မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့​ဖြစ်ရပ်​အကဲခတ်

၂၀၀၆ ခုနှစ်​သည် “မှတ်တမ်းအရ အပူ​ဆုံး​နှစ်များ​၏ ဆဋ္ဌမ​နေရာသို့ ရောက်ရှိ​သွား​ဖွယ်​ရှိ​မည်။” လွန်ခဲ့သော ၁၂ နှစ်​အတွင်း​တွင် အပူ​ဆုံး​နှစ် ဆယ်​ကြိမ်​ရှိခဲ့​၏။—ကမ္ဘာ့ မိုးလေဝသ​နှင့်​ရာသီဥတု​အဖွဲ့။

ခွေးရူးပြန်​ရောဂါ​ပြန့်ပွားမှု​ကို ထိန်းချုပ်​ရန် ပေကျင်း ပြည်​သူ့​လုံခြုံရေး ဗျူရို​က တစ်အိမ်​ထောင်​လျှင် “ခွေး တစ်ကောင်” ဟူသော​မူဝါဒ​ကို ကြေညာ​ခဲ့​သည်။ ၂၀၀၄ ခုနှစ်​တွင် တရုတ်​ပြည်​၌ လူပေါင်း ၂,၆၆၀ ခန့်​သည် ခွေးရူးပြန်​ရောဂါ​ဖြင့် သေဆုံး​ခဲ့​၏။—ရှင်​ဟွာ​အွန်လိုင်း၊ တရုတ်။

ဟိုတယ်​အခန်း​များ​ရှိ တံခါး​လက်ကိုင်၊ မီးအိမ်၊ တယ်လီဖုန်း​နှင့် တီဗွီ​အဝေး​ထိန်း​ခလုတ်​များ​ကို ထိတွေ့​ကိုင်တွယ်​သော​ဧည့်သည်​များသည် “အအေး​မိ​ရောဂါ ကူးစက်​နိုင်​သည့် အခွင့်အလမ်း ၅၀%” ရှိသည်။—MACLEAN’S မဂ္ဂဇင်း၊ ကနေဒါ။

အမေ​ဇုန်​မှ အင်းဆက်ပိုး​များ​ကို ရေတွက်ခြင်း

အင်းဆက်​ပိုးမွှား​များ​ကို​လေ့လာ​သည့် သတ္တဗေဒ​ပညာရှင်​များသည် အမေ​ဇုန်​မိုးသစ်တော​ရှိ အင်းဆက်ပိုး​မျိုးစိတ်ပေါင်း ၆၀,၀၀၀ ကျော်​အထိ​ကို အမျိုးအစား​ခွဲခြား​ပြ​ခဲ့​ကြသည်။ ဖို​ယာ​အွန်လိုင်း​အရ အမျိုးအစား​မခွဲခြား​ရ​သေး​သည့် မျိုးစိတ်ပေါင်း​မှာ ၁၈၀,၀၀၀ ရှိသည်​ဟု ခန့်မှန်း​ရသည်။ လက်ရှိ​တွင် ယင်း​နယ်ပယ်​၌ အလုပ်လုပ်​နေကြ​သော ပိုးမွှားဗေဒ​ပညာရှင် ၂၀ ခန့်​ရှိ၏။ မကြာသေးမီ​က စာရင်းအင်း​များ​အရ ဤ​ပညာရှင်​များသည် တစ်နှစ်​လျှင် ပျမ်းမျှ မျိုးစိတ် ၂.၇ မျိုးကို အမျိုးအစား ခွဲခြား​ဖော်ပြ​ကြသည်​ဟု​ဆို​၏။ ဤ​နှုန်း​အရဆိုလျှင် ပိုးမွှားဗေဒ​ပညာရှင်​များ​၏ မျိုးဆက် ၉၀ သည် တစ်​ဦးလျှင် ၃၅ နှစ်​စီ​လုပ်ဆောင်​မှ သို့​မဟုတ် အနှစ် ၃,၃၀၀ ခန့်​ကြာ​မှ အမျိုးအစား​ခွဲခြား​မှု​လုပ်ငန်း​စဉ် ပြီးစီး​မည်​ဖြစ်သည်။

စွမ်းအင်​ရှားပါးမှု

“ခန့်မှန်းခြေ​အရ လူ ၁.၆ ဘီလီယံ—လူသား​အားလုံး​၏​လေး​ပုံ​တစ်​ပုံ​ခန့်—သည် လျှပ်စစ်မီး​မရရှိ​ကြ​ဘဲ ၂.၄ ဘီလီယံ​မှာ ချက်ပြုတ်ရေး​နှင့် အပူဓာတ်​အတွက် မီး​သွေး၊ နွား​ချေး သို့​မဟုတ် ထင်း​ကို​သာ အဓိက​အားထား​နေရ​သည်” ဟု ယူအဲန် ပတ်ဝန်းကျင်​ထိန်းသိမ်းရေး​အစီအစဉ်​မှ ထုတ်ဝေ​သော Our Planet ဟူ​သည့်​မဂ္ဂဇင်းက ဖော်ပြ​သည်။ ဤ​လောင်စာများ​မှ ထွက်​ရှိသော​မီးခိုး​များ​ကြောင့် တစ်နှစ်​လျှင် အမျိုးသမီးနှင့်​ကလေး နှစ်​သန်း​ခွဲခန့်​သေဆုံး​သည်။

