အသက် ဤတွင် မည်သို့ရောက်ရှိလာသနည်း—ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော
အသက် ဤတွင် မည်သို့ရောက်ရှိလာသနည်း—ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော
အက်စ်တိုးနီးယားနိုင်ငံတွင် ယေဟောဝါသက်သေများသည် ကျောင်းအုပ်ကြီးများနှင့်ဆက်သွယ်ကာ အထက်ပါစာအုပ်ကို ပြသခဲ့ကြသည်။ သမ္မာကျမ်းစာသွန်သင်ပေးသူတစ်ဦးက ဤသို့ပြောပြ၏– “ကျွန်တော်တို့မြို့မှာရှိတဲ့ ရုရှားစကားပြောကျောင်းတွေအားလုံးကို လည်ပတ်ခဲ့ကြတယ်။ ကျောင်းတစ်ကျောင်းစီမှာ ဇီဝဗေဒဘာသာပြဆရာတစ်ဦးစီအတွက် အနည်းဆုံး တစ်အုပ်တော့ယူထားကြတယ်။ ဒါပေမဲ့ ကျောင်းအများစုကတော့ ၁၅ အုပ်ကနေ အုပ် ၄၀ ကြား တောင်းခံကြတယ်။”
ကျောင်းတစ်ကျောင်း၏ ကျောင်းအုပ်ဆရာမကြီးသည် ကျေးဇူးတင်လေးမြတ်မှုဖြင့် ဤသို့စာရေးခဲ့သည်– “ဖန်ဆင်းခြင်းကိုထောက်ခံတဲ့ အဆိုပြုချက်တွေအတွက် ရှင်းလင်းတဲ့ သိပ္ပံဆိုင်ရာအချက်အလက်တွေကို ကျွန်မစွဲမှတ်သွားတယ်။ အကြောင်းအရာတွေက ခိုင်လုံပြီး လှပတဲ့ရုပ်ပုံတွေပါတယ်။ ဒီစာအုပ်တွေကို စာသင်ခန်းမှာသုံးဖို့ မျှော်လင့်နေပါတယ်။”
ပူးတွဲပါကူပွန်ကို ဖြည့်စွက်ကာ ဖော်ပြထားသည့်လိပ်စာ သို့မဟုတ် ဤမဂ္ဂဇင်း၏ စာမျက်နှာ ၅ တွင်ပါသော သင့်လျော်ရာလိပ်စာသို့ စာတိုက်မှပေးပို့၍ ၂၅၆ မျက်နှာရှိ ဤစာအုပ်ကို (အင်္ဂလိပ် သို့မဟုတ် တရုတ်ဘာသာစကားဖြင့်) သင် မှာယူနိုင်ပါသည်။
□ ဤတွင်ဖော်ပြထားသောစာအုပ်ကို မေတ္တာလက်ဆောင်ရလိုပါသည်။
□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှု ပြုလိုပါသဖြင့် ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။