မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့၏စာရှုသူများထံမှ

ကျွန်ုပ်တို့၏စာရှုသူများထံမှ

ကျွန်ုပ်​တို့၏​စာရှုသူ​များ​ထံ​မှ

ကလေး​တစ်ဦး၏​ယုံကြည်ချက် (ဩဂုတ် ၂၀၀၆) ဒတ်​စ်​တင်​နဲ့ တခြား​သေလွန်သူ သန်းပေါင်း​များစွာ​တို့​ဟာ မကြာမီ​ရောက်လာ​တော့​မယ့် ကမ္ဘာသစ်​မှာ သူတို့ရဲ့​လူငယ်​ခွန်အား​နဲ့ ခုန်ပေါက်​ပြေးလွှား​နေတာကို မြင်ရဖို့ ကျွန်မ​မျှော်လင့်​ပါ​တယ်။

အေ. အေ.၊ သီရိလင်္ကာ

ဒတ်​စ်​တင်​ရဲ့ ယုံကြည်ခြင်းနဲ့ ရဲရင့်ခြင်း​က ကျွန်မ​အတွက် အလွန်​စွဲမှတ်စရာ​ဖြစ်​ခဲ့​တယ်။ သူ့ရဲ့​တွေ့ ကြုံ​မှု​က ကျွန်မ​ဘဝမှာ အမှန်တရားဟာ ဘယ်လောက်​အရေးပါ​တယ်​ဆိုတာ​ကို ဝေဖန်​ဆန်းစစ်​ဖို့နဲ့ ဦးစားထားရာ​တွေ​ကို မှန်ကန်​စွာ​သတ်မှတ်​ဖို့ အကူအညီ​ပေး​ခဲ့​တယ်။ ယေဟောဝါ​နဲ့ နှစ်ကိုယ်ကြား​ဆက်ဆံ​ရေး​ကောင်း​ရှိ​ခြင်း​နဲ့ ဘုရားသခင့်​နိုင်ငံတော်​အကျိုး​စီးပွား​ကို ရှေးဦး​ထားခြင်း​ဟာ ကျွန်မ​ရဲ့ ဦးစားထားရာ​တွေ ဖြစ်သင့်တယ်​ဆိုတာ အခု သဘောပေါက်​လာပြီ။

အမ်.ကေ.ဗွီ.၊ ဘရာဇီး

ဒတ်​စ်​တင်​ရဲ့ စေ့ဆော်မှု၊ အမှန်တရားကို​လေးမြတ်မှု​တို့​ဟာ ကျွန်မ​နှလုံးကို ထိမိ​ခဲ့​တယ်။ သူဟာ ယေဟောဝါ​ရဲ့​မျက်နှာသာတော်​ရ​လို​ပြီး အခြားသူ​တွေ​အတွက် အမှုဆောင်​လိုတယ်​ဆိုတာ သူရဲ့​လုပ်ဆောင်ပုံ​တွေ​က တင်ပြ​တယ်။ ဒတ်​စ်​တင်​လို​ပဲ ကျွန်မ​လည်း ‘အဆုံးတိုင်အောင်​ပြေး​ပြီး ယုံကြည်ခြင်း​တရားကို စောင့်ထိန်း​ချင်​တယ်။’

အမ်. အဲ​န်.၊ ဂျပန်

ကျွန်မ​အသက် ခု​နစ်​နှစ်​ပါ။ ဒီ​တွေ့ကြုံမှု​ကို ထုတ်​ဝေပေး​လို့ ကျေးဇူး​တင်​ပါ​တယ်။ ဒတ်​စ်​တင်​ဟာ ကျန်းမာ​ရေး​အခြေအနေ​ဆိုးဝါး​နေတာ​တောင်​မှ ယေဟောဝါ​အပေါ် အရမ်း​ယုံကြည်တာ​ကို ကျွန်မ​စွဲမှတ်​သွားတယ်။ သူ့ရဲ့​ပုံသက်သေ​က ဘုရားသခင်​အတွက် ပို​အမှုဆောင်ဖို့ ကျွန်မ​ကို အားပေးခဲ့တယ်။

တီ. ဒီ.၊ အီတလီ

“သူတို့၏​ယုံကြည်ချက်​ကြောင့် ထောင်ချ​ခံရ” (ဧပြီ ၂၀၀၆ [အင်္ဂလိပ်]) ကျွန်တော်​ဟာ ယေဟောဝါသက်သေ​တစ်ယောက်​မဟုတ်ပေမဲ့ သင်တို့​အသင်းသားတွေရဲ့ ယုံကြည်ခြင်းကို မလေးစား​ဘဲ​မနေနိုင်​ခဲ့​ဘူး။ ဂ​ရော့ရို​ဇန်​နဲ့ ဘူ​ချင်​ဝေါ ချွေး​တပ်​စခန်း​တွေ​မှာ ကျွန်တော်​ထောင်ကျ​စဉ်​က သက်သေခံ​အတော်များများ​နဲ့ တွေ့ခဲ့​ဖူး​တယ်။ သူတို့ရဲ့ အမူအကျင့်တွေ​ဟာ စံပြ​ဖြစ်​ပြီး သူတို့ရဲ့​ဘာသာရေး​ယုံကြည်ချက်တွေ​က ထူးခြား​လှတဲ့​အတွက် တခြား​အကျဉ်းသားတွေ​ရဲ့ လေးစားမှု​နဲ့ ချီးမွမ်းမှု​ကို ခံ​ခဲ့​ရ​ကြတယ်။ အက်စ်​အက်စ်​စစ်သား​တွေ​တောင် သူတို့ကို အထင်ကြီး​လေးစား​ကြတယ်။ ယေဟောဝါ​သက်သေတွေကို ကျွန်တော့်​အိမ်က အမြဲ​ကြိုဆို​ပါ​တယ်။

ပီ. ဗွီ.၊ အမေရိကန်