ထိခိုက်​နစ်နာ​စေသော​အွန်လိုင်း

အွန်လိုင်း​အဖွဲ့အစည်း​ဝက်ဘ်ဆိုက်​သည် လူ​တို့အား အင်တာနက်​မှ​တစ်ဆင့် သူစိမ်း​များနှင့် ဆက်သွယ်​ခွင့်​ရစေ​ပြီး လူအများ​၏ နှစ်သက်​လက်ခံမှုကို ပို​၍​ရရှိစေ​သည်​ဟု အဆို​ရှိ၏။ ဤ​ဆိုက်များ​သည် လူမျိုးရေး​စိတ်ဓာတ်​ပြင်းထန်​သူများ၊ စပ်စု​သူများ၊ မလိုမုန်းထား​စိတ်​ရှိသူ​များနှင့် “လူလိမ်​များ ကျက်စား​သည့်​ကမ္ဘာ” ဖြစ်​ကြောင်း ဖို​ယာ​အွန်လိုင်း က​ဆို​၏။ ဆိုက်​အသုံးပြုသူ​အချို့​သည် မိမိတို့၏​ကိုယ်ရေး​ရာဇဝင်​ကို လိမ်လည်​ဖော်ပြ​ကြသည်။ အချို့​မှာ အဝ​လွန်​သူများ၊ အရပ်​ပု​သူများ၊ ဆံပင်​ကောက်​သူများ စ​သော​သူတို့ကို အနှောင့်အယှက်​ပေး​ကြသော​ကြောင့် ထို​သူတို့​အတွက် အကြီးအကျယ် စိတ်​နာကြည်း​စ​ရာ​ဖြစ်​ရလေ​သည်။ ဘရာဇီး​စိတ်​ပညာရှင် အီဗယ်လီဇီဖော်တင်မ်​၏​အဆို​အရ အနှောင့်အယှက်​ပေး​ခံရ​သူများ​အတွက် “[ဝက်ဘ်ဆိုက်​များ] တွင်​ဖြစ်ပျက်​ရာ​များသည် နေ့စဉ်​ဘဝတွင်​ဖြစ်ပျက်​ရာ​များ​ထက် ပို​၍​အရေးပါ” သောကြောင့် ဤသို့ ဖြစ်​ရခြင်း​ဖြစ်သည်။

ရှေးခေတ် နက္ခတ်​ဗေဒ​သုံး​ဂဏန်း​တွက်စက်

ဂရိ​ကျွန်း အဲ​န်​ဒီ​ကီ​သီ​ရာ​တွင် ပင်လယ်ရေ​မြှုပ်​ကောင်​ငုပ်​သူများ​သည် ၁၉၀၁ ခုနှစ်​၌ နှစ်မြှုပ်​သွားသော ရှေး​ရောမ​သင်္ဘော​ပျက်​မှ ဆွေးမြည့်​နေသည့် ရှေးဟောင်း​ပစ္စည်း​တစ်ခု​ကို ဆယ်ယူ​ခဲ့​ကြသည်။ ယင်း​ပစ္စည်း​သည် ဘီစီ ဒုတိယ​ရာစု​မှ အလွန်​ဆန်းပြား​ရှုပ်ထွေး​လှ​သော နက္ခတ်​ဗေဒ​သုံး​ဂဏန်း​တွက်စက်​ဖြစ်သည်ဟု သတ်မှတ်​ခဲ့​ကြ​၏။ မကြာသေးမီ​က “အဲ​န်​ဒီ​ကီ​သီ​ရာ စက်ပစ္စည်း” ကို​လေ့လာ​သော သိပ္ပံ​ပညာရှင်​များသည် ပုံရိပ်​ပြတ်သား​သည့် ပုံဖော်​အိတ်စ်ရေး​ကို​အသုံးပြုခြင်း​ဖြင့် သစ်သား​ဘူး​အတွင်းမှ ကြေးညို​ဖြင့်​လုပ်ထား​သော​ခွေးသွားစိပ် အနည်းဆုံး ၃၀ ကို​တွေ့ရှိ​ခဲ့​ကြသည်။ ဤ​ကိရိယာ​သည် နေ​နှင့်​လ​၏ တည်နေရာ​ကို တိတိကျကျ​သတ်မှတ်​ပေး​နိုင်​ပြီး လ​ကြ​တ်​ခြင်း​နှင့် နေကြ​တ်​ခြင်း​ကို ကြိုတင်​ခန့်မှန်း​နိုင်​သည်။ Nature မဂ္ဂဇင်း​အရ အဆိုပါ​စက်ပစ္စည်း​သည် ယင်းကို​တီထွင်​ပြီး​နောက် “အနည်းဆုံး အနှစ်​တစ်ထောင်​အတွင်း​တွင် ပေါ်​ပေါ်​က်​ခဲ့​သော မည်သည့်​ကိရိယာ​ထက်​မဆို နည်း​ပညာ​အရ ပို​၍​ရှုပ်ထွေး​သည်။”