သူတို့၏အိမ်ထောင်ရေး ပြန်လည်ကောင်းမွန်လာ
သူတို့၏အိမ်ထောင်ရေး ပြန်လည်ကောင်းမွန်လာ
တောင်အာဖရိကနိုင်ငံတွင် အလုပ်ရှင်တစ်ဦးသည် ဘယ်လာအမည်ရှိ အလုပ်သမတစ်ဦး အိမ်ထောင်ရေးပြဿနာ ကြုံနေရကြောင်း သတိပြုမိ၏။ သို့နှင့် အလုပ်ရှင်က တန်ဒီအမည်ရှိ ယေဟောဝါသက်သေတစ်ဦးအား ဘယ်လာနှင့်စကားပြောကြည့်ရန် တောင်းဆိုခဲ့သည်။ ဘယ်လာသည် ခင်ပွန်းဖြစ်သူနှင့်ကွာရှင်းဖို့ ဆုံးဖြတ်ထားကြောင်း တန်ဒီသိရှိခဲ့သည်။
တန်ဒီသည် ဘယ်လာအား မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်ဟူသော စာအုပ်နှစ်အုပ်ပေးကာ သူ၏ခင်ပွန်းကို တစ်အုပ်ပေးရန် တိုက်တွန်းခဲ့၏။ ထိုအတိုင်း ဘယ်လာ ပြုခဲ့သည်။ တစ်ပတ်ကြာသော် ဘယ်လာ၏ခင်ပွန်းသည် အဆိုပါစာအုပ်ကိုဖတ်ရှုနေကြောင်း၊ သူတို့၏မိသားစုဘဝသည် တိုးတက်လာကြောင်း တန်ဒီသိရှိခဲ့ရသည်။ သုံးလကြာပြီးသည့်နောက် ဆုတောင်းခြင်းနှင့် မိသားစုပျော်ရွှင်မှုစာအုပ်အားဖြင့် ဘုရားသခင်သည် မိမိတို့၏အိမ်ထောင်ရေးကို ပြန်လည်ကောင်းမွန်စေခဲ့ကြောင်း တန်ဒီအား ဘယ်လာက ပြောပြသည်။ သို့သော် ဤတွေ့ ကြုံမှုသည် ဤနေရာတွင် အဆုံးသတ်မသွားချေ။
ဘယ်လာ၏အလုပ်ရှင်သည် အဖြစ်အပျက်ကိုသိရှိသွားသောအခါ ဝန်ထမ်းအားလုံး အဆိုပါစာအုပ် ရယူသင့်ကြောင်း အကြံပေးခဲ့သည်။ အဆုံးတွင် ကုမ္ပဏီဝန်ထမ်းအားလုံးအတွက် ၁၉၂-မျက်နှာရှိသော မိသားစုပျော်ရွှင်မှုစာအုပ် တစ်ရာကျော်ဝေငှလိုက်ရလေသည်။ ယင်းစာအုပ်၏ မှတ်သားဖွယ်ရာအခန်းများတွင် “အိမ်ထောင်ပြိုကွဲမှတ်သို့ရောက်သော်၊” “သင့်မိသားစုကို အပျက်သြဇာများမှ ကာကွယ်စောင့်ရှောက်ပါ၊” “အိမ်ထောင်စုအေးချမ်းငြိမ်သက်မှုကို ထိန်းသိမ်းပါ” တို့ပါဝင်သည်။
ပူးတွဲပါကူပွန်ကို ဖြည့်စွက်ကာ ဖော်ပြထားသည့်လိပ်စာ သို့မဟုတ် ဤမဂ္ဂဇင်း၏စာမျက်နှာ ၅ တွင်ပါသော သင့်လျော်ရာလိပ်စာသို့ စာတိုက်မှပေးပို့၍ မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက် စာအုပ်တစ်အုပ်ကို မှာယူနိုင်ပါသည်။
□ ဤတွင်ဖော်ပြထားသောစာအုပ်ကို မေတ္တာလက်ဆောင်ရလိုပါသည်။
□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှု ပြုလိုပါသဖြင့် ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။