မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့​ဖြစ်ရပ်​အကဲခတ်

မြို့​ပြ​များ လျင်မြန်​စွာ​ပေါ်ထွက်​လာ​ခြင်း​ကြောင့် လွန်​ခဲ့​သည့်​ဆယ်စုနှစ်​အတွင်း​တွင် သန်း ၄၀ ခန့် ရှိသော တရုတ်​လယ်သမားများ​သည် မိမိတို့၏​လယ်မြေများ​ကို ဆုံးရှုံး​ခဲ့​ကြ​၏။—CHINA DAILY သတင်းစာ၊ တရုတ်။

၂၀၀၅ ခုနှစ်​အတွင်း​တွင် ကမ္ဘာ​တစ်ဝန်း​၌ စစ်ပွဲ​ကြီး ၂၈ ခု​နှင့် လက်နက်ကိုင်​တိုက်ခိုက်မှု ၁၁ ခု​ဖြစ်ပွား​ခဲ့​သည်။—VITAL SIGNS 2006-2007, WORLDWATCH INSTITUTE.

▪ တို​ကျို​နည်း​ပညာ​တက္ကသိုလ်​မှ အဖွဲ့​တစ်ဖွဲ့​သည် အိမ်သုံး​ဘက်ထရီ​ကို အသုံးပြု​ထားသော ၁၂၅ ပေါင်​ပင်မ​ပြည့်​သည့် အလွန်​ပေါ့ပါး​သော လေယာဉ်​ငယ်​တစ်စင်း​ကို အောင်မြင်စွာ ပျံသန်း​နိုင်​ခဲ့​သည်။ လေယာဉ်​သည် ၅၉ စက္ကန့်​တွင် ၁,၂၈၃ ပေ​အမြင့်​ရောက်​အောင် ပျံသန်း​နိုင်​ခဲ့​သည်။—MAINICHI DAILY NEWS သတင်းစာ၊ ဂျပန်။

အသက် ၁၂ နှစ်​မှ ၂၀ နှစ်​ရှိ ဒတ်ခ်ျ​လူမျိုး​အင်တာနက်​အသုံးပြုသူ​များသည် အင်တာနက်​ကင်မရာ​သုံး​၍ “ကိုယ်ရေး​အချက်အလက်​ဆိုက်” ဟု​ခေါ်​သော​ဆိုက်​ကို​ကြည့်ရှု​စဉ်​တွင် “ယောက်ျားလေး ၄၀ ရာခိုင်နှုန်း​နှင့် မိန်းကလေး ၅၇ ရာခိုင်နှုန်း​သည် အင်တာနက်​ကင်မရာ​ရှေ့တွင် အဝတ်အစား​များ​ချွတ်​ပြ​ရန် သို့​မဟုတ် လိင်ဆက်ဆံ​သည့်​အမူအရာ​များ လုပ်ပြ​ရန် တောင်းဆို​ခံရ​သည်​ဟု သတင်းပေး​ခဲ့​သည်။”—RUTGERS NISSO GROEP သတင်းစာ၊ နယ်သာလန်။

