မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ခရစ်တော်၏နောက်သို့ လိုက်လော့!”’

“ခရစ်တော်၏နောက်သို့ လိုက်လော့!”’

“ခရစ်တော်​၏​နောက်သို့ လိုက်​လော့!”

ယေဟောဝါသက်သေ​များ​၏ ခရိုင်​စည်းဝေးကြီး

သုံးရက်ကြာ စည်းဝေးကြီး​များသည် အမေရိကန်​နိုင်ငံ​၌ မေလ​တွင် စတင်​ကျင်းပ​ခဲ့​ပြီး ၂၀၀၈ ခုနှစ်​အထိ ကမ္ဘာ​တစ်ဝန်း​ရှိ ရာ​နှင့်​ချီ​သော​မြို့ကြီး​များ​၌​လည်း ဆက်လက်​ကျင်းပ​သွား​မည်​ဖြစ်သည်။ နေရာ​ဒေသ​အများစု​၌ အစီအစဉ်ကို သောကြာ​နေ့ နံနက် ၉:၂၀ နာရီ​တွင် တေးသံသာ​ဖြင့် အစပြု​မည်​ဖြစ်သည်။ စည်းဝေးကြီး​ရက်​တိုင်း​တွင် ယေရှုကို အဓိက​အာရုံစိုက်​သွား​မည်။

သောကြာ​နေ့​အစီအစဉ်​၏ အဓိက​အကြောင်း​မှာ “ယုံကြည်ခြင်းကို အစအဦး​စီရင်၍ စုံလင်​စေတော်မူ​သော သခင်​ယေရှုကို စေ့စေ့​ထောက်ရှု​ကြ​ကုန်​အံ့” ဖြစ်သည်။ (ဟေဗြဲ ၁၂:၂) အဖွင့်​ဟောပြောချက်​၏​ခေါင်းစဉ်​မှာ “‘ခရစ်တော်’ နောက်သို့ အဘယ်ကြောင့်​လိုက်ရ ” ဟူ၍​ဖြစ်သည်။ အပိုင်း​သုံး​ပိုင်း​ပါ​သော အခန်းဆက်​ဟောပြောချက်မှာ “မောရှေ၊ ဒါဝိဒ်၊ ရှောလမုန်​ထက် သာ၍​ကြီးမြတ်သော​အရှင်​အဖြစ် ယေရှုကို အသိအမှတ်​ပြုခြင်း” ဖြစ်သည်။ နံနက်ပိုင်း​အစီအစဉ်ကို “ယေဟောဝါ​၏​ရည်ရွယ်တော်မူချက်တွင် ယေရှု၏ ထူးခြားသော​အခန်းကဏ္ဍ” ဟူ​သည့် အဓိက​ဟောပြောချက်​ဖြင့် နိဂုံး​ချုပ်​ထား​ပါ​သည်။

သောကြာ​နေ့​မွန်းလွဲပိုင်း​၏ ပထမ​ဆုံး​ဟောပြောချက်မှာ “ ‘ငါ​တို့သည် မေရှိယကို တွေ့ ကြပြီ’ ” ဟူ၍​ဖြစ်သည်။ နောက်ဆက်​ဟော​မည့် ဟောပြောချက်မှာ “ ‘ကိုယ်တော်၌ အသေအချာ ဝှက်ထား​သော’ ဘဏ္ဍာများ​ကို တွေ့ ရှိ​ခြင်း” ဟူ၍​ဖြစ်ပါ​သည်။ “ခရစ်တော်​၏​စိတ်​သဘောကို ဆက်​မွေးမြူ​လော့” ဟူသော တစ်​နာရီ​ကြာ​သည့် အပိုင်း​ငါး​ပိုင်း​ပါ အခန်းဆက်​ဟောပြောချက်​များ​တွင် “ ကိုယ်တော်​သည် ‘သူတို့ကို သနား​ကြင်နာ​စွာ လက်ခံ​ကြိုဆို​တော်​မူ​၏၊’ ” “ကိုယ်တော်​သည် ‘အသေခံ​ခြင်း​တိုင်အောင်’ နာခံမှု​တင်ပြ ” နှင့် “ကိုယ်တော်​သည် ‘အဆုံးတိုင်အောင် ချစ်တော်မူ​၏’ ” တို့​ပါဝင်​သည်။ အစီအစဉ်ကို “သူတို့သည် ‘သိုးသငယ်​သွား​လေ​ရာ​ရာ​အရပ်သို့ နောက်​တော်​၌ လိုက်​သော​သူ​ဖြစ်​ကြ​၏’ ” ဟူသော​ဟောပြောချက်​ဖြင့် နိဂုံး​ချုပ်​ထား​ပါ​သည်။

