မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ကျွန်မတို့ တကယ်လိုအပ်နေတာ ဒါပဲ”

“ကျွန်မတို့ တကယ်လိုအပ်နေတာ ဒါပဲ”

“ကျွန်မ​တို့ တကယ်​လိုအပ်​နေတာ ဒါ​ပဲ”

ယင်းသည် ကြီးမြတ်သော​ဆရာ​ထံ​မှ သင်ယူ​လော့ စာအုပ်​ကို​ရရှိ​ချိန်​တွင် အီတလီ​နိုင်ငံ​မှ မိခင်​တစ်ဦး ပြော​ခဲ့​သော​စကား​ဖြစ်သည်။ “ကျွန်မ​မျက်ရည် မ​ဆ​ည်​နိုင်​ခဲ့​ဘူး” ဟု​သူ​ပြော​ခဲ့​သည်။ သူ၏​သမီး​ငယ်​လေး​အကြောင်း ဤသို့ ထပ်​ပြော​ခဲ့​သည်– “သူ​စာ​မဖတ်​တတ်​သေး​ပေမဲ့ ရုပ်ပုံတွေ​ရဲ့​အကူအညီ​နဲ့ အဓိက​အချက်​တွေ​ကို မှတ်မိတယ်။ စာအုပ်​ရဲ့​အရေးအသား​က စာဖတ်သူ​နဲ့ စကား​လက်ဆုံ​ပြော​နေတဲ့​ပုံစံ​ဖြစ်​လို့ သူ​ကောင်းကောင်း အာရုံစိုက်​ပြီး ပါဝင်​ပြောဆို​လေ့​ရှိတယ်။ ရ​ဖူး​သမျှ​လက်ဆောင်​တွေ​ထဲမှာ ဒါဟာ​အကောင်းဆုံး​ပဲ။”

အီတလီ​နိုင်ငံ​မှ ဖခင်​တစ်ဦး​က သူနှင့် သူ၏​ဇနီး​တို့သည် သူတို့၏​သားငယ်​လေး​အား လိင်​အကြောင်း မည်သို့​ရှင်းပြ​ရမည်​နှင့်​ပတ်သက်​၍ မိမိတို့​ကိုယ်ကို မေးခွန်းထုတ်​ခဲ့​ကြ​ကြောင်း ပြောပြ​သည်။ “ကျွန်တော်​တို့​ရဲ့ စိုးရိမ်​ပူပန်မှု​ကို ဘုရားသခင်​သိလို့ ဒီ​စာအုပ်​အသစ်​ကို ထုတ်ဝေ​လိုက်တာ​ဖြစ်​မယ်​လို့ ခံစား​မိတယ်။ စာအုပ်​ကို သေချာ​ဖတ်​ပြီး​တဲ့​နောက် ဒီ​စာအုပ်​သစ်​က ကျွန်တော်​တို့​ရဲ့​သားကို ဘယ်​အတိုင်းအတာ​အထိ စဉ်းစား​ဆင်ခြင်​ဖို့ အားပေး​မယ်​ဆိုတာ​ကို ကျွန်တော်​တို့​လင်မယား ဝေဖန်​သုံးသပ်​ခဲ့​တယ်” ဟု​သူတို့​ပြောပြ​ခဲ့​ကြသည်။

ကလေး​ဘဝက ဗလက္ကာရပြု​ခံ​ခဲ့​ရသော ဂျပန်​နိုင်ငံ​မှ မိန်းကလေး​တစ်ဦး​သည် ဤ​စာအုပ်​နှင့်​ပတ်သက်​၍ ကျေးဇူး​တင်​လေးမြတ်​ကြောင်း ဤသို့​ရေးသားခဲ့​သည်– “ကျွန်မ​ရှိုက်ကြီးတငင်​ငိုချ​လိုက်ပြီး ယေဟောဝါ​ကို ကျေးဇူး​တင်​မဆုံး​ဖြစ်​ခဲ့​တယ်။ ဒီ​ဆိုးယုတ်​တဲ့​ခေတ်​ကြီး​မှာ ကလေး​တွေ တွေ့ ကြုံ​ရနိုင်တဲ့​အရာ​တွေ​ကို ဒီ​စာအုပ်​ထဲမှာ ပွင့်ပွင့်လင်းလင်း၊ တိတိကျကျ​ရေးထားတယ်။ မေးခွန်းတွေ​က သူတို့ရဲ့​ခံစားချက်​တွေ​ကို ထုတ်ဖော်​ပြောဆို​ရဲ​လာအောင် ကလေး​ကို ကြင်ကြင်နာနာ​နဲ့​အားပေးတယ်။ အခန်း ၃၂ မှာ​ဆိုရင် ကလေး​တွေ​ကို ဆိုးညစ်​တဲ့​လူကြီးတွေရဲ့ လက်ချက်​ကနေ ကာကွယ်​ပေး​ဖို့ အထူး​ပြင်ဆင်​ထား​တယ်။ လွန်ခဲ့တဲ့​အနှစ် ၂၀ က​သာ ဒီလို​ရိုးရှင်း​ထိရောက်​တဲ့ ပညာပေး​ကိရိယာ​ရှိခဲ့​မယ်​ဆိုရင် ကျွန်မ​ဘဝဟာ အရမ်း​ကို​ထူးခြား​သွားနိုင်တယ်။”

ဤ​မဂ္ဂဇင်း​နှင့်​အရွယ်အစား​တူသော ၂၅၆ မျက်နှာ​ရှိ လှပသည့်​ရောင်စုံ​ရုပ်ပုံများ​ပါ​သော အဆိုပါ​စာအုပ်​ကို အင်္ဂလိပ်၊ တရုတ်​ဘာသာ​စကား​တို့​ဖြင့် သင် မှာ​ယူ​နိုင်​ပါ​သည်။ ပူးတွဲ​ပါ​ကူပွန်​ကို​ဖြည့်​၍ အောက်တွင်​ဖော်ပြ​ထားသော​လိပ်စာ သို့​မဟုတ် ဤ​မဂ္ဂဇင်း​၏ စာမျက်နှာ ၅ ပါ​သင့်လျော်ရာ​လိပ်စာ​သို့ စာတိုက်​မှ​တစ်ဆင့် ပေး​ပို့​ပါ။

□ ဤ​တွင်​ဖော်ပြ​ထားသော​စာအုပ်​ကို မေတ္တာ​လက်ဆောင်​ရ​လို​ပါ​သည်။

□ အခမဲ့​အိမ်တွင်း​ကျမ်းစာ​သင်အံမှု ပြု​လို​ပါ​သဖြင့် ကျေးဇူးပြု​၍ ကျွန်ုပ်​နှင့်​ဆက်သွယ်​ပါ။