မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့၏ စာရှုသူများထံမှ

ကျွန်ုပ်တို့၏ စာရှုသူများထံမှ

ကျွန်ုပ်​တို့၏ စာရှုသူ​များ​ထံ​မှ

လူငယ်များ​အမေး . . . ငါ​ဘာကြောင့် စာဖတ်​ရမလဲ။ (မေ ၂၀၀၆) ကျွန်မ​အသက် ၁၅ နှစ်​ပါ၊ ဒီ​ဆောင်းပါး​က ကျွန်မ​အတွက် အလွန်​အကျိုး​ရှိပါတယ်။ ကျွန်မ မဂ္ဂဇင်း​ကို ကျောင်း​ယူသွား​တော့ ဆရာမ သတိထား​မိတယ်။ စာသင်​ချိန်မှာ ဆရာမ​က စာဖတ်​တဲ့​အလေ့အထ​အကြောင်း​ပြော​ပြီး အတန်းသား​တွေ​ကို နိုးလော့! မဂ္ဂဇင်း​ပြ​တယ်။ ဆရာမ​က ဒီ​ဆောင်းပါး​ကို သူ​သိပ်​ကြိုက်​တဲ့​အကြောင်း​ပြော​ပြီး အတန်းသား​တွေ​ကိုလည်း ဖတ်​ကြဖို့ အကြံပေး​တယ်။

ဒီ.အေ.ကေ.၊ ဘရာဇီး

အရင်တုန်းက​ဆိုရင် မဂ္ဂဇင်း​ထဲ​က ကျွန်မ စိတ်ဝင်စား​တဲ့​အကြောင်းအရာတွေကို​ပဲ ဖတ်​လေ့​ရှိတယ်။ အခုတော့ စ​ဖတ်​တဲ့​အချိန်​မှာ သိပ်​စိတ်မဝင်စား​ရင်တောင် ဆောင်းပါး​တိုင်း​ကို​ဖတ်​ဖြစ်အောင် ကြိုးစား​တယ်။ ဆောင်းပါး​တိုင်း​လို​လို​ကို ကျွန်မ​နှစ်သက်တာ တွေ့ရ​တယ်။ ကျေးဇူး​အထူး​တင်​ပါ​တယ်။

အီး.ဂျီ.၊ အမေရိကန်

ဒီနေ့​လူငယ်တွေဟာ ကျွန်မ​ငယ်​စဉ်​တုန်း​ကလို​ပဲ​ဆိုတာ သိရလို့ ဝမ်းသာတယ်။ ကျွန်မ​အသက် ၁၄ နှစ်မှာ နှစ်ခြင်း​ခံ​ခဲ့​ပြီး အခု​အသက် ၄၀ ရှိပါ​ပြီ။ ကျွန်မ​နှစ်ခြင်း​မခံခင်​ကတည်းက ကင်းမျှော်စင် ဒါမှ​မဟုတ် နိုးလော့! ထဲ​က စာမျက်နှာ​အတော်များများကို နေ့တိုင်း​ဖတ်​တဲ့​အကျင့်​လုပ်တယ်။ ဒီ​အကျင့်​ကြောင့် ဆောင်းပါး​တွေ​ကို​မဖတ်​ဘဲ လွတ်​သွားတယ်​ဆိုတာ​မရှိတဲ့​အပြင် ကျွန်မ​ရဲ့​ဝိညာဉ်​ရေး​ကိုလည်း ထိန်းထား​နိုင်တယ်။

အက်စ်.အို.၊ ဂျပန်

မိုက်ကယ်​လ် စ​ဗီး​တပ်​စ်—အမှန်တရားကို တစ်ကိုယ်တော်​ရှာဖွေသူ (မေ၊ ၂၀၀၆ [အင်္ဂလိပ်]) ဒီ​ဆောင်းပါး​ကို ဖော်​ပြပေး​တဲ့​အတွက် ကျေးဇူး​တင်​ပါ​တယ်။ ဒီ​ဆောင်းပါး​က ယေဟောဝါ​ရဲ့​နာမတော်​ကို ဟောပြောခြင်းနဲ့ ကာကွယ်​ခြင်း​လုပ်ငန်းမှာ ဆက်​ပါဝင်​ဖို့ ကျွန်တော့်​ကို အများကြီး​ခွန်​အားပေးပါ​တယ်။

