မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ချာ့ခ်ျများ အဘယ်သို့ ဦးတည်နေသနည်း

ချာ့ခ်ျများ အဘယ်သို့ ဦးတည်နေသနည်း

ချာ့ခ်ျ​များ အဘယ်​သို့ ဦးတည်​နေသနည်း

“ခရစ်ယာန်” ချာ့ခ်ျ​များ မည်သို့​ဖြစ်သွား​ပြီ​နည်း။ သင့်​ဒေသ​ရှိ ချာ့ခ်ျ​များ ဆုတ်ယုတ်​ကျဆင်း​နေ​သလော သို့​မဟုတ် တိုးတက်​ထွန်းကား​နေ​သလော။ ဘာသာ​တရား​တွင် ပြန်လည်​သက်ဝင်​နိုးကြား​လာရန် ဆော်သြ​ခြင်း၊ အာဖရိက၊ အရှေ့​ဥရောပ​နှင့် အမေရိကန်​နိုင်ငံ​အစ​ရှိသည့် နေရာများ​တွင် ယုံကြည်သူ​အသင်းသားများ တိုးများ​လာ​ခြင်း​ဟူသော သတင်း​များ​ကို အခါ​အား​လျော်​စွာ သင်ကြား​ဖူး​ပေမည်။ သို့သော် ကမ္ဘာ့​အခြား​ဒေသ​များ၊ အထူးသဖြင့် အနောက်​ဥရောပ​တွင် ချာ့ခ်ျ​များ​ကို ပိတ်​လိုက်ရ​ခြင်း၊ အသင်းသား​အရေအတွက် လျော့နည်းလာ​ခြင်း၊ ဘာသာ​တရား​တွင် စိတ်မပါ​မှု​ပျံ့နှံ့​လာ​ခြင်း စ​သော​သတင်း​များ ကြားနေ​ရ၏။

ချာ့ခ်ျ​တက်​သူ​အရေအတွက် လျော့နည်းလာ​သဖြင့် ချာ့ခ်ျ​များစွာ​သည် ၎င်းတို့၏​ဝတ်ပြုမှု​ပုံစံ​ကို ပြောင်းလဲ​လိုက်​ကြသည်။ ဘုရားသခင်​သည် မည်သည့်​အမူအကျင့်ကို​မဆို လက်ခံ​သည်​ဟု မိမိတို့​ယူမှတ်​ကြ​ခြင်း​ကြောင့် သူတစ်ပါး​၏​အမူအကျင့်ကို မိမိတို့ “မဝေဖန်” ကြောင်း အချို့​က​ဆို​၏။ ကျမ်းစာ​လမ်းညွှန်ချက်များ​ကို သွန်သင်ပေး​မည့်​အစား ဖျော်ဖြေရေး၊ စိတ်​လှုပ်ရှား​စ​ရာ ပျော်ပွဲရွှင်ပွဲ​နှင့် လောက​မှ​စွဲမက်​ဖွယ်​ရာ​များ​အကြောင်းကို​သာ တင်ဆက်​ကြ​သည့် ချာ့ခ်ျ​များ တိုးများ​လာ​နေပြီ။ ချာ့ခ်ျ​တက်​သူ​အချို့​က ခေတ်​သစ်​အဖြစ်မှန်​များနှင့် လိုက်လျောညီထွေ​ဖြစ်​ရန် အပြောင်းအလဲ​များ​လုပ်ဖို့​လို​ကြောင်း ယူဆကြ​သော်လည်း စိတ်ရင်းမှန်​သူများစွာ​က​မူ ချာ့ခ်ျ​များသည် ယေရှု​အပ်နှင်း​ထား​သည့်​တာဝန်​မှ သွေဖည်​နေပြီ​လော​ဆို​သည်ကို သိ​လို​ကြသည်။ မကြာသေးမီ ဆယ်စုနှစ်​များ​က ချာ့ခ်ျ​များ​ကျင့်သုံး​ခဲ့​သော​နည်းလမ်းများ​ကို သုံးသပ်ကြည့်​ကြပါစို့။