မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယင်းက ကျောင်းသင်ခန်းစာ တင်ဆက်မှုအတွက် အထောက်အကူပြုခဲ့

ယင်းက ကျောင်းသင်ခန်းစာ တင်ဆက်မှုအတွက် အထောက်အကူပြုခဲ့

ယင်းက ကျောင်း​သင်ခန်းစာ တင်ဆက်မှု​အတွက် အထောက်အကူ​ပြု​ခဲ့

ဂျာမနီ​နိုင်ငံ​မှ သက်​မွေး​ပညာ​သင်​ကျောင်း​တစ်​ကျောင်းတွင် နိုင်ငံ​ရပ်​ခြား​မှ​လာသော​ကျောင်းသူ​ကျောင်းသား အမြောက်အမြား​ရှိသည်။ ၎င်းတို့သည် ဂျော်ဂျီယာ၊ တောင်​အာဖရိက၊ ပိုလန်၊ ပြင်သစ်၊ ဗီယက်နမ်၊ ယခင်​ယူ​ဂို​ဆ​လား​ဗီး​ယား၊ ယူကရိန်း၊ ရုရှား၊ လက်ဘနွန်​နှင့် အိန္ဒိယ​နိုင်ငံ​တို့​မှ​ဖြစ်သည်။

ကျောင်းသူ​တစ်ဦး​က ဤသို့​ရေး​သည်– “ကျောင်း​သင်ခန်းစာ​တင်ဆက်မှု​အတွက် အခွင့်အရေး​ပေါ်လာ​လို့ ကျွန်မ စေတနာ့​ဝန်ထမ်း​လုပ်လိုက်တယ်။ လူငယ်များ​အမေး—တာသွား​သည့်​အဖြေ ဆို​တဲ့​စာအုပ်​ကို​အခြေခံ​ပြီး ‘လူငယ်များ​အမေး​အတွက် လက်တွေ့ကျ​အဖြေ​များ’ ဆို​တဲ့​အကြောင်းအရာကို ကျွန်မ​ရွေး​လိုက်တယ်။ စာအုပ်​မှာပါတဲ့ အကြောင်းအရာနဲ့ အကြံပြုချက်​ကောင်း​တွေ​ကို ကျောင်းသား​တွေ သဘောကျ​သွားတယ်။

“ကျွန်မ​ရဲ့​တင်ဆက်မှု​ပြီးသွား​တဲ့​အခါ ကျောင်းသား​တွေ​က ကျယ်ကျယ်လောင်လောင် ဩ​ဘာ​ပေး​ပြီး ကျေးဇူး​တင်​လေးမြတ်​ကြောင်း ဖော်ပြ​ကြတယ်။ သူတို့​အားလုံး​ဟာ ဘာသာ​စကား​တွေ​ကို သင်ယူ​နေလို့ အင်္ဂလိပ်စာ​ကို ကောင်းကောင်း​နားလည်​တဲ့​အတွက် သူတို့ကို အင်္ဂလိပ်​လို လူငယ်များ​အမေး စာအုပ် ၃၀ ဝေငှ​နိုင်​ခဲ့​ပြီး ဆရာမ​ကိုလည်း ဂျာမန်​လို တစ်အုပ်​ပေး​လိုက်တယ်။”

နောက်​နေ့​များ​တွင် ဤ​ကျောင်းသူ​သည် အတန်းသား​အချို့​နှင့် ကျမ်းစာ​အကြောင်း ဆက်​ဆွေးနွေး​ခဲ့​ပြီး ၎င်း​တို့​က စိတ်ဝင်တစား​တုံ့ ပြန်​ခဲ့​ကြ​၏။ သူသည် ကျောင်းသား​များ​အား ဂျော်ဂျီယာ၊ စပိန်၊ ပိုလန်၊ ဗီယက်နမ်၊ ဘင်​ဂါ​လီ၊ ရုရှား​နှင့် အာရဗီဘာသာစကား​တို့​ဖြင့်​ထုတ်ဝေ​သော ကျမ်းစာ​အခြေပြု​စာပေ​များ​ကိုလည်း ဝေငှ​ခဲ့​သည်။

လူငယ်များ​အမေး စာအုပ်​မှ​အကျိုး​ရရှိနိုင်​မည့် လူငယ်​တစ်ဦးဦး​ကို သင်​သိ​ပေမည်။ ယင်း​စာအုပ်​၏ အခန်း ၃၉ ခန်း​တွင် “မိတ်ဆွေစစ် ဘယ်လို​ဖွဲ့​နိုင်​မလဲ၊” ‘လက်မထပ်ခင် လိင်မှု​ကိစ္စ​ပြု​တာ​ကို ဘယ်လို​ပြော​မလဲ’ နှင့် “အချစ်စစ်၊ အချစ်​မှန်​ဖြစ်​မှန်း ငါ​ဘယ်လို​လုပ် သိနိုင်​မလဲ” စ​သော​အကြောင်းအရာများ​ပါဝင်​သည်။ သင်သည် ပူးတွဲ​ပါ​ကူပွန်​ကို​ဖြည့်​၍ အောက်တွင်​ဖော်ပြ​ထားသော​လိပ်စာ သို့​မဟုတ် ဤ​မဂ္ဂဇင်း​၏ စာမျက်နှာ ၅ ပါ​သင့်လျော်ရာ​လိပ်စာ​သို့ စာတိုက်​မှ​ပေး​ပို့​ကာ တစ်အုပ်​မှာ​ယူ​နိုင်​ပါ​သည်။

□ ဤ​တွင်​ဖော်ပြ​ထားသော​စာအုပ်​ကို မေတ္တာ​လက်ဆောင်​ရ​လို​ပါ​သည်။

□ အခမဲ့​အိမ်တွင်း​ကျမ်းစာ​သင်အံမှု ပြု​လို​ပါ​သဖြင့် ကျေးဇူးပြု​၍ ကျွန်ုပ်​နှင့်​ဆက်သွယ်​ပါ။