မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မေတ္တာရိပ်မြုံဖြစ်စေပါ

မေတ္တာရိပ်မြုံဖြစ်စေပါ

အဆင့် ၂

မေတ္တာ​ရိပ်မြုံ​ဖြစ်စေ​ပါ

ယင်း​သို့​ပြု​ရန် အဘယ်ကြောင့် အရေးကြီး​သနည်း။ သားသမီး​များသည် မေတ္တာ​လိုအပ်​ပြီး ယင်း​မေတ္တာ​မရ​လျှင် မ​ရှင်သန်​နိုင်​ကြ​ချေ။ ၁၉၅၀ ပြည့်လွန်​နှစ်များ​က မ​နု​ဿ​ဗေဒ​ပညာရှင် အက်​ရှ်​လေ​မွန်​တ​ဂူ​က ဤသို့​ရေးသားခဲ့​သည်– “လူသား​တစ်ဦး ဖွံ့ဖြိုး​ကြီးထွား​ရန် အလိုအပ်ဆုံး​အရာ​မှာ မေတ္တာဖြင့် ကျွေးမွေး​ပြုစု​ခံရ​ခြင်း​ဖြစ်သည်။ လူသား​အားလုံးနီးပါး​၏​ကျန်းမာ​ရေး​သည် မေတ္တာ​ခံစား​ရခြင်း​တွင် အရင်းခံ​၏၊ အထူးသဖြင့် ဘဝ​အစပိုင်း ခြောက်​နှစ်​အတွင်း​တွင်​ဖြစ်သည်။” “သားသမီး​များသည် မေတ္တာကို လုံလောက်​စွာ​မခံစား​ရသောအခါ အကြီးအကျယ် ထိခိုက်​ပျက်စီး​ရလေ​သည်” ဟူသော မွန်​တ​ဂူ​၏​ကောက်ချက်​ကို ခေတ်​သစ်​သုတေသီ​များ​က သဘောတူ​ကြသည်။

အဘယ်အရာက ခက်ခဲ​စေ​သနည်း– မေတ္တာ​ခေါင်းပါး​၍ တစ်ကိုယ်ကောင်း​ဆန်​သော ဤ​လောကတွင် အသက်ရှင်​နေထိုင်​ရခြင်း​က မိသားစု​နှောင်ကြိုး​ကို ထိခိုက်​စေ​သည်။ (၂ တိမောသေ ၃:၁-၅) သားသမီး​ပြုစု​ပျိုးထောင်​ရေး​အတွက် ငွေကြေး​နှင့် စိတ်ပိုင်း​ဆိုင်ရာ​လိုအပ်ချက်​များ​က လက်ရှိ​အိမ်ထောင်ရေး​ပြဿနာ​များ​ကို ကြီးထွား​စေ​ကြောင်း အိမ်ထောင်သည်​မောင်နှံ​များ တွေ့ရှိ​ကြ​ပေမည်။ ဥပမာ၊ သားသမီး​များ​ကို မည်သို့​ဆုံးမ​ကာ ဆုချ​မည်​နှင့်​ပတ်သက်​၍ အိမ်ထောင်သည်​မောင်နှံစုံ​အကြား ကွဲလွဲ​သော​ယူဆချက်​က ဆက်ဆံ​ရေး​မပြေ​ပြစ်​သော လူ​နှစ်ဦး​၏​အခြေအနေ​ကို ပို​၍​တင်းမာ​စေ​ပေမည်။

