မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်မည်သို့ဖြေဆိုမည်နည်း

သင်မည်သို့ဖြေဆိုမည်နည်း

သင်​မည်သို့​ဖြေဆို​မည်​နည်း

ဤ​စကား​ကို မည်သူ​ပြော​ခဲ့​သနည်း

ဤ​စကား​ကို​ပြော​ခဲ့​သည့်​ပုဂ္ဂိုလ်​ထံ မျဉ်း​ကြောင်း​ဆွဲ​ပါ။

ဒါဝိဒ်

ယေရှု

ရှောလမုန်

ပေါလု

၁။ ‘ယေဟောဝါ​ကို ကြောက်ရွံ့​သော​သဘော​သည် ပညာ​၏​မူလအမြစ်​ဖြစ်၏။’

၂။ “သင်တို့သည် ကိုယ်​၌ သူတစ်ပါး​ပြု​စေ​လိုသမျှ​အတိုင်း သူတစ်ပါး​၌ ပြု​ကြလော့။”

၃။ “မေတ္တာသည် ဖောက်ပြန်​ခြင်း​သဘော​နှင့် အစဉ်​ကင်းလွတ်​၏။”

၄။ ‘ယေဟောဝါ​သည် ငါ​၏​သိုးထိန်း​ဖြစ်​တော်​မူ​၏။ ငါသည် ဆင်းရဲ​မခံရ။’

ဆွေးနွေး​ရန်– ဤ​ကျမ်းစာ​ဇာတ်ကောင်​တစ်ဦးစီ​နှင့်​ပတ်သက်​၍ အခြား​အဘယ်​အချက်​တစ်ချက်​ကို သင်​သိ​သနည်း။

သမိုင်း​တွင် အဘယ်​အချိန်၌ ဖြစ်ပျက်​ခဲ့​သနည်း

အောက်ပါ​ကျမ်းစောင်​များ​၏ ကျမ်း​ရေးသူ​အမည်(များ)ကို​ဖော်ပြ​ပြီး ကျမ်းစောင်​ရေးသား​ပြီးစီး​သည့် အနီးစပ်ဆုံး​နှစ်​သို့ မျဉ်း​ကြောင်း​ဆွဲ​ပါ။

ဘီစီ ၁၄၅၀ ဘီစီ ၁၀၉၀ ဘီစီ ၁၀၇၈ အေဒီ ၃၆ အေဒီ ၅၆

၅။ ယောရှု

၆။ ရုသ

၇။ ရောမ

ကျွန်ုပ်​မည်သူ​နည်း

၈။ သိသရ​သည် အမျိုးသမီး​တစ်ဦး​လက်ချက်​ဖြင့် သေရ​မည်​ဟု ကျွန်ုပ်​ကြို​ဟောခဲ့​သည်။

ကျွန်ုပ်​မည်သူ​နည်း

၉။ ကျွန်ုပ်​နှင့် ကျွန်ုပ်​၏​ခင်ပွန်း​သည် ပေါလု​ကို​ကယ်တင်​ဖို့ ကိုယ့်​အသက်ကို​ရင်း​ထား​သူများ ဖြစ်​ကြသည်။

ဤ​စာစောင်​မှ

မေးခွန်းများကို​ဖြေဆို​ပြီး လ​ပ်​နေသော​ကျမ်းစာ​အခန်းငယ်(များ) ကို​ဖြည့်ပါ။

စာမျက်နှာ ၆ လူတစ်ဦး​သည် ခရစ်တော်​၏​နောက်လိုက်​တစ်ဦး​ဖြစ်​ဖို့ အဘယ်အရာ​ပြုလုပ်​ရမည်​နည်း။ (လုကာ ၉:—)

စာမျက်နှာ ၇-၈ မိမိ​သေဆုံး​ပြီး​နောက် ခရစ်ယာန်​အသင်းတော်၌ အဘယ်အရာ​ဖြစ်ပျက်​လာ​မည်​ဟု တမန်​တော်​ပေါလု ပြော​ခဲ့​သနည်း။ (တမန်​တော် ၂၀:—)

စာမျက်နှာ ၁၃ စာတန်​သည် လူအများ​၏​ဉာဏ်​မျက်စိ​ကို မည်သို့​ဖြစ်အောင်​လုပ်ခဲ့​သနည်း။ (၂ ကောရိန္သု ၄:—)

စာမျက်နှာ ၁၉ သမ္မာကျမ်းစာ​က လိင်​တူ​မေထုန်​နှင့်​ပတ်သက်​၍ မည်သို့​ပြော​သနည်း။ (ရောမ ၁:—)

ကလေး​များ​၏​ရုပ်ပုံ​ရှာဖွေမှု

ဤ​စာစောင်​တွင် ဤ​ရုပ်ပုံကို သင်​ရှာ​နိုင်​သလော။ ရုပ်ပုံ​တွင် အဘယ်အရာ​ဖြစ်ပျက်​နေကြောင်း သင့်ကိုယ်​ပိုင်​စကား​ဖြင့် ဖော်ပြ​ပါ။

(စာမျက်နှာ ၂၀ တွင်​အဖြေ​များ​ရှိသည်)

စာမျက်နှာ ၂၃ မှ​အဖြေ​များ

၁။ ရှောလမုန်။—သု. ၉:၁၀

၂။ ယေရှု။—လုကာ ၆:၃၁

၃။ ပေါလု။—၁ ကောရိန္သု ၁၃:၈

၄။ ဒါဝိဒ်။—ဆာလံ ၂၃:၁

၅။ ယောရှု၊ဘီစီ ၁၄၅၀။

၆။ ရှမွေလ၊ ဘီစီ ၁၀၉၀။

၇။ ပေါလု၊ အေဒီ ၅၆။

၈။ ဒေဗောရ။—တရားသူကြီး ၄:၄၊

၉။ ပြစ်ကိလ။—ရောမ ၁၆:၃၊ ၄