မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ချမ်းသာကြွယ်ဝမှု မည်သူ့အတွက်နည်း

ချမ်းသာကြွယ်ဝမှု မည်သူ့အတွက်နည်း

ချမ်းသာ​ကြွယ်ဝမှု မည်​သူ့​အတွက်​နည်း

ချမ်းသာ​ကြွယ်ဝသော​ကမ္ဘာ​တွင် ကျွန်ုပ်​တို့​နေထိုင်ကြ​သည်။ မယုံနိုင်​စ​ရာ​ပင်မ​ဟုတ်​ပေ​လော။ အမှန်တကယ်​ပင် အချို့​သော​နိုင်ငံ​များသည် သုံး​မကုန်​ဖြုန်း​မကုန်နိုင်​လောက်​အောင် ချမ်းသာ​ကြွယ်ဝ​ကြ​၏။ ၂၀၀၅ ခုနှစ်​တွင် ကမ္ဘာ့​ထုတ်ကုန်​နှင့် ဝန်ဆောင်မှု​တန်ဖိုး​စုစုပေါင်း​မှာ အမေရိကန်​ဒေါ်လာ ၆၀ ထ​ရီ​လီယံ​ကျော်​ခဲ့​ကြောင်း ခန့်မှန်း​ရသည်။ ထို​မျှ​များပြား​လှ​သည့် ငွေ​ပမာဏ​ကို ကမ္ဘာ​သူ​ကမ္ဘာ​သားတို့​အား ဝေပေး​မည်​ဆိုပါ​က လူတစ်ဦး​လျှင် အမေရိကန်​ဒေါ်လာ ၉,၀၀၀ ခန့်​ရရှိ​မည်​ဖြစ်သည်။ အဆိုပါ​ကိန်း​ဂဏန်း​မှာ တိုးများ​နေ​၏။

သို့သော် ကမ္ဘာချီ​ချမ်းသာ​ကြွယ်ဝမှု​သည် အထင်​နှင့်​အမြင် တခြား​စီ​ဖြစ်၏။ မကြာသေးမီ​က ယူအဲန်​မှ ထုတ်ပြန်ခဲ့​သည့် ကြေညာ​ချက်​တစ်ခု​အရ ကမ္ဘာ့​အချမ်းသာဆုံး​လူ​သုံးဦး​၏ ချမ်းသာ​ကြွယ်ဝမှု​သည် အဆင်း​ရဲ​ဆုံး​နိုင်ငံ ၄၈ နိုင်ငံ​၏ ပြည်တွင်း​အသားတင်​ကုန်​ထုတ်လုပ်မှု စုစုပေါင်း​တန်ဖိုး​ထက် ပို​များနေ​သည်။ ထို့​ပြင် လူပေါင်း ၂.၅ ဘီလီယံ​သည် နေ့စဉ် ငွေ​မဖြစ်​စ​လောက်​လေး​နှင့် ကြိုး​စား၍​အသက်ဆက်​နေရ​သည်​ဟု ယူအဲန်​ဖွံ့ဖြိုးမှု​အစီအစဉ်​က ဖော်ပြ​၏။ သန်းပေါင်း​များစွာမှာ အာဟာရချို့​တဲ့​နေပြီး သောက်​ရေ​သန့် မရရှိ​ကြ​ချေ။

အမေရိကန်​နိုင်ငံ​မှ လူမှုဗေဒ​ပညာရှင်​များသည် “မွဲ​လု​နီး​နီး” ဖြစ်နေ​သော​အုပ်စု​တစ်စု​ကို အသေအချာ လေ့လာ​ဆန်းစစ်​နေကြ​သည်။ ထိုသို့​သော​သူတို့သည် ဆင်းရဲ​မွဲတေ​ဖို့​အကြောင်း ပို​များ​၏။ အလွန်​ချမ်းသာ​ကြွယ်ဝ​သည့်​နိုင်ငံ​ဖြစ်​လင့်​ကစား လူ​သန်းပေါင်း ၅၀ ကျော်​မှာ ဆင်းရဲ​မွဲတေ​နေသည်။

ကမ္ဘာ​တစ်ဝန်း​တွင် အလွန်​များပြား​လှ​သော ငွေကြေး​ပမာဏ​သည် ဘဏ္ဍာတိုက်​များ၊ ဘဏ်​စာရင်း​များ​ထဲ​သို့ တဖွဲဖွဲ​ဝင်ရောက်​နေ​သော်လည်း သန်းပေါင်း​များစွာသော ဆင်းရဲ​နွမ်းပါး​သူတို့သည် အကြီးအကျယ် စိတ်​ဆင်းရဲ​နေရ​သည်​မှာ အဘယ်ကြောင့်​နည်း။ ကမ္ဘာကြီး​သည် တိုး၍​ချမ်းသာ​ကြွယ်ဝ​လာ​နေ​သော်လည်း လူများစွာ​တို့သည် အဘယ်ကြောင့် ယင်း​မှ အကျိုး​ခံစားခွင့် မရရှိ​ကြ​သနည်း။

[စာမျက်နှာ ၃ ပါ အကျဉ်း​ဖော်ပြချက်]

ကမ္ဘာ့​အချမ်းသာဆုံး​လူ​သုံးဦးသည် အဆင်း​ရဲ​ဆုံး နိုင်ငံ ၄၈ နိုင်ငံ စုပေါင်း​လိုက်​သည်ထက် ပို​၍​ချမ်းသာ

[စာမျက်နှာ ၂၊ ၃ ပါ ရုပ်ပုံ]

ဤ​အုတ်ဖုတ်စက်ရုံ​မှ ကလေး​အလုပ်သမား​များသည် တစ်နေ့​လျှင် ဆ​င့် ၅၀ ခန့်​သာ​ရရှိကြ

[Credit Line]

© Fernando Moleres/​Panos Pictures

[Picture Credit Line on page 3]

© Giacomo Pirozzi/​Panos Pictures