မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင် အမှန်ပင် ဂရုစိုက်တော်မူသလော

ဘုရားသခင် အမှန်ပင် ဂရုစိုက်တော်မူသလော

ဘုရားသခင် အမှန်ပင် ဂရုစိုက်​တော်​မူ​သလော

▪ဘုရားသခင်​သာ​ရှိ​မည်​ဆိုလျှင် လူသားများ ဤမျှ​ဆင်းရဲ​ခက်ခဲ​နေသည်​ကို ကိုယ်တော်​ခွင့်ပြု​မည်​မဟုတ်​ဟု လူအများ​က ကောက်ချက်​ချ​ကြသည်။ အချို့​မေးလေ့​ရှိသော မေးခွန်း​တစ်ခု​မှာ “ကျွန်တော်​တို့ လိုအပ်​နေတဲ့​အချိန်​မှာ ဘုရားသခင်​ဘယ်​ရောက်နေ​သလဲ” ဟူ၍​ဖြစ်သည်။ လူသား​တို့သည် အလွန်​ဆိုးရွား​သော ဆင်းရဲ​ခက်ခဲ​မှုများ​ကို လူ့​သမိုင်း​တစ်လျှောက် ခံစား​ခဲ့​ကြ​ရပြီး သေခြင်း​တရားကို​ပင် အလူးအလဲ​ခံစား​ကြ​ရသည်။

တစ်ချိန်တည်း​တွင် သက်ရှိ​များ​၏ အံ့ဖွယ်​ဖွဲ့စည်းမှု​နှင့် ဒီဇိုင်း​တို့​က ဂရုစိုက်သော ဖန်ဆင်း​ရှင်​တစ်ပါး​ရှိကြောင်း အထင်အရှား​သက်သေထူ​ပါ​သည်။ ကျွန်ုပ်​တို့ကို​ဂရုစိုက်သော ဘုရားသခင်​သည် ဤမျှ​ဆိုးရွား​သော​ဆင်းရဲ​ခက်ခဲ​မှုများ​ကို အဘယ်ကြောင့် ခွင့်ပြု​ထား​တော်​မူ​ရသနည်း။ ဘုရားသခင်​အား တော်မှန်​သည့်​နည်းဖြင့် ကျွန်ုပ်​တို့ ဝတ်ပြု​ကိုးကွယ်​မည်​ဆိုလျှင် ဤ​အရေးကြီးသော​မေးခွန်း​၏ ကျေနပ်​လောက်​ဖွယ်​အဖြေကို ရရှိပါ​လိမ့်​မည်။ ယင်းကို မည်သည့်​နေရာတွင် ရှာတွေ့နိုင်​သနည်း။

ဘုရားသခင်​သည် ကျွန်ုပ်​တို့အား အမှန်ပင် ဂရုစိုက်​တော်​မူ​သလော ဘရိုရှာ​တစ်စောင်​ရယူရန် သင့်ကို ကျွန်ုပ်​တို့ ဖိတ်ခေါ်ပါ​သည်။ “ဘုရားသခင်​သည် အဘယ်ကြောင့် ဆင်းရဲ​ခက်ခဲ​မှုများ​ကို ခွင့်ပြု​တော်​မူ​သနည်း၊” “ပုန်ကန်မှု​၏​ရလဒ်​ကား အဘယ်အရာ​ဖြစ်​ခဲ့​သနည်း” ဟူသော​အပိုင်း​များ​ကို သေချာ​စွာ​ဆန်းစစ်​ကြည့်​ခြင်း​ဖြင့် ကျေနပ်​လောက်​သော​အဖြေ​များ သင်​ရရှိပါ​လိမ့်​မည်။

ဘရိုရှာ​တစ်စောင် တောင်းခံ​လို​ပါ​က ပူးတွဲ​ပါ​ကူပွန်​ကို ဖြည့်စွက်​ကာ ဖော်ပြ​ထားသော​လိပ်စာ သို့​မဟုတ် ဤ​မဂ္ဂဇင်း​၏​စာမျက်နှာ ၅ တွင်​ပါ​သော သင့်လျော်ရာ​လိပ်စာ​သို့ စာတိုက်​မှ​တစ်ဆင့်​ပေး​ပို့​ပါ။

ဘုရားသခင်​သည် ကျွန်ုပ်​တို့အား အမှန်ပင် ဂရုစိုက်​တော်​မူ​သလော ဘရိုရှာ​တစ်စောင်​ကို မေတ္တာ​လက်ဆောင်​ရ​လို​ပါ​သည်။

□ အခမဲ့​အိမ်တွင်း​ကျမ်းစာ​သင်အံမှု ပြု​လို​ပါ​သဖြင့် ကျေးဇူးပြု​၍ ကျွန်ုပ်​နှင့်​ဆက်သွယ်​ပါ။