ဗီဒီယို​ဂိမ်း​များ​ကို စွဲ​နိုင်​သလော

“ကွန်ပျူတာ​ဂိမ်း​များ အလွန်အကျွံ​ကစား​သူများ​၏ ဦးနှောက်​တုံ့ပြန်မှု​သည် အရက်စွဲနေ​သူ၊ ဆေးခြောက်​စွဲ​နေ​သူများ​၏ ဦးနှောက်​တုံ့ ပြန်​မှု​နှင့်​တူ​သည်” ဟု ဂျာမနီ​နိုင်ငံ၊ ဘာလင်​မြို့ရှိ ရှာ​ရီ​တေ​တက္ကသိုလ်​ဆေးရုံ​မှ ဆေးစွဲ​ခြင်း သုတေသန​အဖွဲ့​ခေါင်းဆောင် စိတ်​ပညာရှင် ရာ့ဖ်​သာ​လ​မဲ​န်​က​ဆို​သည်။ ကွန်​ပျု​တာ​ဂိမ်း​အလွန်အကျွံ​ကစား​ခြင်း​က ဒို​ပါ​မင်​ဓာတု​ဒြပ်​ပေါင်း​ကို တိုး၍​ထုတ်လွှတ်​စေရန် လှုံ့ဆော်ပေး​ပြီး ယင်းက ကစား​သူ၏​ဦးနှောက်​အတွင်း​သို့ ရောက်ရှိ​ကာ သာယာသော​အာရုံ​ကို ဖြစ်ပေါ်​စေ​၍ တဖြည်းဖြည်း “စွဲ” သွား​နိုင်​သည်​ဟု​ယူဆ​ရ၏။ လေ့လာမှု​တစ်ခု​က ဗီဒီယို​ဂိမ်း​ကစား​သူ ၁၀ ရာခိုင်နှုန်း​ကျော်​သည် ယင်း​သို့​ဖြစ်​နိုင်​သည်​ဟု ဆို​၏။

“မ​လုံခြုံမှု​နှင့် စိတ်ဒုက္ခ” ခံစား​ရလေ့​ရှိသည့် လူ​ချမ်းသာ​များ

ပေကျင်း​သတင်းစာ China Daily တွင် “သန်း​ကြွယ်​သူဌေး​များသည် မ​လုံခြုံမှု​နှင့် စိတ်ဒုက္ခ​များ​ခံစား​နေရ​သည်” ဟု​ဖော်ပြ​ထား​၏။ တရုတ်​ပြည်​အရှေ့ပိုင်း​နှင့် တောင်ပိုင်း​မှ ယွမ်​ငွေ ၂.၂ ဘီလီယံ (အမေရိကန်​ဒေါ်လာ ၂၇၅ သန်း) ချမ်းသာသူ သန်း​ကြွယ်​သူဌေး​များ​ကို လေ့လာ​ဆန်းစစ်မှု​ပြုလုပ်​ခဲ့​သည်။ “ဘာသာရေး​ယုံကြည်ချက်၊ အိမ်ထောင်ရေး၊ အသက်တာ၊ အလုပ်အကိုင်​နှင့် ငွေ​အပေါ်​ထား​ရှိသော” လူ​ချမ်းသာ​များ​၏​သဘောထားကို လေ့လာ​ခဲ့​ရာ “သန်း​ကြွယ်​သူဌေး​အများစုက ငွေ​ကို ချစ်​လည်း​ချစ်၍ မုန်း​လည်း​မုန်း​ကြသည်” ကို သုတေသီ​များ​တွေ့ရှိ​ခဲ့​ရ၏။ ဖြေကြားသူ​အများစုက လူမှုရေး​အဆင့်အတန်း​နှင့် အောင်မြင်​ပြီးမြောက်​သည်​ဟူသော​အသိ​ကို ထည့်​မ​တွက်​လျှင် “ငွေ​သည် စိတ်​အနှောင့်အယှက်​ဖြစ်စရာ​များ​ကို​သာ ယူဆောင်​လာ​ပေး​သည်” ဟု​ဆို​ကြ​၏။

