“လူတိုင်းသာ ဖတ်မယ်ဆိုရင် အရမ်းကောင်းမှာပဲ!”
“လူတိုင်းသာ ဖတ်မယ်ဆိုရင် အရမ်းကောင်းမှာပဲ!”
အထက်ပါစာကို ရေးသားသူသည် ယေဟောဝါထံချဉ်းကပ်လော့ စာအုပ်ကို ရည်ညွှန်းနေခြင်းဖြစ်၏။ “အခုဆိုရင် ယေဟောဝါရဲ့ မေတ္တာတော်ကို ရှင်းရှင်းလင်းလင်း သိမြင်လာတယ်။ တခြားသူတွေအပေါ် ကျွန်မ အရင်ကထက်ပိုပြီးမေတ္တာပြမယ်။” နောက်စာရှုသူ တစ်ဦးကလည်း ကျေးဇူးတင်စွာဖြင့် ဤသို့ရှင်းပြသည်– “ဒီစာအုပ်ကို ကျွန်မ ဘယ်လောက်ကြိုက်တယ်၊ ဘယ်လောက်အကျိုးရရှိ ခဲ့တယ်ဆိုတာကို မပြောပြတတ်အောင်ပါပဲ။ . . . ဖတ်လေ ပိုပြီး အားရှိလာလေပဲ။”
ယေဟောဝါထံချဉ်းကပ်လော့ စာအုပ်တွင် အဓိကအပိုင်းလေးပိုင်းဖြင့် ဘုရားသခင်၏ အဓိကဂုဏ်ရည်တော်များဖြစ်သော တန်ခိုးတော်၊ တရားမျှတမှု၊ ဉာဏ်ပညာနှင့် ချစ်ခြင်းမေတ္တာအကြောင်းကို ဆွေးနွေးထားသည်။ “ဒီစာအုပ်က ကျွန်မရဲ့ကောင်းကင်ခမည်းတော်ရဲ့ ထူးမြတ်တဲ့ဂုဏ်ရည်တော်တွေကို သိမြင်လာအောင် ကျွန်မကို ကူညီပေးခဲ့တယ်။ ကျွန်မရဲ့အသက်တာမှာ ကိုယ်တော်ရဲ့ဝိညာဉ်တော်ကို လွှမ်းမိုးခွင့်ပြုမယ်ဆိုရင် ကိုယ်တော်ရဲ့ဂုဏ်ရည်တော်တွေကို တုပနိုင်တယ်ဆိုတာကိုလည်း ကျွန်မ သဘောပေါက်အောင် ကူညီပေးခဲ့တယ်” ဟု စာရှုသူ တစ်ဦးက ရှင်းပြသည်။
ပိုလန်နိုင်ငံမှ အမျိုးသမီးငယ်တစ်ဦးဖြစ်သည့် ယိုအဲနာ က အခန်း ၂၆၊ “‘ခွင့်လွှတ်ရန်အသင့်ရှိ’ တော်မူသောဘုရားသခင်” အကြောင်းလေ့လာပြီးနောက် ဤသို့ပြောသည်– “ဒီစာအုပ်ထဲမှာပါတဲ့ သတင်းစကားတွေကို အဖိုးတန်ရတနာအဖြစ် ကျွန်မယူမှတ်တယ်။ ကျွန်မဘဝအတွက် မရှိမဖြစ်လိုအပ်တဲ့အရာကို ရှာတွေ့လိုက်သလိုပါပဲ။”
သင်လည်း စာမျက်နှာ ၃၂၀ ရှိသော ဤစာအုပ်မှ တန်ဖိုးရှိသည့်အကူအညီနှင့် နှစ်သိမ့်မှုကိုရရှိမည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။ ပူးတွဲပါကူပွန်ကို ဖြည့်စွက်ကာ ကူပွန်ပေါ်တွင်ဖော်ပြထားသည့်လိပ်စာ သို့မဟုတ် ဤမဂ္ဂဇင်း၏စာမျက်နှာ ၅ တွင်ပါသော သင့်လျော်ရာ လိပ်စာသို့ စာတိုက်မှပေးပို့ ၍ ဤစာအုပ်ကို တရုတ်၊ တယ်မီလ်၊ အင်္ဂလိပ်ဘာသာစကားတို့ဖြင့် သင် မှာယူနိုင်ပါသည်။
□ ဤတွင်ဖော်ပြထားသောစာအုပ်ကို မေတ္တာလက်ဆောင်ရလိုပါသည်။
□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှု ပြုလိုပါသဖြင့် ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။