရီးထွက်ခဲ့ကြသည်။ အကောက်ခွန်အရာရှိတစ်ဦးသည် သူတို့၏ခရီးဆောင်ပစ္စည်းများကို စစ်ဆေးနေစဉ် ထိုစာအုပ်ကို သတိပြုမိ၍ စာအုပ်နာမည်ကိုဖတ်ပြီးနောက် “ကျွန်မအမြဲပဲ ဒီမေးခွန်းရဲ့အဖြေကို သိချင်ခဲ့တာ” ဟုပြောခဲ့သည်။ သက်သေခံမောင်နှံစုံသည် သူတို့တွင်ရှိသောအပိုတစ်အုပ်ကို အရာရှိအားပေးလိုက်ရာ သူအလွန်သဘောကျသွားလေသည်။

နောက်တစ်နေ့တွင် ထိုမောင်နှံစုံသည် ကမ်းခြေ၌ ထိုစာအုပ်ဖတ်နေသည်ကို ခရီးသည်များအား ပစ္စည်းရောင်းချပေးနေသော ဒေသခံအမျိုးသမီးတစ်ဦးက သတိပြုမိခဲ့သည်။ သူက ထိုနေ့အစောပိုင်းတွင် သမ္မာကျမ်းစာအမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်းဟူသောမေးခွန်းနှင့် အခြေခံအားဖြင့်တူညီသည့် မေးခွန်း၏အဖြေကိုရရန် ဘုရားသခင်ထံဆုတောင်းခဲ့ကြောင်း ပြောပြသည်။ ထိုစာအုပ်ကို သူအဘယ်မှရနိုင်ကြောင်းမေးမြန်းခဲ့၍ ထိုမောင်နှံစုံက သူတို့၏ နောက်ဆုံးလက်ကျန်အပိုတစ်အုပ်ကို ပေးလိုက်ရာ ထိုအမျိုးသမီး အလွန်ပျော်ရွှင်ခဲ့လေသည်။

ယခုအခါ သမ္မာကျမ်းစာအမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ကို ဘာသာစကား ၁၄၅ မျိုးဖြင့် စောင်ရေ သန်း ၄၀ ကျော်ပုံနှိပ်ထုတ်ဝေပြီးဖြစ်သည်။ ပူးတွဲပါကူပွန်ကို ဖြည့်စွက်ကာ ကူပွန်ပေါ်တွင်ဖော်ပြထားသည့်လိပ်စာ သို့မဟုတ် ဤမဂ္ဂဇင်း၏စာမျက်နှာ ၅ တွင်ပါသော သင့်လျော်ရာလိပ်စာသို့ စာတိုက်မှပေးပို့၍ ဤစာအုပ်ကို သင်မှာယူနိုင်ပါသည်။

□ ဤတွင်ဖော်ပြထားသောစာအုပ်ကို မေတ္တာလက်ဆောင်ရလိုပါသည်။

□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှု ပြုလိုပါသဖြင့် ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။