အမ်.အာရ်.၊ ဘရာဇီး

အများစုက စ​ဗီး​တပ်​စ်​ကို ဆေးပညာ​နယ်ပယ်​မှာ အထင်ကရ​ပုဂ္ဂိုလ်​ကျော်​အဖြစ်​သာ သိထားကြတယ်။ ဒါပေမဲ့ ဒီ​ဆောင်းပါး​က အမှန်တရားကို စိတ်ရင်းမှန်​နဲ့ ရှာဖွေ​တဲ့ ဒီ​ပညာရှင်​ရဲ့ အရည်အသွေးကို အခြား​မှတ်သားဖွယ်​ရာ​ရှုထောင့်​ကနေ ဖော်​ပြပေး​ထား​တယ်။ ဒီ​ဆောင်းပါး​ကို ထုတ်​ဝေပေး​တဲ့​အတွက် ကျေးဇူး တင်​ပါ​တယ်။

အမ်.ဂျေ.၊ စပိန်

သတိပေး​ချက်​များ​ကို ဂရုပြု​ခြင်း​က အကျိုးပြု (ဇွန် ၂၀၀၆) ယေဟောဝါ​ရဲ့ မေတ္တာ​ရှိ​အဖွဲ့အစည်း​မှာ အဖွဲ့ဝင်​ဖြစ်​ရတာ တကယ်​ဝမ်းသာစရာ​ကောင်း​ပါ​တယ်။ က​က်​ထ​ရီ​နာ​ဟာရီကိန်း​ကြောင့် အကြီးအကျယ်​ပျက်စီး​သွားတဲ့ ကျွန်မ​ရဲ​အိမ်ကို​ပြုပြင်​ရာ​မှာ ပါဝင်​ကူညီ​ပေး​ကြ​တဲ့ ညီအစ်ကို၊ ညီအစ်မ​အားလုံး​ကို လှိုက်လှိုက်လှဲလှဲ​ကျေးဇူး​တင်​ကြောင်း ပြော​လို​ပါ​တယ်။ အခု​ဆိုရင် ကျွန်မ​ရဲ့​အိမ်ဟာ သူတို့ရဲ့​မေတ္တာတွေ​နဲ့ လွှမ်းခြုံ​နေပါတယ်။

အီး.အက်ဖ်.၊ အမေရိကန်

ပိုး—အမျှင်​တို့၏ ဘုရင်မ (ဇွန် ၂၀၀၆ [အင်္ဂလိပ်]) ကျွန်မ​ငယ်ငယ်​တုန်း​က ပိုး​ကို ဘယ်လို​ထုတ်လုပ်​သလဲ​ဆိုတာ စဉ်းစား​ခဲ့​ဖူး​တယ်။ ဒီ​ဆောင်းပါး​ကို နိုးလော့! မှာ​တွေ့​လိုက်ရ​တော့ ကျွန်မ​အရမ်းပျော်​သွားတယ်။ ဒီ​အကြောင်းကို ကျွန်မ တကယ်​ကြိုက်​နှစ်သက်ခဲ့​ပြီး ယေဟောဝါ​ရဲ့ ဖန်ဆင်း​ရာတွေကို​လည်း ပို​ကျေးဇူး​တင်​လေးမြတ်​လာတယ်။

အာ.ကေ.အယ်​လ်.၊ ဘရာဇီး

မြင်း​မည်း​ကင်ဆာ​၏ သတိပေး​လက္ခဏာ (နိုဝင်ဘာ ၈၊ ၂၀၀၅) ဆောင်းပါး​မှာ ရောင်စုံ​ဓာတ်​ပုံ​နဲ့​ဖော်​ပြပေး​ထား​တဲ့​အတွက် ကျွန်တော့်​ကိုယ်​ပေါ်မှာ​ရှိတဲ့ သံသယ​ဖြစ်စရာ အမည်း​ကွက်​တွေ​ဟာ မြင်း​မည်း​ကင်ဆာ​ဖြစ်​နိုင်​မဖြစ်​နိုင်​ဆိုတာ စစ်ဆေး​နိုင်​ခဲ့​တယ်။ ဒီ​ကင်ဆာ​မျိုး​က စောစောစီးစီး​သိမယ်​ဆိုရင် ခွဲစိတ်​ဖယ်ရှား​လို့​ရတဲ့​အတွက် ကျေးဇူး​တင်​ဖို့​ကောင်းတယ်။ ဒီ​လက်တွေ့ကျတဲ့ အကြောင်းအရာ​အတွက် ယေဟောဝါ​ကို လှိုက်လှိုက်လှဲလှဲ​ကျေးဇူး​တင်​ပါ​တယ်။

ကေ.အဲ​န်.၊ ဂျပန်