မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့​ဖြစ်ရပ်​အကဲခတ်

၁၅ လ​ကျော်​ကာလ​အတွင်း​၌ မက္ကဆီကို​စီးတီး​မြို့​၏ လမ်းများ​ပေါ်​တွင် မွေးကင်းစ​ကလေး ၈၂ ဦး​စွန့်ပစ်​ထား​သည်ကို တွေ့ ရှိ​ရပြီး ယင်း​တို့​မှ ၂၇ ဦး​မှာ အသေ​လေး​များ​ဖြစ်သည်။—EL UNIVERSAL သတင်းစာ၊ မက္ကဆီကို။

အမေရိကန်​နိုင်ငံ၊ ကယ်လီဖိုးနီးယား​ပြည်နယ်​ရှိ အမျိုးသား​ဥယျာဉ်​နှစ်ခု​မှ ဂူ​များ​ကို​လေ့လာ​ရာ​တွင် တိရစ္ဆာန်​မျိုးစိတ်သစ် ၂၇ မျိုးကို ထပ်မံ​တွေ့ ရှိခဲ့​ကြသည်။ “ယင်းက ကျွန်ုပ်​တို့​ပတ်လည်​ရှိ​ကမ္ဘာ​အကြောင်း အနည်းငယ်​သာ​သိရှိ​သေး​သည်ကို ဖော်ပြ​၏” ဟု အမျိုးသား​ဥယျာဉ်​လုပ်ငန်း​မှ ဂူ​အထူးပြု​လေ့လာသူ ဂျိုး​ဒက်စ်​ပင်​က​ဆို​သည်။—SMITHSONIAN မဂ္ဂဇင်း၊ အမေရိကန်။

ကမ္ဘာ့​လူဦးရေ​၏ နှစ်​ဆယ်​ရာခိုင်နှုန်း​သည် သန့် ရှင်း​သော​သောက်သုံးရေ မရရှိ​ကြ​ချေ။ လေးဆယ်​ရာခိုင်နှုန်း​မှာ အခြေခံ မိလ္လာ​စနစ်​မရှိကြ​ချေ။—MILENIO သတင်းစာ၊ မက္ကဆီကို။

တိရစ္ဆာန်​ခိုး​ဖမ်း​သူများ​ကြောင့် စ​ရင်း​ဂဲ​တီ အမျိုးသား​ဥယျာဉ်​တစ်ခု​တည်း​တွင်​ပင် တစ်နှစ်​လျှင် တိရစ္ဆာန်​ကောင်ရေ ၂၀,၀၀၀ မှ ၃၀,၀၀၀ အထိ သတ်ဖြတ်​ခံ​နေရ​သည်။—THE DAILY NEWS သတင်းစာ၊ တန်ဇန်းနီးယား။

စပိန်​နိုင်ငံ၊ ဘာစီလိုနာ​မြို့မှ လေ့လာ​ဆန်းစစ်မှု​အရ အသက် ၁၆ နှစ်​ရှိ ကျောင်းသား ၃ ဦးလျှင် ၁ ဦး​မှာ ဆေးခြောက် ပုံမှန်​ရှူ​ကြောင်း တွေ့ ရှိ​ရသည်။—LA VANGUARDIA သတင်းစာ၊ စပိန်။

ရုံးခန်း​ထဲ​မှ ရောဂါပိုး​များ

အ​ရီ​ဇိုး​နား​တက္ကသိုလ်​မှ အဏုဇီဝ​ပညာရှင်​များသည် အမေရိကန်​နိုင်ငံ​ရှိ မြို့ကြီး​အချို့​၏ ရုံးခန်း​များ​မှ ဗက်တီးရီးယား​ပိုး​များ​ကို ရေတွက်​တိုင်းတာ​ခဲ့​ကြသည်။ သူတို့၏​တွေ့ရှိချက်​အရ “ရောဂါပိုး​အများဆုံး​တွယ်ကပ်​သည့် နေရာ​ငါး​ခု​မှာ ဖုန်း​များ၊ စားပွဲ​မျက်နှာပြင်​များ၊ သောက်​ရေပန်း​လက်ကိုင်များ၊ မို​က္က​ရိုဝေ့​မီးဖို​လက်ကိုင်များ​နှင့် ကီး​ဘုတ်​များ” ဖြစ်​ကြောင်း Globe and Mail သတင်းစာ​က​ဆို​သည်။ မှတ်တမ်းအရ “ပျမ်းမျှ​အနေ​နှင့် စားပွဲ​မျက်နှာပြင်​ပေါ်​ရှိ ဗက်တီးရီးယား​ပိုး​များသည် မီးဖိုချောင်​စားပွဲ​ပေါ်​ရှိ​ပိုး​များ​ထက် အဆ ၁၀၀ ပို​များ​ပြီး အိမ်သာ​ထိုင်ခွင်​ပေါ်​ရှိ​ပိုး​များ​ထက် အဆ ၄၀၀ ပို​များသည်။”

“အပြော​သာ​ရှိသည့်​ခရစ်ယာန်​များ”

