မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူတို့သည်အမှန်ပင် ထိုမျှတိုင် အသက်ရှင်ခဲ့သလော

သူတို့သည်အမှန်ပင် ထိုမျှတိုင် အသက်ရှင်ခဲ့သလော

သူတို့သည်​အမှန်ပင် ထို​မျှ​တိုင် အသက်ရှင်ခဲ့​သလော

သမ္မာကျမ်းစာ​အရ အာဒံသည် အသက် ၉၃၀ နှစ်၊ ရှေ​သ​သည် အသက် ၉၁၂ နှစ်​အသက်ရှင်ခဲ့​သည်။ မ​သု​ရှ​လ​သည် ၉၆၉ နှစ်​အသက်ရှင်ခဲ့​ပြီး အသက်​တစ်ထောင်​ပြည့်​ရန် ၃၁ နှစ်​သာ​လို​သည်။ (ကမ္ဘာဦး ၅:၅၊ ၈၊ ၂၇) ထို​နှစ်များ​သည် ယနေ့ ကျွန်ုပ်​တို့​ခေတ်​မှ​နှစ်များ​နှင့် တူ​သလော သို့​မဟုတ် ပို​တို​သလော၊ အခြားသူများ​ပြော​သကဲ့သို့ ထို​နှစ်များ​သည် ကျွန်ုပ်​တို့​ခေတ်​မှ​လ​များနှင့် ညီမျှ​ပါသလော။

ကျမ်းစာ​ကိုယ်နှိုက်​၏​အထောက်အထား​များ​က ထို​နှစ်များ​သည် ကျွန်ုပ်​ခေတ်​မှ​နှစ်များ​နှင့်​တူ​သည်​ဟု ထောက်ပြ​၏။ စဉ်းစား​ကြည့်​ပါ​လေ– ရှေးခေတ်​မှ​နှစ်​သည် ကျွန်ုပ်​တို့​ခေတ်​မှ လ​နှင့်​တူ​သည်​ဆိုလျှင် ကာဣန​န်​သည် အသက်​ခြောက်​နှစ်​မပြည့်မီ​တွင်၊ မဟာ​လေ​လ​နှင့် ဧနောက်​သည် အသက်​ငါး​နှစ်​သာ​သာ​တွင် ဖခင်​များ​ဖြစ်လာ​သည်။ ယင်းသည် မဖြစ်​နိုင်​ချေ။—ကမ္ဘာဦး ၅:၁၂၊ ၁၅၊ ၂၁

ထို​ခေတ်​မှ​လူများ​သည် ရက်၊ လ၊ နှစ်များ​ကို ခွဲခြား​တတ်ကြ​သည်။ (ကမ္ဘာဦး ၁:၁၄-၁၆; ၈:၁၃) အမှန်ဆိုလျှင် နောဧ​၏​အသေးစိတ်​ကျ​သော နေ့ရက်​သက္ကရာဇ်​စာရင်း​က လ​အပိုင်းအခြား​များ​ကို သတ်မှတ်​ရာ​တွင် ကျွန်ုပ်​တို့ကို အထောက်အကူ​ပြု​သည်။ ကမ္ဘာဦး ၇:၁၁၊ ၂၄ နှင့် ကမ္ဘာဦး ၈:၃၊ ၄ ၏​နှိုင်းယှဉ်​ချက်​က ဒုတိယ​လ ၁၇ ရက်​နေ့​မှ သတ္တမ​လ ၁၇ ရက်​နေ့​အထိ​ဖြစ်သော ငါး​လ​သည် ရက်ပေါင်း ၁၅၀ နှင့်​ညီမျှ​သည်​ဟု ဖော်ပြ​သည်။ ထို​စဉ်​က နောဧ​သည် ရက် ၃၀ ရှိသော လ​များ​ကို​အသုံးပြု၍ ၁၂ လ​လျှင် တစ်နှစ်​အဖြစ်​ရေတွက်​ခဲ့​ပုံ​ရသည်။—ကမ္ဘာဦး ၈:၅-၁၃ *

သို့သော် လူများ​သည် အဘယ်​နည်းဖြင့် အနှစ် ၉၀၀ ကျော် အသက်ရှင်​နိုင်​ကြ​သနည်း။ ဘုရားသခင်​သည် လူသားများ​ကို ထာဝစဉ်​အသက်ရှင်​ရန် ဖန်ဆင်း​တော်​မူ​ခဲ့​ပြီး အာဒံ​၏​အပြစ်​ကြောင့် လူ့​မိသားစု​သည် မစုံလင်မှု​နှင့် သေခြင်း​သို့ ရောက်​ရ​ကြသည်​ဟု သမ္မာကျမ်းစာ​က​ဆို​၏။ (ကမ္ဘာဦး ၂:၁၇; ၃:၁၇-၁၉; ရောမ ၅:၁၂) ရေလွှမ်းမိုး​ဘေး​မတိုင်မီ​တွင် အသက်ရှင်ခဲ့​သူများ​သည် ယနေ့​ကျွန်ုပ်​တို့​ထက် စုံလင်မှု​နှင့်​ပို​နီးစပ်​သဖြင့် ယင်းသည် အသက်ပိုရှည်​ရသည့် အဓိက​အကြောင်းရင်း​ဖြစ်သည်​မှာ သံသယဖြစ်ဖွယ်​မရှိ​ချေ။ ဥပမာ၊ မ​သု​ရှ​လ​သည် အာဒံ​နောက် လူမျိုးဆက် ခု​နစ်​ဆက်​တွင် အသက်​ရှင်ခဲ့သူ​ဖြစ်သည်။—လုကာ ၃:၃၇၊ ၃၈

သို့သော် မကြာမီတွင် ယေဟောဝါ​ဘုရားသခင်​သည် သားတော်​ယေရှု​ခရစ် သွန်းလောင်းခဲ့​သော အသွေးတော်​အပေါ် ယုံကြည်မှု​တင်ပြ​သူအား​လုံး​ထံ​မှ အာဒံ့​အပြစ်​များ​ကို အစ​အ​န​မကျန် ဖယ်ရှားပစ်​တော့​မည်။ “အပြစ်​တရား​၏​အ​ခ​ကား သေခြင်း​ပေ​တည်း။ ဘုရားသခင်​ပေး​တော်​မူ​သော ဆုကျေးဇူး​တော်​ကား ငါ​တို့​သခင်​ယေရှု​ခရစ်​အားဖြင့် ထာဝရ​အသက်​ပေ​တည်း။” (ရောမ ၆:၂၃) မ​သု​ရှ​လ​၏​အသက် ၉၆၉ နှစ်ကို​ပင် အလွန်​တိုတောင်း​သည်​ဟု ယူဆ​ရမည့်​အချိန် အမှန်ပင် ရောက်လာ​ပေ​တော့​မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 ယေဟောဝါသက်သေ​များ ထုတ်ဝေ​သော ကျမ်း​စာစောင်​များ​အပေါ် ထိုးထွင်း​အမြင် အတွဲ ၂၊ စာမျက်နှာ ၁၂၁၄ ကို​ရှု။

[စာမျက်နှာ ၁၃ ပါ ဇယား]

(ကားချပ်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

၁၀၀၀

မ​သု​ရှ​လ

အာဒံ

ရှေ​သ

၉၀၀

 

 

 

၈၀၀

 

 

 

၇၀၀

 

 

 

၆၀၀

 

 

 

၅၀၀

 

 

 

၄၀၀

 

 

 

၃၀၀

 

 

 

၂၀၀

 

 

 

၁၀၀

ယနေ့​သာမန်​လူသား​တစ်ဦး