စိတ်​ကျန်းမာ​ရေး​အတွက် လယ်ယာ​စိုက်ပျိုးရေး​လုပ်ငန်း

မကြာသေးမီ​က နိုင်ငံ ၁၄ ခု​မှ ပညာရှင် ၁၀၀ ကျော်​တို့သည် လယ်ယာ​စိုက်​ပျိုး​မှု၊ သင်ကြားမှု၊ ကျန်းမာ​ရေး​စောင့်ရှောက်မှု​တို့ ပေါင်းစပ်​ပါဝင်သော အတွေးအမြင်​တစ်ခု​ဖြစ်သည့် ကျန်းမာ​ရေး​အတွက် လယ်ယာ​စိုက်ပျိုးခြင်း​အကြောင်း လေ့လာ​ရန် နော်​ဝေး​နိုင်ငံ၊ စ​ထာ​ဗန်​ဂါ​မြို့တွင် တွေ့ဆုံ​ခဲ့​ကြသည်။ အဲ​န်​အာရ်​ကေ အသံလွှင့်​ကုမ္ပဏီ​၏​အဆို​အရ နှစ်​အတန်ကြာ စိတ်ရောဂါ​စွဲကပ်​နေသူတို့​သည် လယ်ယာ​စိုက်ပျိုးရေး​လုပ်ငန်းများ​တွင် စတင်​ပါဝင်​ကြ​ပြီး​နောက် ဆေးရုံ​တက်​စ​ရာ​မလို​တော့​ချေ။ ယင်းက “စိတ်ရောကိုယ်ပါ ကျန်းမာ​စေ​၏။” နော်​ဝေး​နိုင်ငံ​မှ မိရိုးဖလာ လယ်ယာ​လုပ်ငန်း ၆၀၀ ကျော်​တို့သည် ဤ​အစီအစဉ်​နှင့် ပူးပေါင်း​လုပ်ဆောင်ခြင်းဖြင့် အပို​ဝင်ငွေ​များ​ရရှိ​ကြသည်။

ချာ့ခ်ျ​မျှော်စင်များ​ကို အသုံးချခြင်း

“[အမေရိကန်​မှ] န​ယူး​အင်္ဂလန်​ချာ့ခ်ျ​များသည် အလှူငွေ​လျော့နည်းလာ​သည့် ပြဿနာ​ကို​ဖြေရှင်းဖို့ ချာ့ခ်ျ​မျှော်စင်များ​ကို ဆယ်​လူ​လာ​ဖုန်း​စနစ်​အတွက် အင်​တင်​နာ​တိုင်​များ​ထောင်​ရန် မြင့်မားသော​နေရာများ​ရလိုသည့် ကြိုးမဲ့​တယ်လီဖုန်း​ကုမ္ပဏီ​များ​သို့ အ​ငှား​ချ​လိုက်​သည်” ဟု Newsweek မဂ္ဂဇင်းက​ဆို​သည်။ ဆဲလ်ဖုန်း​မှ သတင်း​များ​ကို လက်ခံ​ထုတ်လွှင့်​ပေး​သည့် တာ​ဝါ​တိုင်​များ​ထောင်​ရာ​၌ လူနေထိုင်ရာ​ဒေသ​များ​တွင် ကန့်သတ်မှု​များ​ရှိပြီး နေထိုင်သူ​များ​က​လည်း မိမိတို့​အနီးအနား​တွင် ထို​အင်​တင်​နာ​တိုင်​ကြီး​များ​ကို မရှိစေ​လို​ကြ​ချေ။ ဆဲလ်ဖုန်း​ကုမ္ပဏီ​များသည် သူတို့၏ ပစ္စည်း​ကိရိယာ​များ​ကို ချာ့ခ်ျ​မျှော်စင်များ​အတွင်း​တွင် လူ​မမြင်နိုင်​အောင် ထည့်​ထား​ကြသည်။ ချာ့ခ်ျ​အတိုင်ပင်ခံ​လုပ်ငန်း​တစ်ခု​မှ ဥက္ကဋ္ဌ​တစ်ဦး​က “ယခု​ဆိုလျှင် ချာ့ခ်ျ​တစ်ခု​ကို ပထမ​ဆုံး​အကြိမ်​အဖြစ် ကုမ္ပဏီ​သုံးခု​မှ အင်​တင်​နာ​တပ်ဆင်​ခဲ့​ကာ ချာ့ခ်ျ​သည် အသုံးမပြု​သော​နေရာလွတ်​တစ်ခု​မှ တစ်နှစ်​လျှင် အမေရိကန်​ဒေါ်လာ ၇၄,၀၀၀ ဝင်ငွေ​ရရှိ​နေသည်” ဟု​ဆို​၏။