ဖိလစ်ပိုင်​နိုင်ငံ​ကို အာရှတိုက်​၏ တစ်ခု​တည်း​သော “ခရစ်ယာန်” နိုင်ငံ​အဖြစ် ရည်ညွှန်း​ပြောဆို​ကြ​၏။ သို့သော် ဖိလစ်ပိုင်​ဧဝံဂေလိ​အသင်းများ​ကောင်စီ​၏ ဂိုဏ်းအုပ် အီဖရန်တင်ဒါရိုက “ကျွန်ုပ်​တို့​အများစု​သည် အပြော​သာ​ရှိပြီး လုပ်ရပ်​မပါ​သော ခရစ်ယာန်​များ​ဖြစ်သည်” ဟု​ပြောဆို​ခဲ့​သည်။ ယင်း​သို့​ဖြစ်​ရခြင်း​တွင် “သမ္မာကျမ်းစာ​ကို သိရှိ၊ လေးမြတ်​တတ်​အောင်” မကူညီ​ပေး​သော ချာ့ခ်ျ​ခေါင်းဆောင်​များ​၏ အပြစ်လည်း​ပါ​သည်​ဟု Manila Bulletin သတင်းစာ​က​ဖော်ပြ​ခဲ့​သည်။ ချာ့ခ်ျ​အချို့​၏ တရားဟော​ပြော​ပွဲ​များ​တွင် သမ္မာကျမ်းစာ​အကြောင်း​ထက် နိုင်ငံရေး​အကြောင်းကို​သာ အသားပေး​ဟောပြော​ကြသည်။

လူသားများ​နှင့် တိရစ္ဆာန်​များ အစာရေစာ​အတွက် တိုက်ခိုက်​ကြ

“မိုးခေါင်​ရေ​ရှား​ဒဏ်​ခံ​နေရ​သည့် ဆို​မား​လီး​ယား​ရပ်ကွက်​များ​ကို ဘာ​ဘွန်း​မျောက်များ​နှင့် ဟို​င်​အီး​နား​ခွေး​များ ဝင်ရောက်​တိုက်ခိုက်​သော​သတင်း​များသည် ကြားနေ​ကျ​ဖြစ်နေ​ပြီ” ဟု​နိုင်ရိုဘီ​သတင်းစာ The East African တွင်​ဖော်ပြ​သည်။ ရေ​ရရှိ​ရေး တိုက်ပွဲ​တစ်ခု​တွင် ဘာ​ဘွန်း​မျောက်များ​စွာ​သေဆုံး​ကာ မွေးမြူရေး​သ​မား​အချို့ ထိခိုက်​ဒဏ်ရာ​ရခဲ့​ကြသည်။ မျောက်​အုပ်​များသည် “ဗျူဟာ​ကျ​သော လမ်းဆုံ​လမ်းခွ​များနှင့် တံတား​များ​ပေါ်​တွင်” နေရာယူ​ကာ ဈေး​သို့ ကုန်ပစ္စည်း​ပို့​သော​ကား​များ​ကို လုယက်​ကြသည်။ “ငှက်​ပျော​ခိုင်​များ၊ ဖရဲသီး [ကြီး] များ​ကို တိရစ္ဆာန်​များ လုယက်​ထွက်ပြေး​သည့်​မြင်ကွင်း​မှာ ရိုး​နေပြီ” ဟု​သတင်းစာ​က ထပ်ဆင့်​ဖော်ပြ​သည်။

သင်္ဘော​များ​ကြောင့် ကမ်းခြေ​ရာသီဥတု​ထိခိုက်

အသွားအလာ​များ​သည့် ရေ​လမ်းကြောင်း​များ​ကို အသုံးပြု​သော ပင်လယ်ရေ​ကြောင်း သယ်ယူ​ပို့ဆောင်​ရေး​သည် ကမ်းခြေ​ရာသီဥတု​ကို ထိခိုက်​စေနိုင်​သည်​ဟု ဂျာမန်​သတင်းစာ Kö​lner Stadt-Anzeiger မှ​သတင်း​ထုတ်ပြန်​သည်။ ဟ​မ်း​ဘ​တ်​မြို့၊ မက်​စ်​ပ​လန့် မိုးလေဝသ​ဌာန​မှ သုတေသီ​များ​က အင်္ဂလိပ်​ရေလက်ကြား​ပေါ်​ရှိ မိုးတိမ်​များ​ကို စူးစမ်း​လေ့လာ​ခဲ့​ကြသည်။ ကမ်းခြေ​ဒေသ​တွင် တိမ်​များ​ပါးလွှာ​လာ​ကာ ရေ​လမ်းကြောင်း​ပေါ်​တွင်​မူ တိမ်​များ​ထူထပ်​လာ​သည်ကို သူတို့​တွေ့ရှိ​ခဲ့​ကြသည်။ ဤ​ဖြစ်ရပ်​မှာ သင်္ဘော​များ​မှ​ထွက်​လာသော မီးခိုး​များ​ကြောင့်​ဖြစ်သည်ဟု ယူဆ​ရ၏။ သင်္ဘော​များ​မှ​ထုတ်လွှတ်​လိုက်​သော ကျပ်​ခိုးမှု​န်​များသည် အရည်​ဖွဲ့​အဆ​န်​များ​အဖြစ်​လုပ်ဆောင်​ပြီး ငွေ့ရည်​ဖွဲ့ ခြင်း​ကို အရှိန်မြှင့်​ပေး​သည်​ဟု​ဆို​၏။ “လွန်ခဲ့သော​အနှစ် ၅၀ အတွင်း​တွင် သင်္ဘော​များ​၏​လောင်စာ​အသုံးပြုမှု​မှာ လေးဆ​မ​က မြင့်တက်​ခဲ့​သည်” ဟု သတင်းစာ​က​ဆို​၏။