မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်မည်သို့ဖြေဆိုမည်နည်း

သင်မည်သို့ဖြေဆိုမည်နည်း

သင်​မည်သို့​ဖြေဆို​မည်​နည်း

ယင်း​တို့သည် မည်သည့်​နေရာ၌ ဖြစ်ပျက်​ခဲ့​သနည်း

၁။ ပထမ​ဆုံး သခင့်​ညစာ​စားပွဲ​ကို မည်သည့်​နေရာတွင် ကျင်းပ​ခဲ့​သနည်း။

သင်၏​အဖြေကို မြေပုံ​ပေါ်​တွင် ဝိုင်း​ပြ​ပါ။

နာဇရက်

ယေရိခေါ

ယေရုရှလင်

ဗက်လင်

◆ တဆေးမဲ့​မုန့်​သည် အဘယ်အရာကို ပုံဆောင်​သနည်း။

․․․․․

◆ အနီရောင်​စပျစ်​ဝိုင်​သည် အဘယ်အရာကို ပုံဆောင်​သနည်း။

․․․․․

ဆွေးနွေး​ရန်– သခင့်​ညစာ​စားပွဲ​ကို အဘယ်ကြောင့် ကျင်းပ​ရသနည်း။ ထို​အခါသမယ​ကို သင်​အဘယ်ကြောင့် နှစ်သက်​သနည်း။

သမိုင်း​တွင် အဘယ်​အချိန်၌ ဖြစ်ပျက်​ခဲ့​သနည်း

အောက်ပါ​ကျမ်းစောင်​များ​၏ ကျမ်း​ရေးသူ​အမည်(များ)ကို ဖော်ပြ​ပြီး ကျမ်းစောင်​ကို ရေးသား​ပြီးစီး​သည့်​နှစ်​သို့ မျဉ်း​ကြောင်း​ဆွဲ​ပါ။

ဘီစီ ၁၀၇၇ ဘီစီ ၁၀၄၀ ဘီစီ ၅၈၀ အေဒီ ၅၅ အေဒီ ၆၆

၂။ ၂ ဓမ္မ​ရာဇဝင်

၃။ ၄ ဓမ္မ​ရာဇဝင်

၄။ ၂ ကောရိန္သု

ကျွန်ုပ်​မည်သူ​နည်း

၅။ ကျွန်ုပ်​၏​မိတ်ဆွေများ​က ကျွန်ုပ်​အတွက် သောက်​ရေခပ်​လာ​ပေး​သော်လည်း ယင်း​အား သွေး​ကို​သွန်ပစ်​သကဲ့သို့ ကျွန်ုပ်​သွန်ပစ်​လိုက်​သည်။

ကျွန်ုပ်​မည်သူ​နည်း

၆။ အချို့​က သူတို့သည် ကျွန်ုပ်​၏​တပည့်ဖြစ်​သည်​ဟု​ဆို​ကြ​၏။ အချို့​က ပေါလု​တပည့်၊ အချို့​က အာပေါလု​တပည့် သို့​မဟုတ် အချို့​က ခရစ်တော်​တပည့်ဖြစ်​သည်​ဟု ဆို​ကြ​၏။

ဤ​စာစောင်​မှ

မေးခွန်းများကို​ဖြေဆို​ပြီး လ​ပ်​နေသော​ကျမ်းစာ​အခန်းငယ်(များ) ကို ဖြည့်ပါ။

စာမျက်နှာ ၈ ကျွန်ုပ်​တို့သည် အဘယ်အရာကို သေချာ​စေ​သင့်​သနည်း။ (ဖိလိပ္ပိ ၁:—)

စာမျက်နှာ ၉ သင်သည် မည်သည့်​နည်းဖြင့် ပညာရှိ​ဖြစ်​နိုင်​သနည်း။ (သု. ၁၃:—)

စာမျက်နှာ ၁၃ မည်သူ​တို့သည် နိုင်ငံတော်​ကို အမွေခံ​ရမည်​မဟုတ်​သနည်း။ (ဧဖက် ၅:—)

စာမျက်နှာ ၁၄ “ကောင်းကင်​နိုင်ငံတော်” တွင် မည်သူသည် အကြီးမြတ်ဆုံး​ဖြစ်​မည်​နည်း။ (မဿဲ ၁၈:—)

ကလေး​များ​၏ ရုပ်ပုံ​ရှာဖွေမှု

ဤ​စာစောင်​တွင် ဤ​ရုပ်ပုံများ​ကို​ရှာတွေ့နိုင်​သလော။ ပုံ​တစ်​ပုံ​စီ​တွင်​အဘယ်အရာ​ဖြစ်ပျက်​နေသည်​ကို​သင့်ကိုယ်​ပိုင်​စကား​ဖြင့် ဖော်ပြ​ပါ။

(စာမျက်နှာ ၂၂ တွင် အဖြေ​များသည်)

စာမျက်နှာ ၂၃ မှ​အဖြေ​များ

၁။ ယေရုရှလင်။—မဿဲ ၂၁:၁၀၊ ၁၇၊ ၁၈; ၂၆:၁၇-၁၉

◆ ယေရှု၏​ခန္ဓာကိုယ်။—မဿဲ ၂၆:၂၆

◆ ယေရှု၏​အသွေး။—မဿဲ ၂၆:၂၇၊ ၂၈

၂။ ဂဒ်၊ နာသန်၊ ဘီစီ ၁၀၄၀။

၃။ ယေရမိ၊ ဘီစီ ၅၈၀။

၄။ ပေါလု၊ အေဒီ ၅၅။

၅။ ဒါဝိဒ်။—၂ ဓမ္မ​ရာဇဝင် ၂၃:၁၅-၁၇

၆။ ကေဖ သို့​မဟုတ် ပေတရု။—ယောဟန် ၁:၄၂; ၁ ကောရိန္သု ၁:၁၂