စနေနေ့​အစီအစဉ်​၏ အဓိက​အကြောင်း​မှာ “ငါ့​သိုး​တို့သည် ငါ့​စကားသံ​ကို နားထောင်​၍ ငါ့​နောက်သို့ လိုက်​ကြ​၏” ဖြစ်သည်။ (ယောဟန် ၁၀:၂၇) “ဓမ္မ​အမှု​တွင် ယေရှု၏​ပုံသက်သေ​ကို လိုက်လျှောက်​လော့” ဟူသော တစ်​နာရီ​ကြာ​သည့် အခန်းဆက်​ဟောပြောချက်​တွင် ကျွန်ုပ်​တို့၏​ဓမ္မ​အမှုကို တိုးတက်စေ​သော လက်တွေ့ကျ​အကြံဉာဏ်​များ ပါဝင်​ပေ​လိမ့်​မည်။ “ကိုယ်တော်​သည် ‘ဖြောင့်မတ်ခြင်း​တရားကို​ချစ်၍ မတရားသော​အမှုကို​မုန်းတော်မူ​၏’—အသင်​ကော” ဟူသော​ဟောပြောချက်​နှင့် “ယေရှု​ပြု​တော်​မူ​ခဲ့​သကဲ့သို့ ‘မာရ်နတ်ကို​ဆီးတား​ကြလော့’ ” ဟူသော​ဟောပြောချက်​တို့​ပြီး​နောက် နံနက်ပိုင်း​အစီအစဉ်ကို နှစ်ခြင်း​ဟောပြောချက်​ဖြင့် နိဂုံး​ချုပ်​ကာ နှစ်ခြင်း​ခံ​ဖို့​အရည်အချင်း​ပြည့်မီ​သူတို့သည် နှစ်ခြင်း​ခံ​ကြ​ပေမည်။

စနေနေ့​မွန်းလွဲပိုင်း​အစီအစဉ်ကို “. . . မလိုက်​နှင့်” ဟူသော​အခန်းဆက်​ဖြင့် စတင်​မည်​ဖြစ်သည်။ ယင်း​တွင်​ပါဝင်​သည့် အပိုင်း​ခြောက်​ပိုင်း​မှာ “လူများ​နောက်သို့၊” “ကိုယ့်​စိတ်​အလို​နှင့် ကိုယ့်​မျက်စိ​အလို​သို့၊” “အချည်းနှီး​ဖြစ်သော​အရာ​တို့​နောက်သို့၊” “မိစ္ဆာ​ဆရာ​တို့​နောက်သို့၊” “ဒဏ္ဍာရီ​စကား​များ​နောက်သို့” နှင့် “စာတန်​နောက်သို့” တို့​ဖြစ်​ကြသည်။ နောက်​ဟောပြောချက်​များ​တွင် “ ‘ယေဟောဝါ​၏​သွန်သင်မှု’ ခံရ​ခြင်း​သည် သာလွန်​မြင့်မြတ်” နှင့် “သိုးအုပ်​ထဲ​သို့​ပြန်လည်​ရောက်ရှိ​လာ​စေရန် သူတို့ကို ကူညီ​ကြလော့” တို့​ပါဝင်​သည်။ အဆိုပါ​နေ့ကို စည်းဝေးကြီး​၏​ပေါ်လွင်​ချက်​ဖြစ်သော “ငါ့​နောက်သို့ လိုက်​လော့” ဟူ​သည့်​ဟောပြောချက်​ဖြင့် နိဂုံး​ချုပ်​ထား​သည်။

