မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

များစွာတန်ဖိုးထားခံရသော လက်ဆောင်တစ်ခု

များစွာတန်ဖိုးထားခံရသော လက်ဆောင်တစ်ခု

များစွာတန်ဖိုးထားခံရသော လက်ဆောင်တစ်ခု

လက်ဆောင်တစ်ခုသည် လိုအပ်ချက်တစ်ခုကို ဖြည့်ဆည်းပေးပြီး အမှန်ပင် တန်ဖိုးထားခံရသောအခါ လက်ဆောင်ပေးသူရော လက်ခံရရှိသူပါ ဝမ်းသာပျော်ရွှင်ရသည်။ မကြာသေးမီက မက္ကဆီကိုနိုင်ငံမှ အဆင့်မြင့်အစိုးရအရာရှိတစ်ဦးသည် ယေဟောဝါသက်သေများ၏ဌာနခွဲရုံးသို့ ကြီးမြတ်သောဆရာထံမှ သင်ယူလော့စာအုပ်ကို ရရှိသည့်အတွက် ကျေးဇူးတင်ကြောင်း စာရေးခဲ့သည်။ ၎င်းစာ၏ တစ်စိတ်တစ်ပိုင်းမှာ–

“ဒီစာအုပ်မှာပါတဲ့ အကြောင်းအရာတွေက တကယ်တန်ဖိုးရှိတယ်။ အရမ်းရှေးကျတဲ့စာအုပ်တစ်အုပ်ကို အခြေခံထားတဲ့ အကြောင်းအရာတွေဖြစ်ပေမဲ့ ခေတ်မီပြီး ကျွန်မ တို့ရဲ့ နေ့စဉ်ဘဝအသက်တာနဲ့လည်း သက်ဆိုင်နေတာကို တွေ့ရတယ်။

ကျွန်မတို့မိဘတွေအနေနဲ့ သားသမီးတွေကို ဘယ်လိုပြုမူရမယ်ဆိုတာ ပိုင်းခြားသိမြင်စေတဲ့စံနှုန်းတွေ၊ လေးစားမှုနှင့် ရိုးသားမှုကင်းမဲ့တဲ့လောကမှာ အဲဒီအရည်အသွေးတွေကို ကျင့်သုံးပြီး စွမ်းဆောင်နိုင်ရည်ရှိသူတွေဖြစ်လာအောင် ကူညီပေးတဲ့စံနှုန်းတွေကို သွတ်သွင်းပေးသင့်တယ်ဆိုတာ ကျွန်မလက်ခံယုံကြည်တယ်။ အဲဒါတွေထက် မေတ္တာနဲ့ သနားကြင်နာမှုရှိတဲ့ အမြင့်မြတ်ဆုံးအရှင်တစ်ပါးရှိတယ်ဆိုတာ သူတို့လေးတွေသိမြင်လာအောင် ကျွန်မတို့ ကူညီပေးသင့်တယ်။ ရှင်တို့ပေးပို့တဲ့စာအုပ်က ကျွန်မရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းမှာရော အိမ်နီးချင်းကိုချစ်တဲ့သူတွေအဖြစ် ကြီးပြင်းလာအောင် ကလေးငယ်တွေကိုကူညီပေးပါဆိုတဲ့ မိဘတွေကို ဖန်ဆင်းရှင်ပေးအပ်ထားတဲ့ တာဝန်တွေမှာပါ အရမ်းအထောက်အကူပြုမယ်ဆိုတာ ယုံကြည်ပါ။”

ဤအစိုးရအရာရှိသည် ကြီးမြတ်သောဆရာထံမှ သင်ယူလော့စာအုပ်တွင် ဖော်ပြထားသည့် ယေရှုခရစ်၏ပုံနမူနာနှင့် သွန်သင်ချက်များမှ သင်ယူသိရှိခဲ့ရသော သင်ခန်းစာများ၏တန်ဖိုးကို အသိအမှတ်ပြုခဲ့သည်။ ဤမဂ္ဂဇင်းနှင့်အရွယ်အစားတူ၍ လှပသောသရုပ်ဖော်ပုံများပါသည့် ၂၅၆ မျက်နှာရှိ ဤစာအုပ်ကို သင်လည်းရယူနိုင်သည်။ ပူးတွဲပါကူပွန်ကိုဖြည့်ကာ ဖော်ပြထားသည့်လိပ်စာ သို့မဟုတ် ဤမဂ္ဂဇင်း၏စာမျက်နှာ ၅ တွင်ပါသော သင့်လျော်ရာလိပ်စာသို့ စာတိုက်မှပေးပို့ခြင်းဖြင့် စာအုပ်ကို မှာယူနိုင်ပါသည်။

□ ဤတွင်ဖော်ပြထားသောစာအုပ်ကို မေတ္တာလက်ဆောင်ရလိုပါသည်။

□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှု ပြုလိုပါသဖြင့် ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။