မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်မလွတ်အပ်သော ဖြစ်ရပ်တစ်ခု

သင်မလွတ်အပ်သော ဖြစ်ရပ်တစ်ခု

သင်​မလွတ်​အပ်သော ဖြစ်ရပ်​တစ်ခု

“ငါ့ကို​အောက်မေ့​ဖို့​ရာ ဤသို့​ပြု​ကြလော့။” လုကာ ၂၂:၁၉ တွင်​တွေ့ရ​သော ထိုစကား​များ​ကို ကျွန်ုပ်​တို့၏​သခင်​ယေရှု​ခရစ်​သည် မိမိ၏​သေခြင်း​အောက်မေ့ရာပွဲ​တော်​ကို အစပြု​ခဲ့​စဉ်​က မိန့်ဆိုခဲ့​၏။ ပရဒိသု​အခြေအနေ​တွင် လူသားများ ထာဝစဉ်​အသက်ရှင်​ရန် လမ်းပွင့်​လာ​ခြင်း​မှာ ယေရှု၏​သေခြင်း​ကြောင့်​ဖြစ်သည်။ ထို့​ကြောင့် ကိုယ်တော်​၏​သေခြင်း​သည် ကျွန်ုပ်​တို့​သတိရ​သင့်​သည့်​အရာ​ဖြစ်သည်။

ဤ​နှစ်​တွင် အောက်မေ့ရာပွဲ​တော်​ကို သင် တက်ရောက်​မည်​လော။

ဤ​အရေးကြီးသော​ဖြစ်ရပ်​ကို ယေဟောဝါသက်သေ​များနှင့်​အတူ ပါဝင်​တက်ရောက်​ဖို့ သူတို့၏​ဖိတ်ခေါ်ချက်​ကို ကျေးဇူးပြု​၍​လက်ခံပါ။ ဤ​ပွဲတော်​ကို သမ္မာကျမ်းစာ​လ​ပြက္ခဒိန်​၏ နိသန်လ ၁၄ ရက်​နေ့ နေဝင်ချိန်​တွင် ကျင်းပ​ပါ​မည်။ ဤ​နှစ်​တွင် ၎င်း​နေ့စွဲ​မှာ တနင်္လာ​နေ့၊ ဧပြီလ ၂ ရက် ဖြစ်သည်။ သင့်​အား ဒေသခံ​ယေဟောဝါသက်သေ​များ​က ဤ​ပွဲတော်​ကျင်းပ​မည့်​နေရာ​နှင့်​အချိန်ကို အတိအကျ​ပြောပြ​နိုင်​ပါ​သည်။