အဘယ်အရာက ကူညီ​ပေး​နိုင်​သနည်း– မိသားစု​လိုက် မှန်မှန်​တွေ့ဆုံ​ရန် အစီအစဉ်​ဆွဲ​ပါ။ အိမ်ထောင်သည်​မောင်နှံ​များသည် မိမိတို့​ချည်း အတူတကွ​ရှိနေ​ရန်​လည်း ကြိုတင်​စီစဉ်​ထား​ဖို့​လို​၏။ (အာမုတ် ၃:၃) သားသမီး​များ အိပ်ရာဝင်​ပြီး​နောက် အချိန်ကို ပညာရှိရှိ​အသုံးပြုပါ။ အဆိုပါ​တန်ဖိုး​ရှိ​အချိန်ကို တီဗွီ​ကြောင့် အဆုံးရှုံး​မခံ​လိုက်ပါ​နှင့်။ သင့်​အိမ်ထောင်တွင် တစ်ဦး​ကိုတစ်​ဦး ချစ်ခင်​တွယ်တာ​ကြောင်း စကား​အားဖြင့်​ဖြစ်စေ၊ အထူးသဖြင့် အပြုအမူအားဖြင့်​ဖြစ်စေ မှန်မှန်​ဖော်ပြ​ပါ။ (သု. ၂၅:၁၁; ရှောလမုန်သီချင်း ၄:၇-၁၀) မိမိ၏​အိမ်ထောင်ဖက်​ကို တစ်ချိန်​လုံး “အပြစ်” ရှာနေ​မည့်​အစား ချီးမွမ်း​ရန်​အခွင့်အရေး​များ နေ့စဉ်​ရှာယူပါ​လေ။—ဆာလံ ၁၀၃:၉၊ ၁၀; သု. ၃၁:၂၈

သားသမီး​များ​ကို ချစ်​မြတ်နိုး​ကြောင်း ပြောပါ။ ယေဟောဝါ​ဘုရားသခင်​သည် မိမိ​သားတော်​ယေရှုကို ချစ်ခင်​မြတ်နိုး​ကြောင်း ပွင့်ပွင့်လင်းလင်း ဖော်ပြ​ခဲ့​ခြင်း​က မိဘများ​အတွက် စံနမူနာ​ပင်။ (မဿဲ ၃:၁၇; ၁၇:၅) ဩစတြီးယား​နိုင်ငံ​တွင်​နေထိုင်​သော ဖခင်​တစ်ဦး​ဖြစ်သူ ဖလ​က်ခ်​က ဤသို့​ဆို​၏– “သားသမီးတွေဟာ ပန်းကလေး​တချို့​နဲ့ တော်တော်လေး​တူတယ်​ဆိုတာ ကျွန်တော်​သိလိုက်​ရတယ်။ အဲဒီ​ပန်းပင်​လေး​တွေ​ဟာ အလင်းရောင်​နဲ့ အ​နွေး​ဓာတ်​ရဖို့ နေ​ဘက်​ကို​လှည့်ပေး​ရ​သလိုပဲ သားသမီးတွေ​က​လည်း သူတို့ဟာ အဖိုးထိုက်တဲ့​မိသားစုဝင်​တွေ​ဖြစ်တယ်​ဆို​တဲ့ ယုံကြည်​စိတ်ချမှု​နဲ့ မေတ္တာကို မိဘတွေဆီက​ရဖို့ မျှော်လင့်​ကြတယ်။”

သင်သည် အိမ်ထောင်သည်​ဖြစ်စေ၊ ကြင်ဖော်​မဲ့​မိဘ​ဖြစ်စေ သင့်​မိသားစု​အတွင်း အချင်းချင်း​ကို​ချစ်​ရန်​နှင့် ဘုရားသခင်​ကို​ချစ်​ရန် ကူညီ​ပေး​မည်​ဆိုလျှင် သင်၏​မိသားစု​ဘဝ​သည် တိုးတက်လာ​ပါ​လိမ့်​မည်။

သို့​ဆိုလျှင် မိဘ​အခွင့်အာဏာကို အသုံးပြုခြင်း​နှင့်​ပတ်သက်​၍​ကော ဘုရားသခင့်​နှုတ်မြွက်​စကားတော်​က အဘယ်​သို့​ဆို​သနည်း။

[စာမျက်နှာ ၄ ပါ အကျဉ်း​ဖော်ပြချက်]

“မေတ္တာသည် . . . လုံးဝ​စည်းလုံး ညီညွတ်​စေ​သတည်း။”—ကောလောသဲ ၃:၁၄၊ ခ​မ။