တနင်္ဂနွေ​နေ့​၏​အဓိက​အကြောင်း​မှာ “ငါ့​နောက်သို့ ဆက်၍​လိုက်​လော့” ဖြစ်သည်။ (ယောဟန် ၂၁:၁၉က​ဘ) “ခရစ်တော်​နောက်လိုက်ခြင်း​မှ ‘တောင်းပန်’ ကာ ပြန်​နောက်ဆုတ်​ခြင်း​မပြု​နှင့်” ဟူသော ဟောပြောချက်​ပြီး​နောက် “တောင်ပေါ်​တရားတော်​မှ အဖိုးတန်​သင်ခန်းစာများ” ဟူသော အပိုင်း​ခြောက်​ပိုင်း​ပါ အခန်းဆက်​ဟောပြောချက်​က “ဘုရားသခင်​ကို မှီခိုရန်​လို​ကြောင်း သိမှတ်​သူတို့သည် မင်္ဂလာ​ရှိကြ​၏၊” “သင်၏​ညီအစ်ကို​နှင့် သင့်မြတ်​အောင် အရင်​ပြု​ဦး​လော့” နှင့် “သူတစ်ပါး​အားပေး​ကြလော့။ ပေး​လျှင် သူတစ်ပါး​သည် သင်တို့အား ပေး​ကြလိမ့်မည်” အစ​ရှိသည့် ယေရှု၏​စကား​များ​အပေါ် အာရုံစိုက်ပါ​လိမ့်​မည်။ နံနက်ပိုင်း​အစီအစဉ်ကို “မည်သူ​တို့သည် ခရစ်တော်​၏ နောက်လိုက်စစ်​များ ဖြစ်​ကြ​သနည်း” ဟူသော လူထု​ဟောပြောချက်​ဖြင့် နိဂုံး​ချုပ်​ထား​ပါ​သည်။ မွန်းလွဲပိုင်း​၏ အဓိက​ပေါ်လွင်​ချက်​မှာ ဘုရားသခင့်​ပရောဖက်​ဧလိရှဲ​၏ လို​ဘ​ကြီးသော​ကျွန် ဂေဟာဇိ​နှင့်​ပတ်သက်​သည့် ကျမ်းစာ​မှတ်တမ်း​ကို အခြေခံ​ထားသော ဝတ်စုံပြည့်​ပြဇာတ်​ဖြစ်ပါ​သည်။ စည်းဝေးကြီး​ကို “ကျွန်ုပ်​တို့၏ မ​ရှုံးနိမ့်​နိုင်သော​ခေါင်းဆောင် ခရစ်တော်​နောက် ဆက်၍​လိုက်နေ​လော့!” ဟူသော​ဟောပြောချက်​ဖြင့် နိဂုံး​ချုပ်​ပါ​မည်။

တက်ရောက်​ရန် ယခု​ကတည်းက အစီအစဉ်များ​ဆွဲ​ထား​ပါ။ သင်​နှင့်​အနီးဆုံး​နေရာ​ရှိ စည်းဝေးကြီး​ကျင်းပ​ရာ​နေရာကို​သိရှိ​ရန် ယေဟောဝါသက်သေ​များ​၏ ဒေသခံ​ဘုရားသခင့်​နိုင်ငံတော်​ခန်းမ သို့​မဟုတ် ဤ​မဂ္ဂဇင်း​ထုတ်ဝေ​သူများ​ထံ စာရေး​ဆက်သွယ်​ပါ​လေ။ ကျွန်ုပ်​တို့၏ ပူးတွဲ​ထုတ်ဝေ​သည့်​မဂ္ဂဇင်း​ဖြစ်သော မတ်​လ ၁ ရက်​နေ့​ထုတ် ကင်းမျှော်စင်​တွင် စည်းဝေးကြီး​ကျင်းပ​ရာ​နေရာ​အားလုံး​ကို ဖော်ပြ​ထား​ပါ​သည်။